backup og meta

ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ။   ။

    အစာမကြေ ေလထိုးလေအောင့်ဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး ။ ကလေးတွေမှာလည်း အဖြစ်များပြီး တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေဆို ဘယ်နေရာက ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြတတ်ပေမယ့် ကလေးကျတော့ ဗိုက်ထဲက တစ်နေရာရာ မသက်သာရင် ဘယ်လိုခံစားနေရလဲဆိုတာကို သေသေချာချာ မပြောနိုင်တဲ့အတွက် ဂျီကျလိုက်၊ ငိုလိုက်လုပ်နေရင် မေမေတို့ပဲ စိတ်ညစ်ရပါတယ်။ ။

    အစာမကြေခြင်းဆိုတာဘာလဲ။ ။

    ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်နေတာမျိုး မကြာခဏခံစားဖူးမှာပါ။ ဗိုက်ကလည်း ပြည့်အင့်နေပြီး အီလည်လည်ပါဖြစ်နေပြီဆို ဒါ အစာမကြေတာပါပဲ။ အစာမကြေခြင်းဟာ တခါတလေမှာ

    • GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊
    • အစာအိမ်အူအနာ
    • သည်းခြေရာဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။

    ဘာကြောင့်အစာမကြေဖြစ်ရသလဲ ။ ။

    ပုံမှန်အားဖြင့် စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် စားလိုက်မိတဲ့ အရာတွေကို အက်ဆစ်က ချေဖျက်ဖို့ ခက်ခဲနေတဲ့ အခါမျိုး၊ အပေါ်မှာပြောထားတဲ့ ရောဂါတွေခံစားနေရတဲ့ ခါမျိုးဆို အစာမကြေတာ ပိုဖြစ်လွယ်ပါတယ်။

    ဘယ်လိုအစားအစာတွေက ကလေးတွေကို အစာမကြေဖြစ်စေတာလဲ။ ။

    အစာခြေစနစ်ဆိုတာ ခုခံအားနဲ့ ဆက်စပ်နေတဲ့ အရာဖြစ်တဲ့ အတွက် အစာခြေစနစ် ကျန်းမာပါမှ ခုခံအားကောင်းပြီး ကလေးလည်း ကျန်းမာမှာပါ။ ဒါကြောင့် အစာခြေစနစ်ကို ပြဿနာရှာနိုင်တဲ့ အစာမကြေဖြစ်စေမယ့် အစားအသောက်တွေကို အစကတည်း ကလေးကိုရှောင်ကျွေးနိုင်ရင် အကောင်းဆုံးပါ။ မေမေတို့အနေနဲ့ ဘယ်လိုအစားအသောက်တွေက အစာမကြေဖြစ်စေတတ်လဲဆိုတာကို သိထားဖို့တော့လိုတာပေ့ါ။ ။

    • အဆီများတဲ့ အစားအသောက်တွေ။ ။

    အဆီများတဲ့ အစားအသောက်ေတွကို ချေဖျုက်ဖို့အတွက် အစာအိမ်ထဲက အက်ဆစ်က အချိန်ကြာကြာယူရပါတယ်။ ဒါ့အပြင် အဆီတွေဟာ အစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားတွေကို အားလျော့စေတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ပြန်ဆန်တက်လာပြီး အစာမကြေ ရင်ပူတာတွေ စဖြစ်ပါတော့တယ်။ ဒါကြောင့် အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်မုန့်တွေ၊ ခရင်မ်တွေ၊ ဒိန်ခဲတွေ၊ နဲ့ အသင့်စားသရေစာတွေကလေးကို အများကြီး မကျွေးတာ အကောင်းဆုံးပါ။

    • ကစီဓါတ်များတဲ့ အစားအသောက်တွေ။ ။

    ထမင်းဖြု၊ ကောက်ညှင်း၊ ပေါင်မုန့်ဖြူ၊ အာလူး၊ ပြောင်းဖူးတို့မှာပါတဲ့ ကစီဓါတ်ေတွမှာ polysaccharides လို့ခေါ်တဲ့ အစာချေရခက်တဲ့ ဓါတ်ပေါင်းတွေပါတာကြောင့် အစာမကြေ လေထိုးလေအောင့်နဲ့ ရင်ပူတာတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ကလေးတွေကို ကစီဓါတ်များတဲ့ အစားအသောက်တွေ အများကြီးမကျွေးမိပါစေနဲ့။

    • ချဉ်ပြီး အက်ဆစ်ဓါတ်များတဲ့ အသီးတွေ။ ။

    အစာအိမ် အချဉ်ဓါတ်ကို ပိုပေါက်စေတဲ့ ချဉ်တဲ့ အသီးတွေ အထူးသဖြင့် ခရမ်းချဉ်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီးတို့ကို ကလေး ဗိုက်ထဲဘာမှ မရှိတဲ့ အချိန် သွားမကျွေးပါနဲ့။ ကလေးတွေ လေအောင့်ပြီး ရင်ပူတာမျိုးတွေ ဖြစ်တတ်လို့ပါ။

    • ကဖင်းဓါတ်ပါတဲ့ စားစရာများ။ ။

    ကဖင်းဓါတ်ေတွဟာ အစာအိမ်ရဲ့ အက်ဆစ်ဓါတ်ကို ပိုထွက်စေပါတယ်။ ဒါ့အပြင် ကဖင်းဓါတ်က အစာရေမျိုပြွန်ရဲ့ အထိန်းကြွက်သားကို အားလျော့စေတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကိုပြန်ဆန်တက်စေပါတယ်။ ဒါကြောင့် ရင်တွေပူပြီး အစာအိမ်ထဲလဲ အက်ဆစ်တွေအလုံအလောက် မရှိတော့တဲ့အတွက် အစာချေအားပါ လျော့သွားပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်ဆိုတာ ကလေးတစ်ယောက် မသောက်သင့်သေးတဲ့ စားစရာတွေပါ။

    • အချိုကဲတဲ့ အစားအသောက်တွေ။ ။

    အပြင်က သရေစာမုန့်တွေမှာပါတဲ့ sorbitol လို့ခေါ်တဲ့ သကြားဓါတ်တွေ အများကြီးပါပါတယ်။ ဒီ sorbitol ဟာ အစာအိမ်ကို လေထစေပြီး အက်ဆစ်တွေကို ပိုထွက်စေတတ်လို့ ကလေးတွေကို အချိုကဲတဲ့ သရေစာတွေ မကျွေးတာ အကောင်းဆုံးပါ။ ။

    ကလေးတွေရဲ့ အူ၊ အစာအိမ်ဆိုတာ အရမ်းကိုနုနယ်တဲ့အတွက် တစ်ခုခုမှားသွားတာနဲ့ ကလေးမှာ အကြီးကြီးထိခိုက်နိုင်ပါတယ်။ အူတွေ ၊ အစာအိမ်တွေကို ထိခိုက်နိုင်တဲ့ အရာတွေဆိုတာကလည်း အစားအသောက်တွေကလွဲရင် အခြားမရှိနိုင်ပါဘူး။ ဒါကြောင့် အစားအသောက်ပြင်ဆင်ပေးတဲ့ နေရာမှာ မေမေတို့အနေနဲ့ အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement