backup og meta

ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ........

    ဖောလစ်အက်ဆစ် လို့ ပြောလိုက်ရင် ကိုယ်ဝန်ဆောင် မေမေတွေ သောက်ရတာလေ။ မွေးလာမယ့် ဘေဘီလေး ကျန်းမာစေဖို့လို့ ပြေးမြင်မယ် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင် အော် ….. ဘေဘီလေးတွေ သောက်ရတာလေ ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့ ဆိုပြီးတော့လေ။

    တကယ်ကတော့ ဖောလစ်အက်ဆစ်က ဘေဘီလေးတွေ ကိုယ်ဝန်ဆောင် လေဒီလေးတွေအတွက် အရေးပါသလို အသားအရေ လှချင်တဲ့ လေဒီလေးတွေအတွက်လည်း အရေးပါတဲ့ ဗီတာမင် တစ်ရပ်ပါ။

     ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ………..

    ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေလား …… ဆိုတော့ ကျန်းမာစေတယ်လို့ပဲ ပြောရပါမယ်။ ဖောလစ်အက်ဆစ်က ဗီတာမင် B အမျိုးအစားတစ်မျိုးပါ။ ဗီတာမင် B9 ပါ။ ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို အရေပြား ပြဿနာ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အရေပြားက ခန္ဓာကိုယ်ကို ကူးစက်ပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အကြီးမားဆုံးသော ခံတပ်ပါ။ ဒါကြောင့် အရေပြား ကျန်းမာစေဖို့ကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။

    အရေပြား ကျန်းမာစေဖို့ နေ့စဉ်ပုံမှန် lotion တွေ လိမ်းတာ၊ အပြင်းစား ဆပ်ပြာတွေ မသုံးတာမျိုးတွေလုပ်ပေမယ့် ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ထောက်ပံ့ပေးဖို့လည်း လိုပါမယ်။

    ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးနိုင်လဲ ………

    ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနိုင်ပါတယ်။

    နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်

    နေလောင်ဒဏ်နဲ့ အလွန်အကျွံထိတွေ့မိတာကြောင့် အရေပြားဆဲလ်တွေထဲက DNA ကို ပျက်စီးစေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်က ခန္ဓာကိုယ်ကို DNA နဲ့ RNA တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်သလို  ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အရွယ်မတိုင်ခင် မအိုမင်းစေဖို့ ကာကွယ်ပေးတယ်

    ဖောလစ်အက်ဆစ် က ကျန်းမာတဲ့ အရေပြားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး အရေပြား တင်းရင်းစေဖို့ ထောက်ကူပေးနိုင်သလို အသားအရောင် လင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ဝက်ခြံ မဖြစ်စေဖို့ ထောက်ကူပေးတယ်

    ဖောလစ်အက်ဆစ် က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗီတာမင် B9 ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အရေပြားကို ဓာတ်တိုးပစ္စည်းကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အသားအရေကို Glow စေတယ်

    ဖောလစ်အက်ဆစ် က အရေပြားကို အားဖြည့်ပေးပြီး glow စေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်ကို ပုံမှန် သောက်ပေးတာက အရေပြားကို ကျန်းမာစေနိုင်သလို ဆံသားရော လက်သည်းခြေသည်းတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။

    ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင် မေမေတွေနဲ့ ဘေဘီလေးတွေကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အရေပြားကို ခြောက်သွေ့ကွဲအက်မှုတွေ၊ ပိုးဝင်ကူးစက်မှုတွေနဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

    ကဲ …… အသားအရေလေး ကျန်းမာစေဖို့ဆိုရင် ဖောလစ်အက်ဆစ်ကို ပုံမှန် သောက်သုံးပေးဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement