ဒါကတော့ တံတွေးကတစ်ဆင့် ကူးစက်တဲ့ ရောဂါမို့ အနမ်းရောဂါလို့တင်စားတာပါ။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကူးစက်ခံထားရသူ တစ်ယောက်ယောက်က သင့်ကလေးကို နမ်းရှုံ့လိုက်တဲ့အခါ သင့်ကလေးကိုလည်း ကူးစက်သွားနိုင်ပါ တယ်။ နှာရည်ယိုခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရမှာပါ။ ဗိုင်းရပ်ဖြစ်လို့ ကုစရာ ဆေးလည်းမရှိပါဘူး။ ကိုယ်ခံအားစနစ်နဲ့ အနိုင်တိုက်ရမှာပါ။ ကိုယ်ခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုး သေးတဲ့ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ ကလေးတစ်ယောက်က တစ်ယောက်ကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါသေးတယ်။
(၆) သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။
ခံတွင်းကိုကောင်းကောင်းမထိန်းသိမ်းတဲ့သူတွေဟာ သွားပိုးပေါက်ဖြစ်စေနိုင်တယ်ဆိုတာ သိပြီး သားပါ။ တံတွေးဂလင်းကတစ်ဆင့်ကူးစက်နိုင်တဲ့ Streptococcus mutans ဆိုတဲ့ ဘတ်တီးရီးယားက သွားပိုးပေါက်ဖြစ်စေတာပါ။ ဒီလိုဘတ်တီးရီးယားရှိတဲ့ လူတစ်ယောက်က သင့်ကလေးကိုနမ်းရှိုက်လိုက်ပြီ ဆိုတာနဲ့ ကလေးရဲ့ သွားသေးသေးလေးတွေမှာ သွားပိုးပေါက်တွေဖြစ်သွားမှာပါ။ နမ်းရှုံ့တာတင်မဟုတ်ပါဘူး။။ ထမင်းဝါးပြီးကျွေးတာလည်း လုံးဝလုံးဝမလုပ်သင့်ပါဘူးနော်။
(၇) ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။
ကလေးတွေဟာ အလွန်ထိလွယ်ရှလွယ်ပါတယ်။ ရောဂါအလွယ်တကူ ကူးစက်နိုင်သူတွေပါ။ အထူးသဖြင့် မွေးကင်းစ ပထမလတွေမှာပါ။ ဒါကြောင့် ကလေးကိုနမ်းရှုတ်သူတွေမှာ ဖျားနာမှုတွေ၊ ရောဂါပိုးတွေရှိနေခဲ့ရင် ကူးစက်သွားမှာ အသေအချာပါ။ ဒါဆိုရင်တော့ ကိုယ်ခံအားစနစ်ဟာ တဖြည်းဖြည်း အားနည်းလာမှာပါ။
ဒါတွေကိုကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးဖို့လည်း အလွန်အရေးကြီးပါတယ်။ မွေးကင်းစမှ စတင်ကာ ကာကွယ်ဆေး ရက်သတ္တပတ်တိုင်းမှာ ချိန်းဆိုသတ်မှတ်ထားတဲ့အတိုင်း ထိုးသင့်ပါတယ်။ မွေးကင်းစကလေးတွေကို ဂရုတစိုက် သေသေချာချာ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်နော်။
(၈) ခြေ၊ လက်နဲ့ ပါးစပ်ရောဂါ
ဒီရောဂါကတော့ ကလေးရဲ့ ခြေထောက်တွေ၊ လက်လေးတွေနဲ့ ပါးစပ်မှာ အနာလေးတွေပေါက်တဲ့ ရောဂါပါ။ ရောဂါပိုးရှိသူကတစ်ဆင့် ကူးစက်သွားပြီး ရောဂါဖြစ်ပွားရတာပါ။ လည်ချောင်းနာခြင်းနဲ့ အဖျားတက်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။ ကလေးတွေကိုနမ်းတော့မယ်ဆိုရင် ဘာတွေကြိုပြင်ဆင် ထားသင့်သလဲ။
အချို့သော ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ လူကြီးတွေအတွက်ရောဂါထွေထွေထူးထူး မဖြစ်ပွားစေနိုင်ပေမဲ့ ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ ဒါကြောင့် ကလေးကို နမ်းရှုံ့ထွေးပွေ့တော့မယ့်အခါမျိုးမှာ အောက်ဖော်ပြပါ အချက်တွေကို မဖြစ်မနေပြုလုပ်ပေးပါ။ ကလေးကို ချစ်လွန်းတဲ့ သင့်ရဲ့အခြားမိတ်ဆွေတွေကိုလည်း ဒီလိုအချက်တွေလုပ်ဖို့ မဖြစ်မနေတိုက်တွန်း ပေးပါ။
- သွားနဲ့ ခံတွင်းသန့်ရှင်းမှုကိုလည်း မဖြစ်မနေပြုလုပ်ပေးပါ။
- သင့်ရဲ့သွားနဲ့ ခံတွင်းသာမကဘဲ သင့်ကလေးရဲ့ ခံတွင်းသန့်ရှင်းမှုကိုလည်း ဂရုစိုက်ပေးပါ။
(ဥပမာ-သွားရည်အလွန်ကျနေသလား စသဖြင့်ပါ)
- ကလေးကိုပွေ့ချီကိုင်တွယ်တော့မယ့် အချိန်တိုင်း လက်ဆေးပါ။
- ကလေးကိုလည်း ရေပုံမှန်ချိုးပေးပါ။
- ကလေးသုံး Wet Tissue လိုမျိုး တစ်ရှူးအစိုနဲ့ ကလေးရဲ့ မျက်နှာနဲ့ ပါးစပ်ကို သုတ်ပေးပါ။ လန်းဆန်းနေအောင် ပါ။
- သင့်သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မိသားစုတွေကိုလည်း ဒီလိုကြိုတင်ကာကွယ်ရမယ့် အချက်တွေကို အသိပေးပါ။ ဗဟုသုတရှိပါစေ။
- ကလေးရဲ့အသုံးအဆောင်တွေကို တခြားအိမ်သားတွေရဲ့ အသုံးအဆောင်တွေနဲ့ သီးခြားခွဲထားပေးပါ။
- အိမ်မှာရှိတဲ့ပစ္စည်းတွေမှာ ပိုးမွှားတွေကပ်ငြိနေနိုင်တာမို့ သင့်ကလေးနဲ့ အတတ်နိုင်ဆုံး မထိတွေ့ပါစေနဲ့။ (ဥပမာ- တီဗွီရီမုတ်၊ ဖုန်းနဲ့ လက်ကိုင်အိတ် အစရှိတာတွေကို မကိုင်ပါစေနဲ့)
- ရောဂါပိုးရှိသူတွေ၊ သံသယရှိသူတွေကို ကလေးနဲ့ ဝေးဝေးနေခိုင်းပါ။
- ရာသီတုပ်ကွေး၊ အအေးမိ၊ ရက်ရှည်ချောင်းဆိုးခြင်းနဲ့ ရေကျောက်ရောဂါရှိသူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေကို ကလေးအားမနမ်းခိုင်းပါစေနဲ့။
- ကာကွယ်ဆေးကိုလည်း ပုံမှန်ထိုးပါ။ မမေ့လျော့ပါစေနဲ့။
ရေးသားသူ-ဒေါက်တာမှူးခင်