ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……….
ကလေးမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ကလေးက လေထိုးလေအောင့် ခံစားနေရတာပါ။
- လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ်
- ကလေးက လူးလွန့်နေမယ်
- နေမထိထိုင်မသာဖြစ်နေမယ်
- အစားပြည့်ပြည့်ဝဝကျွေးပေမယ့်လည်း ငိုနေမယ်
- မကြာခဏလေတက်နေမယ်
- ကလေးက ဒူးထောင်ရက်အနေအထားနဲ့ ဒူးနှစ်ဖက်ကို ပိုက်ပြီး ထိုင်နေမယ်
- ကလေးက ညည်းရင်း ဗိုက်လေးကိုဖိနေမယ်
- ဝမ်းသွားရခက်နေမယ်ဆိုရင်ဘေဘီလေးကလေထိုးလေအောင့်ဖြစ်နေပါပြီ။
ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့
ပြဿနာတိုင်းကအဖြေရှိတယ်ဆိုသလိုပါပဲ။ ကလေး လေထိုးလေအောင့် ဖြစ်တဲ့အခါမှာလည်း သက်သာအောင်လုပ်ပေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့ ဆိုရင်တော့
ပြဿနာရဲ့ ဇစ်မြစ်ကိုရှာပါ – ကလေးတွေမှာလေထိုးလေအောင့်ဖြစ်စေတဲ့ အဒိကအကြောင်းအရင်းက အစားအသောက်ပါ။ ဒါကြောင့် ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ အာလူးတို့ကျွေးမိလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။
ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ – ကလေးရဲ့ ဝမ်းဗိုက်ကလေးကို နာရီလက်တံအတိုင်း ညင်ညင်သာသာလေးပွတ်ပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ ဗိုက်ထဲကလေတွေကို ထွက်သွားစေနိုင်တာကြောင့် လေထိုးလေအောင့် ဖြစ်တာကို သက်သာစေနိုင်မှာပါ။ အစားစားပြီးတိုင်းလုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။လေထုတ် ေပးတဲ့ သဘောပေါ့။
အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကျွေးပါ – အမျှင်ဓါတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ကို သန့်စင်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပြီးလေထိုးလေအောင့်ဖြစ်တာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
အစာကိုကြေညက်အောင် ဝါးစားခိုင်းပါ – ကလေးကို အစာတစ်လုတ်မြိုမချခင်တိုင်းမှာ အနည်းဆုံး ၁၀ ကြိမ်ဝါးမိစေဖို့ သတိပေးပါ။ အစာကိုကြေညက်အောင်ဝါးစားပေးတာကလေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။
ရေဓါတ်လုံလောက်အောင် ဂရုစိုက်ပါ – ကလေးကို တစ်နေ့တာမှာရေလုံလောက်စွာသောက်မိအောင် ဂရုစိုက်ပေးပါ။ရေလုံလောက်အောင်သောက်သုံးမှုက ဝမ်းချုပ်တာကို ကာကွယ်ပေးသလိုလေတွေကို ခန္ဓါကိုယ်ပြင်ပကို အဆင်ပြေပြေထွက်သွားအောင်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ – ကလေးကိုရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက လေထိုးလေအောင့်တဲ့ ပြဿနာကို သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ဘေဘီလေးက လေထိုးလေအောင့်ဖြစ်နေမယ်ဆိုရင်ရေနွေးလေးနဲ့ရေချိုးသန့်စင်ပေးလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။