backup og meta

ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ ဒါတွေကိုလုပ်ပေးပါ

ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ ဒါတွေကိုလုပ်ပေးပါ

ကလေးတွေရဲ့ အစာခြေစနစ်က အစားအစာတွေကို ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ်ပြောင်းလဲပေးပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ အရေးပါတဲ့ စနစ်တစ်ခုပေါ့။ကောင်းမွန်တဲ့ အစာခြေစနစ်က ကျန်းမာဖို့အတွက်အရေးပါတဲ့အချက်တစ်ချက်ပါ။ အစာခြေစနစ်က ရှုပ်ထွေးတဲ့စနစ်တစ်ရပ်ပါ။ ပါးစပ်ကနေစပြီး အစာတွေကိုချေဖျက်ရင်းနောက်ဆုံး စအိုရောက်မှဆုံးသွားတဲ့စနစ်၊ ခန္ဓါကိုယ်တွင်းစနစ်တွေထဲမှာ အရှည်လျားဆုံးပေါ့။ ရှည်လျားသလောက် အလုပ်လည်းများတယ်နော်။ အစာခြေစနစ်ရဲ့ လုပ်ငန်းတာဝန်က အစာခြေရတယ်ဆိုတာထက်ပိုပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းကလည်း အစာခြေစနစ်အပေါ်မှာတည်မှီနေတာပါ။ အကျိုးပြုဘက်တီရီးယားအများစု ကွန်းခိုနေတာကလည်း အစာခြေစနစ်ထဲမှာပါ။ ဒီလောက်ဆိုရင် ဘာကြောင့် အစာခြေစနစ်ကို ကျန်းမာအောင်ထားဖို့လိုတယ်လို့ပြောလဲဆိုတာသိလောက်မယ်ထင်ပါတယ်။

အစာခြေစနစ်ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းများ

အစာခြေစနစ်ထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အစိတ်အပိုင်းတွေက –

ရင်သွေးအစာခြေစနစ်ကျန်းမာဖို့ဆိုရင်

ဒီလောက်အရေးပါတဲ့ အစာခြေစနစ်က ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကလေးငယ်တွေအတွက်ဆိုပိုလို့တောင်အရေးပါမှာပါ။ ဒီတော့ မိမိရင်သွေးအစာခြေစနစ်ကျန်းမာဖို့ ဘာတွေလုပ်ပေးဖို့လိုမလဲ။

အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေပြင်ဆင်ပေးပါ

အစာခြေစနစ်ကျန်းမာဖို့ အရေးပါတဲ့ ဓါတ်တစ်မျိုးပေါ့။ အမျှင်ဓါတ်က အစာချေဖျက်ရာမှာ ပိုမိုလွယ်ကူစေပြီး ဝမ်းပျော့ပျော့သွားစေပါတယ်။ နှစ်နှစ် နဲ့ နှစ်နှစ်အထက်အရွယ် ကလေးတစ်ယောက်အနေနဲ့နေ့စဉ်အမျှင်ဓါတ်ပမာဏ ၅ ဂရမ်နဲ့အထက်လောက်စားပေးသင့်ပါတယ်။ ကလေးစားသုံးမယ့်အစားအစာတွေထဲမှာ အမျှင်ဓါတ်ပါဝင်မှုများတဲ့ သစ်သီးတွေဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊အခွံမာသီးတွေ၊ အစေ့အဆန်တွေကို ထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။

ပမာဏနည်းနည်းနဲ့ အကြိမ်များများကျွေးပေးပါ။

အစာတွေကို တစ်ခါတည်းနဲ့ အများကြီးစားတာက ကလေးရဲ့ အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို ပမာဏနည်းနည်းချင်းစီနဲ့ အကြိမ်ရေများများ စိတ်ရှည်လက်ရှည်ကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ငယ်ငယ်ကတည်းကအစာကြေညက်အောင်ဝါးစားတတ်တဲ့အလေ့အကျင့်မွေးပေးပြီးသားဖြစ်စေမှာပါ။ အစာခြေစနစ်ကျန်းမာဖို့လည်း အထောက်အကူဖြစ်စေမှာပါ။

ပြုပြင်ပြင်ဆင်ထားတဲ့ အစားအစာတွေ မကျွေးပါနဲ့

ပြုပြင်ပြင်ဆင်ထားတဲ့ အစားအစာတွေက ကလေးအစာခြေစနစ်အတွက် မကောင်းပါဘူး။ အသင့်စားပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ အချိုဓါတ်အငန်ဓါတ် နဲ့ပြည့်ဝဆီတွေပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို ငယ်စဉ်ကတည်းက အိမ်မှာပြင်ဆင်ပေးတဲ့ အစားအသောက်တွေကိုပဲကျွေးပေးပါ။ ဒီလိုလုပ်တာက ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့ အထောက်အပံ့ဖြစ်သလို ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုကိုစောင့်ရှောက်ရာလည်းကြပါတယ်။

ရေဓါတ်ပြည့်ဝအောင်ဂရုစိုက်ပါ

ရေဓါတ်က စားလိုက်တဲ့အစားအစာတွေကို အစာခြေစနစ်တလျှောက် ပိုမိုလွယ်ကူစွာစီးဆင်းသွားစေဖို့အတွက် လုပ်ဆောင်ပေးပြီး အစာခြေစနစ်ကျန်းမာဖို့အတွက် အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် ကလေးကိုရေများများတိုက်ပေးပါ။ ကလေးကရေသိပ်မသောက်ချင်ဘူးဆိုခဲ့ရင်ရေထဲကို သစ်သီးလေးတွေ လှီးထည့်ပြီး ကလေးသောက်ချင်လာအောင်လုပ်ပေးပါ။

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပေးပါ

ကလေးရဲ့ အစာခြေစနစ်ကျန်းမာဖို့အတွက်နောက်ထပ်လုပ်ပေးလို့ရတဲ့နည်းလမ်းတစ်ခုက ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းတာပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကလေးကို ကိုယ်ခံအားကောင်းစေသလို ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ အစာခြေစနစ်တလျှောက် အစားအစာတွေအဆင်ပြေပြေစီးဆင်းသွားစေဖို့ အစာခြေစနစ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကင်းအောင်ထားပေးပါ

ကလေးမို့လို့ စိတ်ဖိစီးမှုမရှိဘူးလို့မထင်ပါနဲ့။ ကလေးတွေလည်း သူတို့အရွယ်နဲ့သူတို့ စိတ်ဖိစီးမှုရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ခန္ဓါကိုယ်ကထွက်ရှိလာတဲ့ဟော်မုန်းတွေက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အသက်ရှုလေ့ကျင့်ခန်းလုပ်ခိုင်းတာ၊ တရားမှတ်ခိုင်းတာ၊ အပြင်ထွက်ဆော့စေတာ၊ သူငယ်ချင်းတွေနဲ့ပေးဆော့တာမျိုးလုပ်ပေးပြီး စိတ်ဖိစီးမှုကင်းဝေးတဲ့နေထိုင်မှုကို ဖန်တီးပေးလိုက်ပါ။

ပဋိဇီဝဆေးတွေ အလွန်အကျွံမသုံးပါနဲ့

ကလေးတစ်ခုခုဖြစ်ရင် အစိုးရိမ်ဆုံးက မိဘတွေပေါ့။ တစ်ခါတလေ ကလေးကကိုယ်လေးနွေးတာလောက်နဲ့ စိတ်ပူပြီး ပဋိဇီဝဆေးတွေတိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကိုဆေးမတိုက်ရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အချို့အဖျားလောက်က အစာအာဟာရပြည့်ဝအောင်ကျွေးပြီးပြည့်ပြည့်ဝဝအနားယူလိုက်တာနဲ့တင်ပြန်ကျန်းမာလာမှာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေကို လိုအပ်မှတိုက်ပါ။ မလိုအပ်ဘဲတိုက်ရင် အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ဒီအချက်လေးတွေကို သတိထားရှောင်ကြဉ်ရင်း သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ကို ကျန်းမာအောင်စောင်ေ့ရှာက်လိုက်ပါနော်ဖေဖေမေမေတို့ရေ……

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

SUPPORTING YOUR CHILD’S DIGESTIVE HEALTHhttp://www.abbott.co.uk/live-healthy/thrive/child/improving-your-childs-digestive-health.html Accessed Date 17 October 2018

5 ways to improve your child’s gut healthhttps://www.healthymummy.com/5-ways-improve-childs-gut-health/ Accessed Date 17 October 2018

Digestive Systemhttps://kidsbiology.com/human-biology/digestive-system/ Accessed Date 17 October 2018

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

အစားအသောက်ပြင်ဆင် ပေးမယ့် ဖေဖေမေမေတို့ သိထားသင့်တဲ့အချက်များ



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement