၄။ ဖြည့်စွက်စာတွေထဲမှာ သံဓာတ်ပါတဲ့ အစားအစာတွေကို ထည့်ကျွေးပါ။
အသက် ၆လ ပြည့်ပြီးလို့ ဖြည့်စွက်စာတွေ ကျွေးတဲ့အခါမှာလည်း အရှေ့မှာ ပြောပြထားတဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို အသက်အရွယ်အလိုက် ဂရုတစိုက် ချက်ပြုတ်ပြီး ကျွေးသင့်ပါတယ်။ ကလေးလေးကို အစာချေးမများအောင် ငယ်စဉ်ကတည်းက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ကျွေးမွေးထားသင့်ပါတယ်။
၅။ ကြီးထွားတဲ့အရွယ်မှာ သံဓာတ်ဖြည့်စွက် အားဆေးတွေ တိုက်ကျွေးပေးပါ။
ဆယ်ကျော်သက်အရွယ်၊ အပျို(သို့) လူပျိုဖော် ဝင်တဲ့အရွယ်ရောက်နေတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးကြီးထွားတဲ့ အရွယ်ဖြစ်တဲ့အတွက် တစ်နေ့တာအတွက် လိုအပ်တဲ့ သံဓာတ်ပမာဏပိုများပါတယ်။ ဒါ့ကြောင့် အဲဒီလို အရွယ်ကလေးတွေအတွက် သံဓာတ်ပါတဲ့ ဖြည့်စွက်အားဆေးလေးတွေ ကျွေးသင့်ပါတယ်။
၆။ ပုံမှန် ၆လ တစ်ကြိမ် သန်ချပေးပါ။
သန်ကောင်တွေ ကြောင့်လည်း ကလေးငယ်တွေမှာ ဒီလို သွေးအားနည်းခြင်း ဖြစ်နိုင်တဲ့အတွက် ကလေးအသက် ၁ နှစ်ကျော်အရွယ် ကစပြီး ၆လ တစ်ကြိမ် သန်ချပေးဖို့ လိုအပ်ပါတယ်။
၇။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးဖို့ မမေ့ပါနဲ့။
ဗီတာမင် C ဟာ သံဓာတ်ကို ခန္ဓာကိုယ်က များများစုပ်ယူနိုင်အောင် ကူညီပေးတဲ့အတွက် ဗီတာမင် C ပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ချဉ်တဲ့ အသီးလေးတွေ( ဥပမာ-နာနတ်သီး၊ သရက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး) စတာလေးတွေကိုလည်း ထည့်ကျွေးဖို့ မမေ့ပါနဲ့နော်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့မေမေတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးလေးတွေမှာ သံဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ရေးသားသူ- Khine Phoo Ngon