ကလေးငယ်များသည် နေလောင်ခြင်း နှင့် အပူလျှပ်ခြင်း လျင်မြန်စွာ ဖြစ်နိုင်သည်။ ထို့ကြောင့် ကလေးငယ်များကို နေ အပူတွင် ကာကွယ်ပေးရန် အရေးပါသည်။ နေလောင်ခြင်း သည် နာကျင်ခြင်း၊ အဖျားတက်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း ကို ဖြစ်စေနိုင်သည်။ ကလေးဘဝတွင် နေလောင်ခြင်းသည် melanoma ( သေစေနိုင်သော အရေပြားကင်ဆာ) ဖြစ်နိုင်ခြေ ကို မြင့်စေသည်။ အသက်ကြီးလာပါက အရေပြားတွန့်ခြင်း ပိုဖြစ်နိုင်သည်။
ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အတွက် လမ်းညွှန်ချက် အပိုင်း၂
ကလေးငယ်များ နေလောင်ခြင်း ကာကွယ်စေရန် မိဘများ အနေနဲ့
နေလောင်ခံလိမ်းဆေး ထူထူလိမ်းပါ။
နေဒဏ်ကာကွယ်မှုပစ္စည်း (SPF) အနည်းဆုံး ၁၅ ပါဝင် သော နေလောင်ခံလိမ်းဆေးကို အသုံးပြုပါ။ တံဆိပ်တွင် broad spectrum ဟူသော စာလုံးကိုရှာပါ။ Broad spectrum ဆိုသည်မှာ UVA နှင့် UVB ရောင်ခြည်နှစ်မျိုးလုံးကို ကာကွယ် ပေးနိုင်သော ထုတ်ကုန်ဖြစ်သည်။ UVA ရောင်ခြည်များသည် နေလောင်ခြင်းနှင့် အရေပြားတွန့်ခြင်းကို ဖြစ်စေနိုင်ပြီး UVB ရောင်ခြည်များသည် အရေပြားတွင် နက်ရှိုင်းသော ထိခိုက်မှု များ ဖြစ်စေသည်။
နေလောင်ခံလိမ်းဆေးကို အပြင်မသွားမီ ၁၅ မိနစ်မှ ၃၀ မိနစ်တွင် သုံးသင့်ပြီး ၂နာရီ တစ်ခါ ပြန်လည် အသုံးပြုပါ။ သင့်ကလေး၏ နားရွက်ထိပ်၊ လည်ပင်းအနောက် ပိုင်း၊ ခြေထောက်ထိပ် စသော မြင်သာသော နေရာများအား လုံးကို သေချာလိမ်းပါ။ သင့်ကလေးသည် ရေထဲဆင်းပါက ရေသုတ်ပြီးလျှင်ပြီးချင်း နေလောင်ခံ လိမ်းဆေးကို ပြန်လိမ်းပါ။ ၂နာရီ မကြာသေးသော်လည်း ပြန်လည် လိမ်းရမည်။
သင့်ကလေးကို ကာကွယ်နိုင်သော အခြားအကြံပြုချက်များ
- သင်၏ နေလောင်ခံလိမ်းဆေးကို အခါအားလျော်စွာ ပြောင်းလဲပါ။ အချိန်အတန်ကြာပါက ပါဝင်ပစ္စည်းများ သည် သက်ရောက်မှု မရှိ ဖြစ်နိုင်သည်။
- နေလောင်ခံ လိမ်းဆေး ဘယ်အမျိုးအစား သည် ကလေးများအတွက် အကောင်းဆုံးဖြစ်သလဲကို သိအောင်လုပ်ပါ။
- နေလောင်ခံလိမ်းဆေးများအကြောင်း ပိုသိအောင် လုပ်ပါ။
- နေလောင်ခံ လိမ်းဆေး လိမ်းပြီးပါက ကလေးငယ်များ သည် လက်ကို ပါးစပ်ထဲထည့်သလား ဂရုစိုက်၍ ကြည့်ပါ။
- သင့်ကလေးကို နေ၊ အပူ တို့မှ ဝေးအောင်ထားပါ။
အပူလျှပ်ခြင်းကို ကာကွယ်ရန် အကြံပြုချက်များ
သင့်ကလေးသည် ပူပြင်းသော နွေရာသီတွင် အပူလျှပ်ခြင်း ဖြစ်ရန် လွယ်ကူသည်။ အပူလျှပ်ခြင်းကို ကာကွယ် ရန်
- သင့်ကလေးကို ဖျော့တော့သော ချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ပေးပါ။
- သင့်ကလေးကို တတ်နိုင်သလောက် အရိပ်ထဲတွင် ထားပါ။
- ကားမောင်းမထွက်မီ ကားကို အေးနေအောင် ထားပါ။
- သင့်ကလေးကို အရည်များများ တိုက်ပါ။ ( မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့ သည် ရေဓါတ်များစွာ ပေးနိုင်သည်၊ ၆လ မရောက်ခင်အထိ ရေမတိုက်ပါ နှင့်)
- သင့်အိမ်တွင် လေအေးစက် မရှိပါက အလွန်ပူသော သို့မဟုတ် စိုစွတ်သော နေ့များတွင် လေအေးစက် ရှိသော အများပိုင်နေရာများကို သွားရောက် လည်ပတ်ပါ။ အများပိုင် စာကြည့်တိုက်များ၊ ဈေးဝယ် စင်တာများ ကို ရွေးချယ်ပါ။ အချို့ အဖွဲ့အစည်းများ သည် ဤရည်ရွယ်ချက်ဖြင့် အမိုးအကာများ လုပ်ပေး ထားသည်။
ကလေးငယ် နေလောင်ခံရပါက ဘာလုပ်သင့်သလဲ။
သင့်ကလေး၏ အရေပြားသည် အလွန်ထိခိုက်လွယ်ပါ သည်။ ကာကွယ်ရန် အကောင်းဆုံးကြိုးစားပါသော်လည်း နေလောင်ခြင်း တစ်ခါတရံ ဖြစ်နိုင်သည်။ သင့်ကလေး နေလောင်ခံရသည်ကို ချက်ချင်း မသိနိုင်ပါ။ နီရဲခြင်းနှင့် နာကျင်မှု ပေါ်လာစေရန် နာရီအနည်းငယ် ကြာနိုင်သည်။
နေလောင်ရာသည် နီရဲပြီး နာကျင်လာပါက
- အဝတ်စကို ရေအားထဲတွင် စိမ်ပါ။ အဝတ်ကို ရေညစ် ပါ။ ထို့နောက် နေလောင်ရာ နေရာကို ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ညင်သာစွာ ဖိပေးပါ။ တစ်နေ့လျှင် အကြိမ် ရေများစွာ ပြုလုပ်ပါ။
- နီရဲခြင်း လျော့ကျစေရန် သင့်ကလေးကို နွေးသော ရေဖြင့် ရေချိုးပေးပါ။ အရေပြားကို အေးအောင် ထား ပါ။
- အရေပြားကို ချောမွေ့စေသော အလှဆီကို ညင်သာစွာ လိမ်းပေးပါ။
- သင့်ကလေး အေးစေရန်နှင့် ချွေးထွက်ပြီးကုန်ခမ်း သွားသော အရည်များ ပြန်ပြည့်ရန် မိခင်နို့ သို့မဟုတ် အရည်များ ထပ်မံတိုက်ပါ။
နေလောင်ခြင်း သည် ပြင်းထန်ပြီး အရေပြားသည် ရောင်ရမ်း ဖောင်းကြွလာပါက ဆရာဝန် ခေါ်ပါ။ ဆရာဝန်သည် ချောမွေ့စေသော လိမ်းဆေးပေးခြင်း၊ အနာအတွက် ပတ်တီး စီးခြင်း ပြုလုပ်ပေးနိုင်သည်။ နာကျင်မှု သက်သာစေရန် ကလေးသောက် paracetamol ပေးနိုင်သည်။
[embed-health-tool-vaccination-tool]