backup og meta

သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း

    လူကြီးများကဲ့သို့ ကလေးများတွင်လည်း စိတ်ဖိစီးမှု ရှိတတ်ကြသည်။ ကျောင်း၊ လူမှုပတ်ဝန်းကျင်၊ မိသားစု ပဋိပက္ခများသည် ကလေးများအား ဝန်ထုတ်ဝန်ပိုးဖြစ်စေ၍ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။ မိဘများအနေဖြင့် ကလေး၏ စိတ်ဖိစီးမှုကို ကျန်းမာပျော်ရွှင်စေသော နည်းလမ်းများဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါသည်။

    သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း

    သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် အခုလို ပြုစု ပျိုးထောင်ပေးလို့ ရအောင်ပါ။

    သင့်ကလေး၏ စိတ်ဖိစီးမှုကို သတိထားမိကြောင်းပြောပြပါ။

    သင့်ကလေး တစ်ခုခုဖြစ်နေသည်ဟု သတိထားမိလျှင် ကလေးနှင့် စကားပြောဆို ကြည့်သင့်ပါသည်။ သင့်ကလေး၏ စိတ်ဖိစီးမှုကို ရုတ်တရက် သတိထားမိလိုက် သကဲ့သို့ လိမ္မာပါးနပ်စွာ ပြောဆိုကြည့်သင့်သည်။ ထိုအခါ သူတို့ကို ဂရုစိုက်သည်ဟု ခံစားရလာလိမ့်မည်။

    အချိန်ပြည့် အချိန်ဇယားများ ဆွဲပေးထားခြင်းမျိုး မလုပ်ပါနှင့်။

    ကျောင်း၌ နာရီများစွာ တက်ရသည့်အပြင် အချိန်ပိုများ၊ အိမ်စာများ စသည်တို့ဖြင့် ကလေးများတွင် အချိန်ဇယားများ ပြည့်နေကြရသည်။ ကလေးများအား သင်ဖြစ်စေချင်သလို တွန်းအားပေး ခိုင်းစေနေမည့်အစား သင့်ကလေး၏ ဦးနှောက်နှင့် ခန္ဓါကိုယ်ကို အနားယူဖို့ အချိန်ပေးကြည့်ပါ။ ပြန်လည်လန်းဆန်းလာသောအခါ ပိုမို၍ ဆက်လက်သင်ယူ လေ့လာနိုင်လာလိမ့်မည်။

    ကစားရန် အချိန်ထားရှိပေးပါ။

    သင့်ကလေးအား ဘတ်စကက်ဘော ကစားခြင်း၊ ဘောလုံးကစားခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့် ပြင်ပအားကစား တစ်ခုခုကို ပြုလုပ်စေသင့်ပါသည်။ ကိုယ်ကာယလှုပ်ရှား အားကစားများသည် သင့်ကလေးအား စိတ်ဖိစီးမှုကို လျော့သွားစေသည့်အပြင် တစ်ချိန်တည်း၌ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသည်။

    ကလေးများအား မိမိဘာဖြစ်နေသည်ကို သိရှိနိုင်ရန် လေ့ကျင့် သင်ကြားပေးပါ။

    ကျွန်ုပ်တို့၏ ခန္ဓါကိုယ် ဘာဖြစ်နေသလဲ ဆိုတာ သိရှိဖို့ အရေးကြီးသည်။ ကလေးများသည် မိမိခန္ဓါကိုယ်မှာ ဘာဖြစ်နေသလဲဆိုတာ သိရှိနိုင်ဖို့ အလွန်ငယ်သောကြောင့် ခန္ဓါကိုယ်မှာ တစ်ခုခု ဖြစ်နေလျှင် သိရှိနိုင်ဖို့ လေ့ကျင့်သင်ယူထားရန် လိုအပ်သည်။

    ဥပမာ အနေဖြင့် သင့်ကလေး စိတ်ဆိုးဒေါသထွက်လျှင် စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှုခိုင်း၍ ပြဿနာက ဘာလဲဆိုတာ ရှာကြည့်ခိုင်းသင့်သည်။ ခေါင်းကိုက်လျှင် မိဘ (သို့မဟုတ်) ဆရာမကို အကူအညီတောင်းဖို့ ပြောရမည်ဟု သင်ပြထားသင့်သည်။ ကျောင်းပြန်လာပြီး မောပန်းနေလျှင် တစ်ရေးအိပ်သင့်သည်ဟု သင်ပြထားသင့်သည်။

    ဖြစ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေပါ။

    အိမ်စာ၊ သူငယ်ချင်း၊ လူမှုဆက်ဆံရေး စသည့် အရာများစွာကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်သည်။ ထိုသို့ စိတ်ဖိစီးနေရမည့်အစား ထိုအရာများကို ပြောင်းလဲဖို့ နည်းလမ်းများ ရှိကြောင်း သင့်ကလေးကို ပြောပြပါ။ ဘယ်လို စိတ်လျှော့ရမယ် ဆိုတာနဲ့ စိတ်ဖိစီးမှုကို ဘယ်လို ကျော်လွှားရမယ်ဆိုတာကို သင်ပြပေးပါ။ ဥပမာအနေဖြင့် သင့်ကလေးသည် ကျောင်းပြင်ပ activities များစွာကို ပြုလုပ်နေ၍ အိမ်စာလုပ်ရန် အချိန်မရှိသည့် အတွက် စိတ်ဖိစီးနေလျှင် ကျောင်းပြင်ပ activities များကို ကန့်သတ်လုပ်ဆောင်၍ အိမ်စာတွင် ပိုမိုအာရုံ စိုက်သင့်သည်။

    သင့်ကလေး၏ သူငယ်ချင်းအဖြစ် နေပါ။

    တစ်ခါတစ်ရံ သင့်ကလေးသည် သူတို့၏ ပြဿနာအကြောင်း သင့်ကို မပြောလိုကြပါ။ ထိုအခါမျိုးတွင် သင့်ကလေးကို ဖိအားများအောင် မေးဖို့ကြိုးစားမည့် အစား သူ့အတွက် အဆင်သင့် ရှိနေဖို့လိုသည်။ သူတို့ပြောလိုသော အချိန်တွင် သူတို့ဘက်၌ အဆင်သင့် အမြဲရှိနေကြောင်း သင့်ကလေးအား သိထားစေသင့်သည်။

    သင့်ကလေးသည် အထိမခံ၍ တစ်ယောက်တည်း ထားခဲ့မှာကို ကြောက်တတ်လျှင် လမ်းလျှောက်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ညစာချက်ခြင်း ကဲ့သို့သော ပျော်ရွှင်ဖွယ်ရာများကို သင့်ကလေးနှင့်အတူ လုပ်နိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင့်ကလေး ပြောလိုလာလျှင် ပြောပြလာလိမ့်မည်။

    သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် သေချာလေး ပြုစု ပျိုးထောင်ပေးလိုက်စို့လား ………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement