backup og meta

သွေး အကြောင်းသိကောင်းစရာ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေး အကြောင်းသိကောင်းစရာ

    သွေးဟာ ကိုယ်ခန္ဓါတစ်ခုလုံး အနှံ့ စီးဆင်းနေတဲ့ အသက်ရှင်သန်ဖို့ကို ထိန်းသိမ်းပေးတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။

    • နှလုံး
    • သွေးလွှတ်ကြော
    • သွေးပြန်ကြော
    • သွေးကြောမျှင်

    သွေးရဲ့ လုပ်ငန်းဆောင်တာဟာ ဘာလဲ။

    သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေကို အောက်ပါအရာတွေ သယ်ဆောင်ပေးပါတယ်။

  • အာဟာရများ
  • Electrolyte (ဆိုဒီယမ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်ကဲ့သို့သော ဓါတ်ပစ္စည်းများ)
  • ဟော်မုန်း
  • ဗီတာမင်များ
  • ရောဂါကာကွယ်သော ပဋိပစ္စည်းများ
  • အပူ
  • အောက်ဆီဂျင်
  • သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေဆီက အောက်ပါအရာတွေကို သယ်ဆောင်သွားပါတယ်။

    • စွန့်ပစ်ပစ္စည်းများ
    • ကာဗွန်ဒိုင် အောက်ဆိုဒ်

    သွေးရဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။

    သွေးရဲ့ ပါဝင်ပစ္စည်းတွေကတော့ သွေးဆဲလ်တွေ နေဖို့အတွက် သွေးရည်ကြည် ပါဝင်ပြီး အောက်ပါ အရာတွေလည်း ပါဝင်ပါတယ်။

    သွေးနီဥ – အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါအနှံ့ကို ပို့ဆောင်ပေးပါတယ်။

    သွေးဖြူဥ – ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ်မှာ ကူညီပေးပါတယ်။

    ပါဝင်တဲ့ သွေးဖြူဥတွေကတော့ –

    • Lymphocytes
    • Monocytes
    • Eosinophils
    • Basophils
    • Netrophils (granulocytes) တို့ ဖြစ်ပါတယ်။
    • Platelets (thrombocytes) ဟာ သွေးတိတ်စေဖို့ ကူညီပေးပါတယ်။
    • အဆီလုံးငယ်များ
    • အောက်ဖော်ပြပါ ဓါတုပစ္စည်းများ
    • ကာဗိုရိုက်ဒရိတ်
    • ပရိုတင်း
    • ဟော်မုန်း
    • အောက်ဖေါ်ပြပါ ဓါတ်ငွေ့များ
    • အောက်ဆီဂျင်
    • ကာဗွန်ဒိုင် အောက်ဆိုဒ်
    • နိုက်ထရိုဂျင်

    သွေးဆဲလ်တွေကို ဘယ်မှာ ပြုလုပ်တာလဲ။

    သွေးဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီထဲမှာ ပြုလုပ်တာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီဟာ ပျော့ပြောင်းပြီး ရေမြုပ်ကဲ့သို့ ပစ္စည်းတစ်မျိုးဖြစ်ပြီး အရိုးတွေရဲ့ အလည်ဗဟိုမှာ တည်ရှိကာ သွေးဆဲလ်တွေရဲ့ ၉၅ ရာခိုင်နှုန်း ကို ထုတ်ပေးပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ရဲ့ ရိုးတွင်းခြင်ဆီဟာ တင်ပဆုံရိုး၊ ရင်ဘတ်ရိုးနဲ့ ကြောရိုးမအတွင်းမှာ အများဆုံးရှိတတ်ပါတယ်။

    သွေးဆဲလ်တွေကို ထိန်းညှိပေးတဲ့ အခြားအင်္ဂါနဲ့ စနစ်တွေလဲ ကိုယ်ခန္ဓါထဲမှာ ရှိပါတယ်။ ပြန်ရည်ကျိတ်တွေ၊ သရက်ရွက်နဲ့ အသည်းတို့ဟာလဲ ဆဲလ်တွေ ထုတ်လုပ်ခြင်း၊ ဖျက်ဆီးခြင်းနဲ့ ပုံသဏ္ဍာန်ပြောင်းခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ဆဲလ်အသစ် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို Haematopoiesis လို့ ခေါ်ပါတယ်။

    ရိုးတွင်းခြင်ဆီထဲမှာ စတင်ဖြစ်ပေါ်တဲ့ သွေးဆဲလ်တွေကို ပင်မဆဲလ် Stem cells တွေလို့ ခေါ်ပါတယ်။ ဒီ ပင်မဆဲလ်တွေဟာ သွေးဆဲလ်တွေ အကုန်လုံးရဲ့ စစချင်းအဆင့်ဖြစ်ပါတယ်။ Stem cells တွေ ရင့်ကျက်လာရင် သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးခဲစေသော သွေးမွှားဥ အစရှိတဲ့ ကွဲခြားတဲ့ ဆဲလ် တွေ ဖြစ်လာကြပါတယ်။ မရင့်ကျက်သေးတဲ့ သွေးဆဲလ်တွေကိုတော့ blasts တွေလို့ ခေါ်ကြပါတယ်။ အချို့ Blasts ဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီထဲမှာ ရင့်ကျက်လာဖို့ နေပြီးတော့ အချို့ကတော့ အခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထဲကို ခရီးသွားပြီး ရင့်ကျက်ပြီး လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်တဲ့ သွေးဆဲလ်တွေ ဖြစ်လာကြပါတယ်။

    သွေးဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာက ဘာလဲ။

    သွေးနီဥရဲ့ အဓိက အလုပ်ကတော့ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သယ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ Haemoglobin ဟာ သွေးနီဥတွေထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါ အနှံ့အပြားကို ပို့ဆောင်ပေးပါတယ်။

    သွေးဖြူဥရဲ့ အဓိက လုပ်ငန်းကတော့ ရောဂါ ကာကွယ်ဖို့ပါပဲ။ သွေးဖြူဥ အမျိုးအစားတွေ အများကြီး ရှိပြီးတော့ တစ်ခုဆီမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးရောဂါတွေကို တိုက်ထုတ်တဲ့ အခန်ုးကဏ္ဍတစ်ခုစီ ပါဝင်ပါတယ်။ ရောဂါပိုးကာကွယ်ဖို့အတွက် အရေးအကြီးဆုံး သွေးဖြူဥ အမျိုးအစားတွေကတော့

    • Neutrophils
    • Eosinophils
    • Lymphocytes
    • Monocytes
    • Granulocytes တွေပဲဖြစ်ပါတယ်။

    ရောဂါတိုက်ထုတ်ရုံတင်မကပဲ ဆဲလ်သေတွေ၊ တစ်ရှူး အပျက်အစီးတွေနဲ့၊ သွေးနီဥအိုတွေကို ဖျက်ဆီးပေးခြင်းအားဖြင့်လည်း အနာကျက်မှုကို အားပေးပါတယ်။

    သွေးထဲကို ဝင်ရောက်လာတဲ့ allergens (ဓါတ်မတည့်မှုကို ဖြစ်စေသော ပစ္စည်း) ကဲ့သို့သော ပြင်ပပစ္စည်း ဝင်ရောက်မှုကိုလည်း တားမြစ်ပေးပါတယ်။

    ကင်ဆာဖြစ်စေတဲ့ သန္ဓေပြောင်းဆဲလ် တွေကနေလဲ ကာကွယ်ပေးပါတယ်။

    သွေးခဲစေတဲ့ သွေးမွှားဥတွေ ရဲ့ အဓိက တာဝန်ကတော့ သွေးခဲခြင်းကို ဖြစ်စေခြင်း ဖြစ်ပါတယ်။ ဒီဆဲလ် တွေဟာ အခြား ဆဲလ်တွေနဲ့ ယှဉ်ရင် အရွယ်အစား အလွန်သေးငယ်ပါတယ်။ သူတို့ဟာ အစုအဝေးနဲ့ ဖြစ်ပေါ်ပြီးတော့ သွေးကြောနံရံမှာ သွားပိတ်ပြီး သွေးတိတ်စေပါတယ်။

    သွေးဆဲလ်အရေအတွက် အပြည့်အစုံ တိုင်းတာချက် CBC ဆိုတာဘာလဲ။

    CBC ဟာ မတူညီတဲ့ သွေးဆဲလ်တွေရဲ့ အရွယ်အစား၊ အရေအတွက်နဲ့ ရင့်ကျက်မှုကို တိကျတဲ့ သွေးပမာဏတစ်ခုအတွင်း တိုင်းတာခြင်းပဲဖြစ်ပါ တယ်။ CBC ကို တိုင်းတာခြင်းအားဖြင့် ထုတ်လုပ်မှုအပိုင်းသော်လည်းကောင်း၊ ဖျက်ဆီးခြင်း အပိုင်းသော်လည်းကောင်း ပုံသဏ္ဍာန် မမှန်မှုတွေကို သိရှိနိုင်ပါတယ်။ ပုံမှန် အရေအတွက်၊ အရွယ်အစား၊ ရင့်ကျက်မှုကနေ ကွာခြားမှု ရှိခြင်းဟာ ကူးစက်ရောဂါပိုးဝင်ရောက်ခြင်း (သို့) ရောဂါဖြစ်နေပြီဆိုတာကို ပြသပါတယ်။ ကူးစက်ပိုး ဝင်ပြီဆိုရင် သွေးဖြူဥ အရေအတွက်ဟာ မြင့်တက်တတ်ပါတယ်။ ကင်ဆာ အတော်များများဟာ ရိုးတွင်းခြင်ဆီက သွေးဆဲလ်ထုတ်လုပ်မှုကို အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ မရင့်ကျက်တဲ့ သွေးဖြူဥ ဆဲလ်တွေ များနေခြင်းဟာ သွေးကင်ဆာနဲ့ ဆက်နွယ်မှု ရှိနိုင်ပါတယ်။ Haemoglobin နည်းနေခြင်းဟာတော့ သွေးအားနည်းခြင်းနဲ့ Sickle cell disease (သွေးနီဥ ပုံစံပျက်သော သွေးအားနည်းရောဂါတစ်မျိုး) တွေကြောင့် ဖြစ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement