ကလေးမှာလိုအပ်တဲ့အာဟာရဓာတ်တွေ မပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 11, 2020 . 3 mins read
Share now

ကလေးမှာလိုအပ်တဲ့အာဟာရဓာတ်တွေ မပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

ကလေးတွေရဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မပါဝင်မှုက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးရွားစွာထိခိုက်စေနိုင်တာကြောင့် အာဟာရချို့တဲ့မှုက ကလေးရဲ့ကျန်းမာရေးအခြေအနေအရပ်ရပ်အတွက် အရမ်းကိုအရေးပါတဲ့အချက်ဖြစ်ပါတယ်။ အဖြစ်များတဲ့ အာဟာရချို့တဲ့မှုက သံဓာတ်ချို့တဲ့တာနဲ့ ဗီတာမင် ဒီ လျော့နည်းတာတွေကြောင့်ဖြစ်ပါတယ်။

သံဓာတ်လျော့နည်းမှုက နေ့စဉ်စားသုံးတဲ့အာဟာရဓာတ်တွေထဲမှာ သံဓာတ်ပါဝင်မှုနည်းပါးတာကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်မှာ သံဓာတ်လျော့နည်းလာတဲ့အခါ အူအတွင်းနံရံကသွေးတွေဆုံးရှုံးမှု၊ ခန္ဓာကိုယ်က Gluten ပရိုတင်းကိုလက်မခံတဲ့ (celiac ရောဂါ)၊Helicobacter pylori infection နဲ့ နာတာရှည်သွေးအားနည်းရောဂါတွေ ခံစားရနိုင်ပါတယ်။

ဗီတာမင် ဒီ ကအစာအိမ်အူလမ်းကြောင်းထဲက ကယ်လ်ဆီယမ်စုပ်ယူမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့မှုက ကလေးတွေမှာ အရိုးပျော့ဝေဒနာကိုခံစားရစေနိုင်တဲ့ hypocalcemia လို့ခေါ်တဲ့ သွေးရည်ကြည်ထဲမှာ ကယ်လ်ဆီယမ်ပါဝင်မှုလျော့နည်းတာနဲ့ hypophosphatemia လို့ခေါ်တဲ့ သွေးတွင်းဖော့ဖရိတ်ဓာတ်လျော့နည်းမှုတွေကိုဖြစ်စေပါတယ်။ ဗီတာမင် ဒီဖြည့်စွက်ပါဝင်နေခြင်းမရှိတဲ့ မိခင်နို့ရည်၊ နေရောင်နဲ့ထိတွေ့မှုနည်းသလို၊ဗီတာမင် ဒီချို့တဲ့ တဲ့မိခင်နို့ရည်ကိုအချိန်ကြာမြင့်စွာသောက်သုံးမှု ကြောင့် ဗီတာမင် ဒီ ချို့တဲ့မှုကိုခံစားရတာဖြစ်ပါတယ်။ ပုံမှန်အနေအထားလို့ယူဆရတဲ့ ကလေးတွေမှာလည်း အာဟာရချို့တဲ့မှုကိုခံစားနေရတတ်ပါတယ်။

အနားမနေတာ – ကလေးက အနားမနေဘဲဆော့နေရင် ကျန်းမာရေးကောင်းတဲ့ လက္ခဏာလို့ အများစုက မှတ်ယူထားကြပါတယ်။ ကလေးတွေမှာ အတက်ကြွလွန်နေတဲ့အခါ အစာချေစနစ်ကအားနည်းသွားပြီး ဒီအနေအထားက ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေစုပ်ယူရာမှာအခက်တွေ့စေပါတယ်။

စိတ်ပိုင်းဆိုင်ရာအားနည်းတာ – ဦးနှောက်တွင်းမှာ စိတ်ဖိစီးတာနဲ့စိတ်ဓာတ်ကျတာတွေလိုမျိုးစိတ်ပိုင်းဆိုင်ရာ အားနည်းတာတွေက အာဟာရချို့တဲ့ မှုရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ ပရိုတင်းဓာတ်ထဲမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုမှန်ကန်စေဖို့အတွက် အရေးပါတဲ့ အမိုင်နိုက်ဆစ်ပါဝင်ပါတယ်။

ဆံပင်နဲ့အသားအရေခြောက်သွေ့ခြင်း – ကလေးရဲ့ဆံပင်နဲ့အသားအရေခြောက်သွေ့တာက သူ့မှာ ဗီတာမင် အေ၊ဒီ၊အီးနဲ့ကေတူးတို့ ချို့တဲ့နေတာကြောင့်ဖြစ်ပါတယ်။ ကလေးရဲ့နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အဆီကိုပျော်ဝင်စေနိုင်တဲ့ အရည်အသွေးမြင့် ဗီတာမင်တွေကို ထည့်သွင်းကျွေးမွေးပေးသင့်ပါတယ်။

စကားပြောဆိုရာမှာအခက်အခဲရှိခြင်း – စကားပြောနောက်ကျတာလိုမျိုး စကားပြောရာမှာ အခက်အခဲရှိတာက ပုံမှန်အားဖြင့်တော့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တယ်ဆိုပေမယ့် ဒါဟာကလေးမှာဗီတာမင် ဘီတွဲ ချို့တဲ့နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီအနေအထားကိုကာကွယ်ဖို့ ကလေးရဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် ဘီတွဲကြွယ်ဝတဲ့အစားအသောက်တွေထည့်သွင်းကျွေးမွေးပေးရပါမယ်။

သွားတွေမညီမညာထွက်ခြင်း – သွားတွေမညီမညာထွက်တာက မျိုးရိုးလိုက်တတ်လေ့ရှိတယ်ဆိုပေမယ့် သိပ္ပံနည်းကျသုတေသနပြုလုပ်ထားတဲ့ ပညာရှင်တွေကတော့ သွားတွေထပ်တာက အာဟာရချို့တဲ့မှုကြောင့် အဖြစ်များတယ်ဆိုပါတယ်။ ကိုယ်ဝန်ဆောင်ကာလကတည်းက မိခင်ကအာဟာရမျှတအောင် မစားသုံးရင်မွေးဖွားလာတဲ့ကလေးတွေမှာသွားတွေ မညီမညာထွက်လေ့ရှိပါတယ်။

သွားအခေါင်းပေါက်များဖြစ်ခြင်း – မိဘတော်တော်များများက ကလေးတွေရဲ့သွားတွေမှာ သွားအခေါင်းပေါက် တွေဖြစ်တာကို အချိုပါတဲ့ အစားအစာတွေနဲ့သကြားလုံးတွေစားတာကြောင့်လို့ ယူဆနေကြပါတယ်။ ဆရာဝန်တွေ ကတော့ ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာသွားတွေအခေါင်းပေါက် ဖြစ်ပေါ်မှုကို ပြန်လည် ဖာထေးပေးနိုင်မယ့် သတ္တုဓါတ်တွေနဲ့အဆီပျော်ဝင်နိုင်တဲ့ဗီတာမင်တွေမရှိတာကြောင့် ဖြစ်တယ်၊ လို့ ယူဆထားကြ ပါတယ်။

မကြာခဏဖျားနာခြင်း – အချို့ကလေးလေးတွေဟာ မကြာခဏဖျားနာလေ့ရှိပြီးသူတို့နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကို ပြောင်းလဲစားသုံးပေးတာက သိသိသာသာပြောင်းလဲမှုကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကလေးကိုအာဟာရပြည့်ဝတဲ့အစားအစာတွေကျွေးမွေးပေးခြင်းဖြင့်ကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်စေပြီး အလွယ်တကူဖျားနာတာမျိုး ကင်းဝေးသွားပါလိမ့်မယ်။

စွမ်းအင်လျော့နည်းပြီးဦးနှောက်ထဲမှာ ဇဝေဇဝါဖြစ်ခြင်း – သံဓာတ်ချို့တဲ့ တဲ့ကလေးတွေဟာ အလွယ်တကူ ပင်ပန်းလွယ်ပြီး ဦးနှောက်ထဲမှာ ဘာကိုမှသေသေချာချာ မမှတ်မိဘဲရှိတတ်ပါတယ်။ ကလေးကို အသား၊ အခွံမာသီး၊အစေ့အဆန်၊ဟင်းသီးဟင်းရွက်တွေနဲ့ ကလေးရဲ့ခန္ဓါကိုယ်မှာခံစားနေရတဲ့သံဓါတ်ချို့တဲ့မှုကို ဖြည့်တင်းပေးနိုင်မယ့် အစားအသောက်တွေကို ကျွေးမွေးပေးရမှာဖြစ်ပါတယ်။

ခြေထောက်တွေနာတာ – ကလေးတွေရဲ့ ကယ်လ်ဆီယမ်ချို့တဲ့မှုကို အိပ်ရာဝင်ချိန်မှာတွေ့ရများပါတယ်။ ကလေးမှာ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ တဲ့အခါ ကလေးဟာ စိတ်ပူပန်သောကရောက်တာ၊ အိမ်မပျော်တာနဲ့ ခြေထောက်တွေနာတာကိုခံစားရပါတယ်။ ကလေးကို ကယ်လ်ဆီယမ်ကြွယ်ဝတဲ့အစားအသောက်တွေ ကျွေးမွေးပေးရမှာဖြစ်ပါတယ်။

အဝလွန်ခြင်း – လူအများစုက အာဟာရချို့တဲ့မှုကြောင့် ကလေးတွေမှာ အဝလွန်တာမျိုးဖြစ်တတ်တယ်ဆိုတာ ကို အံ့သြကြပါတယ်။ အံ့အားသင့်စရာကောင်းတာတစ်ခုက ကလေးတွေဟာသင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ ကို အပြည့်အဝမရရှိဘူးဆိုရင်လည်း အဝလွန်တတ်ပါတယ်။

ပြီးပြည့်စုံတဲ့ကျန်းမာရေးကို ရရှိဖို့ဆိုတာက အချက်များစွာလိုအပ်ပါတယ်။ ကလေးကို အာဟာရပြည့်ဝပြီး အရသာရှိလှတဲ့ အစားအသောက်တွေကိုကျွေးမွေးခြင်းအားဖြင့် ကလေးတွေကို အာဟာရချို့တဲ့မှု အန္တရာယ်ကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့တဲ့နေရာမှာ တစ်မျိုးတည်းစားသုံးရုံနဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်တဲ့ အရာမျိုးကို ရွေးချယ် ကျွေးမွေးသင့်ပါတယ်။ ဥပမာကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုကိုအထောက်အကူပြုနိုင်ပါတယ်။omega-3 fatty acids တစ်မျိုးဖြစ်တဲ့DHA က ကလေးတွေရဲ့ ဦးနှောက်နဲ့ မျက်လုံးတွေဖွံ့ဖြိုးစေဖို့အတွက် အဓိကဇာတ်ကောင်ပါ။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာဖို့ဆိုရင် ကလေးတွေကိုကျွေးမယ့်အစားအစာတွေထဲမှာ DHA မဖြစ်မနေပါဝင်အောင်ဂရုစိုက်ပေးဖို့လိုပါမယ်။

ကလေးကို ကောင်းမွန်ပြီးကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအသောက်တွေကို ဂရုတစိုက်ကျွေးမွေး စောင့်ရှောက်သင့်သလိုကလေးရဲ့လှုပ်ရှားဆော့ကစားမှုတွေကိုလည်းစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးစောင့်ကြည့်ပေးမှသာကလေးဟာ ကောင်းကောင်းအိပ်စက်အနားယူပြီးကောင်းမွန်တဲ့ဘဝနေထိုင်မှု ပုံစံတစ်ရပ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓာတ်တွေကိုရရှိနိုင်မယ့်အကောင်းဆုံးသောနည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးပေးဖို့ပဲဖြစ်ပါတယ်။ အာဟာရချို့တဲ့မှုက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသလို ကလေးရဲ့ကျန်းမာရေး အပေါ်မှာလည်း သိသိသာသာထိခိုက်မှုရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကနေ  ပိုးကူးစက်ပြီး အစာအဆိပ်သင့်တာက အဖြစ်များပါတယ်။ ဝယ်ယူတာကစပြီး စားတာအထိ သန့်သန့်ရှင်းရှင်း လုပ်မယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read