ဖြစ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေပါ။
အိမ်စာ၊ သူငယ်ချင်း၊ လူမှုဆက်ဆံရေး စသည့် အရာများစွာကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်သည်။ ထိုသို့ စိတ်ဖိစီးနေရမည့်အစား ထိုအရာများကို ပြောင်းလဲဖို့ နည်းလမ်းများ ရှိကြောင်း သင့်ကလေးကို ပြောပြပါ။ ဘယ်လို စိတ်လျှော့ရမယ် ဆိုတာနဲ့ စိတ်ဖိစီးမှုကို ဘယ်လို ကျော်လွှားရမယ်ဆိုတာကို သင်ပြပေးပါ။ ဥပမာအနေဖြင့် သင့်ကလေးသည် ကျောင်းပြင်ပ activities များစွာကို ပြုလုပ်နေ၍ အိမ်စာလုပ်ရန် အချိန်မရှိသည့် အတွက် စိတ်ဖိစီးနေလျှင် ကျောင်းပြင်ပ activities များကို ကန့်သတ်လုပ်ဆောင်၍ အိမ်စာတွင် ပိုမိုအာရုံ စိုက်သင့်သည်။
သင့်ကလေး၏ သူငယ်ချင်းအဖြစ် နေပါ။
တစ်ခါတစ်ရံ သင့်ကလေးသည် သူတို့၏ ပြဿနာအကြောင်း သင့်ကို မပြောလိုကြပါ။ ထိုအခါမျိုးတွင် သင့်ကလေးကို ဖိအားများအောင် မေးဖို့ကြိုးစားမည့် အစား သူ့အတွက် အဆင်သင့် ရှိနေဖို့လိုသည်။ သူတို့ပြောလိုသော အချိန်တွင် သူတို့ဘက်၌ အဆင်သင့် အမြဲရှိနေကြောင်း သင့်ကလေးအား သိထားစေသင့်သည်။
သင့်ကလေးသည် အထိမခံ၍ တစ်ယောက်တည်း ထားခဲ့မှာကို ကြောက်တတ်လျှင် လမ်းလျှောက်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ညစာချက်ခြင်း ကဲ့သို့သော ပျော်ရွှင်ဖွယ်ရာများကို သင့်ကလေးနှင့်အတူ လုပ်နိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင့်ကလေး ပြောလိုလာလျှင် ပြောပြလာလိမ့်မည်။
သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် သေချာလေး ပြုစု ပျိုးထောင်ပေးလိုက်စို့လား ………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။