မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့
မွေးကတည်းက ကျန်းမာရေး ပြဿနာ တစ်ခုခု ပါလာတဲ့ ကလေးငယ်လေးတွေဟာ အခြား ကလးငယ်လေးတွေနဲ့ မတူပါဘူး။ အစားအစာကစလို့ နေထိုင်မှု အထိ အသေးစိတ် ဂရုစိုက်ပေးနိုင်မှ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။ ဒီ တစ်ခေါက်တော့ မွေးရာပါ နှလုံးရောဂါ ပါလာတဲ့ ကလေးလေးတွေကို ကျန်းမာနေစေဖို့အတွက် အာဟာရ ပြည့်အောင် ဘယ်လို ကျွေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြား ကျန်းမာတဲ့ ကလေးတွေထက် ကြီးထွားမှု နှေးပါတယ်။ ဥပမာ ပြောပြရရင် မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြားကလေးတွေထက် ပိုပိန်တာ၊ ပိုညှက်တာမျိုး ရှိနိုင်သလို အခြား ကလေးတွေထက်လည်း ထိခိုက်လွယ်ပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန် […]