backup og meta

အိမ်ချက်ကလေးအစားအစာအတွက် လုံခြုံစိတ်ချရမှုဆိုတာဘာလဲ

မိဘတိုင်းက ကလေးကိုဖြည့်စွက်စာကျွေးချိန်မှာ ကလေးတွေအာဟာရဖြစ်ဖို့ ဂရုစိုက်ပြီး ကျွေးလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတော်တော်များများ တခြားအရေးကြီးတဲ့အရာတစ်ခုကို မေ့တတ်ကြတယ်။

ဒါကတော့ အစားအစာလုံခြုံစိတ်ချရမှုပါ။ ကလေးတွေအတွက် အစားအစာပြင်ဆင်ပေးတဲ့အခါမှာ ကျန်းမာသန့်ရှင်းပြီး အကောင်းဆုံးအစားအစာအဖြစ် စိတ်ချရအောင် ဘာလုပ်သင့်ပါသလဲ။

ပါဝင်ပစ္စည်းများကို သေချာရွေးချယ်ပါ။

ဟင်းတစ်ပွဲရဲ့အရည်အသွေးဟာ ပါဝင်ပစ္စည်းအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံဖို့အတွက် တတ်နိုင်သလောက် ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။ လွယ်ကူတဲ့နည်းလမ်းအချို့ရှိပါတယ်။

  • ပတ်ဝန်းကျင်က ရာသီပေါ်အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပါ။ သူတို့မှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ပိုလတ်ဆတ်သလို လွယ်လွယ်ကူကူနဲ့ရနိုင်ပါတယ်။
  • ကိုယ်တိုင်စိုက်ပျိုးတာက အကောင်းဆုံးပါပဲ။ ခရမ်းချဉ်ပင်၊ နံနံပင်၊ ပဲပင်ပေါက်စတာတွေက အချိန်နည်းနည်းနဲ့ လွယ်လွယ်ကူကူစိုက်ပျိုးနိုင် ခူးဆွတ်နိုင်ပါတယ်။
  • အသီးအနှံတွေ ကွဲနေတာ၊ အနာအဆာပါတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ ရှောင်ပါ။
  • ဝယ်မယ့်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်၊ ဘယ်ကလာတယ်၊ ဘယ်မှာစိုက်ပျိုးတယ်ဆိုတာ သိအောင်လုပ်ပါ။
  • အသား၊ ငါး၊ ဥအမျိုးမျိုးကို စူပါမားကတ်မှာဝယ်မယ်ဆိုရင် ကောင်းကောင်းထုတ်ပိုးထားရဲ့လား၊ Labelကပ်ထားရဲ့လားဆိုတာတွေ သေချာရွေးချယ်ဝယ်ယူပါ။

အောက်ဖော်ပြပါပစ္စည်းတွေကို သင့်ကလေးအတွက် ဘယ်တော့မှ ထည့်သွင်းမဝယ်ယူပါနဲ့။

  • အစိမ်းအတိုင်း သို့မဟုတ် ပိုးမသတ်ထားသော နို့ထွက်ပစ္စည်း
  • ပျားရည်(အစာအဆိပ်ဖြစ်စေနိုင်)
  • စည်သွပ်ဘူး
  • သံချေးတက် အပေါက်ဖြစ်နေသော ထည့်စရာတွေနဲ့ တံဆိပ်မကပ်ထားတဲ့ဘူးများ

ကလေးအတွက် အိမ်လုပ်အစားအသောက်ပြင်ဆင်ခြင်း

  • အသားစိမ်းများကို လတ်လတ်ဆတ်ဆတ်ဝယ်ပြီး ဘက်တီးရီးယားပေါက်ဖွားနှုန်းကို ကာကွယ်ဖို့ ရေခဲသေတ္တာထဲကို ထည့်ထားပါ။
  • မီးဖိုချောင်သုံးပစ္စည်းတွေကို ရေနဲ့သာမက ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောပါ။
  • မချက်ပြုတ်မီ လက်ဆေးပါ။ လက်သည်းရှည်ညှပါပါ။ အသားစိမ်းများနဲ့ ဥများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။
  • ရောဂါပိုးတွေကာကွယ်ဖို့ ပါဝင်ပစ္စည်းအလိုက် စဉ့်နှီတုံးအရွယ်အမျိုးမျိုးကိုသုံးပါ။
  • မချက်ပြုတ်မီ ပါဝင်ပစ္စည်းများကို သေချာဆေးကြာထားပါ။
  • မချက်ပြုတ်မီ အစားအစာရဲ့ ဖယ်ထုတ်ပစ်ရသောအပိုင်းအားလုံးကို အကုန်ဖယ်ထုတ်ပါ။ (အစေ့၊ အခွံ၊ အရိုး)
  • ရေခဲသေတ္တာထဲ တစ်ညလုံးထည့်ထားတဲ့အသားများကို microwaveထဲထည့်ပြီး အပူပေးပါ။ အခန်းအပူချိန်နဲ့ အရည်မပျော်စေပါနဲ့။
  • အေးခဲထားတဲ့အစားအသောက်များကို နောက်တစ်ခါ ထပ်အေးခဲမထားသင့်ပါဘူး။
  • ပါဝင်ပစ္စည်းအားလုံးကို ကျက်အောင်ချက်ပါ။ မကျက်တဲ့အစိတ်အပိုင်းမကျန်ရလေအောင် အတိအကျလိုက်နာပါ။

သိမ်းဆည်းခြင်းနဲ့ ထပ်မံအပူပေးခြင်း

  • ကလေးကိုကျွေးပြီး ပန်းကန်ထဲကျန်နေသေးရင် နွေးပြီးထပ်ကျွေးတာမျိုးမလုပ်ပါနဲ့။ ရေခဲသေတ္တာထဲ ထည့်ထားရင်တောင် ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်ပါတယ်။
  • အခန်းအပူချိန်မှာ ချက်ပြီးသားအစားအစာတွေကို ၂နာရီထက်ပိုမထားပါနဲ့။
  • ရေခဲသေတ္တာထဲမှာ အသားနဲ့ဥတွေကို ၂၄နာရီကြာ၊ အသီးအရွက်တွေကို ၄၈နာရီကြာ အများဆုံးထားသင့်ပါတယ်။
  • ကလေးရဲ့အစားအစာကို ပြန်နွေးတဲ့အခါ အတွင်းပိုင်းအပူချိန်ဟာ ၇၄ဒီဂရီ စင်တီဂရိတ် (၁၆၅ဒီဂရီ ဖာရင်ဟိုက်)လောက် ရှိနေပါစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to prepare baby food safely http://www.babycentre.co.uk/a1005425/how-to-prepare-baby-food-safely Accessed January 13, 2017
– Homemade Baby Food – Make it Safely https://www.foodsafety.gov/blog/homemade_babyfood.html Accessed January 13, 2017

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement