home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာအချို့

ဘေဘီအတွက် အရာရာကိုစိုးရိမ်တတ်တာကမေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက်မေမေဖေဖေတို့စိတ်ပူမိနေတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ဘေဘီလေးရဲ့ ဆီးသွားတာနဲ့ပတ်သက်လို့ပြောပါရစေနော်။

ဘေဘီလေးတွေက ဆီးခဏဏသွားတတ်လား

ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏသွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ဆီးအိမ်ကြွက်သားကအပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏသွားနိုင်ပါတယ်။ မိခင်နို့သောက်တဲ့ ကလေးတွေထက် နို့ဘူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။မွေးစကလေးက နို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုးဖြစ်နိုင်ပါတယ်နော်။

ကလေးကမွေးစမှာ ဆီးမသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိခင်နို့ကို ပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်ကကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။

ကလေးရဲ့ ဆီးအရောင်ကဘယ်လိုပြောင်းလာမလဲ

  • မွေးပြီး ပထမနေ့မှာ ကလေးဆီးအရောင်က ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။
  • မွေးပြီး ဒုတိယနေ့မှာ ကလေးဆီးအရောင်က လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးပြောင်းလာပါမယ်။
  • မွေးပြီး တတိယနေ့မှာ ကလေးဆီးအရောင်က အဝါရောင်တောက်တောက် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်နိုင်ပါတယ်။
  • မွေးပြီး စတုတ္ထနေ့မှာ ကလေးဆီးအရောင်က သံပရာခွံရောင်တောက်တောက်လေးဖြစ်နိုင်ပါတယ်။
  • မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ ဆီးအရောင်က အဝါရောင်ဖျော့ဖျော့လေးဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေက ဘယ်လောက်တစ်ကြိမ်ဆီးသွားတတ်လဲ

  • မွေးပြီး ပထမနေ့မှာ တစ်နေ့တာအတွင်း တစ်ကြိမ်ဆီးသွားပါမယ်။
  • မွေးပြီး ဒုတိယနေ့မှာ တစ်နေ့တာအတွင်း နှစ်ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။
  • မွေးပြီး တတိယနေ့မှာ တစ်နေ့တာအတွင်း ၃ ကြိမ်ခန့်ဆီးသွားနိုင်ပါတယ်။
  • မွေးပြီး စတုတ္ထနေ့မှာ တစ်နေ့တာအတွင်း ၄ ကြိမ်လောက်ဆီးသွားနိုင်ပါတယ်။
  • မွေးပြီး ပဉ္စမမြောက်နေ့မှာတော့ တစ်နေ့တာအတွင်း ၆ ကြိမ် ကနေ ၈ ကြိမ်လောက်အထိဆီးသွားနိုင်ပါတယ်။

ဘေဘီလေးဘာကြောင့် ဆီးမသွားတာလဲ

ဘေဘီလေးက ဆီးမသွားတာဟာ မိခင်နို့မဝတာကြောင့်ဖြစ်နိုင်ပါတယ်။ဘောင်းဘီ သားရေကြိုးကျပ်ကျပ်ဝတ်ပေးမိတဲ့အခါမှာလည်း ဘေဘီလေးတွေက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ရေသောက်သုံးမှုပမာဏ၊ အဖျားရှိနေတာ၊ ဝမ်းလျှောနေတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေအပြင် ဆီးလမ်းကြောင်းပိုးဝင်တာကျောက်ကပ်ထိခိုက်တာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။

စိုးရိမ်ရမယ့်အခြေအနေတွေ

ကလေးက ဆီးသွားတဲ့အကြိမ်ရေ တိုးမလာဘူးဆိုရင်

ကလေးက အရွယ်ရလာတာနဲ့အမျှ ဆီးသွားတဲ့အကြိမ်ရေတိုးလာရပါမယ်။ ဒီလိုတိုးမလာဘူး။ တစ်နေ့ကို ၆ ကြိမ်တောင် ဆီးမသွားဘူးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ပါနော်။

ဆီးသွားတဲ့အခါနာကျင်နေမယ်ဆိုရင်

ကလေးကဆီးသွားတိုင်းငိုနေမယ်၊ ဆီးသွားတိုင်း မသက်မသာဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

ဆီးအရောင်ရင့်နေမယ်ဆိုရင်

ကလေးရဲ့ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေမယ်ဆိုရင် ကလေးကရေသောက်နည်းနေတာဖြစ်နိုင်ပါတယ်။ မွေးစအရွယ်မှာတော့ မိခင်ကရေများများသောက်ပြီး ကလေးကိုနို့များများတိုက်ပေးပါ။

ဆီးသွားရင်းသွေးပါမယ်ဆိုရင်

ပုံမှန်အားဖြင့်ကတော့ မီးမီးလေးတွေမှာ ဖြစ်တတ်ပါတယ်။ မွေးပြီးသိပ်မကြာခင်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။

ဘေဘီလေးကို ဆီးပုံမှန်သွားစေဖို့ဆိုရင် ဆီးတည်ပေးရပါမယ်။ အိပ်ရာကနိုးလာတဲ့အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် သိပ်ခါနီးမှာဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်ကရေဓာတ်လုံလောက်အောင်လုပ်ပေးဖို့ပါ။ အဝတ်အစားတွေကိုလည်း သက်တောင့်သက်သာချောင်ချောင်ချိချိဝတ်ပေးဖို့လည်းမေ့လို့မဖြစ်ပါဘူးနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

HOW OFTEN SHOULD A NEWBORN PEE? NEWBORN URINE OUTPUT, FREQUENCY, COLOR & WHEN TO WORRY!https://www.easybabylife.com/how-often-should-a-newborn-pee.html Accessed Date 19 March 2019

Newborn Not Peeing, Is This Normal?https://momwoot.com/newborn-not-peeing/ Accessed Date 19 March 2019

Baby is not peeing!https://community.babycenter.com/post/a35891170/baby_is_not_peeing Accessed Date 19 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။