backup og meta

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

ကလေးလေးပျော်ရွှင်နေဖို့က မိဘတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်သလို တောင်းဆုတစ်ခုဆိုလည်းမမှားပါဘူး။ ကလေးငိုနေရင် စိတ်မကောင်းဖြစ်မိတယ်လေနော်။ ကလေးက အကြောင်းအရင်းလည်းမယ်မယ်ရရမရှိဘဲ မတိတ်တမ်းငိုနေတာမျိုးကြုံဖူးကြလား။ ချော့လို့လည်းမရတာမျိုးလေ။ ဘာများဖြစ်တာလဲဆိုတာမျိုး ကြု့နေရသလား။ ကလေးကချော့မရအောင်ငိုနေတာက ဘာကြောင့်လဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။ ဒီတော့ မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

လေနာဝေဒနာ။

ကလေးတွေမှာအရမ်းအဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ မွေးကင်းစကလေးတွေမှာ မရပ်မနားနဲ့ အသည်းအသန်ငိုနေပြီဆိုရင် လေနာဝေဒနာဖြစ်ဖို့များပါတယ်။ လေနာလို့ သတ်မှတ်ဖို့ဆိုရင် ကလေးက တစ်နေ့ကို (၃)နာရီနဲ့အထက် ငိုနေပြီး တစ်ပတ်ကို (၃)ရက်နဲ့အထက်ငိုနေရမယ်။ လေနာရှိတဲ့ကလေးတွေမှာ အချိန်မရွေးနာနိုင်ပေမယ့် ညဘက်တွေ၊ ညနေခင်းတွေမှာပိုဆိုးတတ်ပါတယ်။ လေနာဝေဒနာက ပြင်းထန်တဲ့အရာတစ်ခုမဟုတ်ဘဲ ရောဂါတစ်ခုခုရှိနေလို့ကြောင့်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် အသည်းအသန်ငိုနေတဲ့ကိုယ့်သားသမီးလေးကို ကြည့်ရတာတော့ မိဘဘိုးဘွားတွေအတွက် နာကျင်ခံစားရခက်ပါတယ်။

ဘယ်အရွယ်မှာဖြစ်တတ်သလဲ။

ကလေး (၂)ပတ်လောက်ကနေစပြီး လေနာဝေဒနာကိုခံစားရနိုင်ပါတယ်။ ကလေးအသက် ၃ ၄လ ရောက်တဲ့အခါ သူ့ဘာသာပဲသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ကလေးအားလုံးမှာဖြစ်နိုင်ခြေရှိပါတယ်။

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ကလေးက လေနာဖြစ်နေတာလားဆိုတာကိုတော့ အရင်သေချာအောင်လုပ်ပါ။ ကလေးအနှီးစိုနေလား၊ သေးခံစိုနေလား၊ အင်အင်းပါ ရှူရှူးပေါက်လုပ်ထားလား၊ ဗိုက်ဆာနေလား။ ကိုယ်ပူနေလား၊ ဒါမှမဟုတ် အင်းဆက်လို အကောင်တစ်ခုခုများကိုက်ခံထားရလားဆိုတာတွေကို သေချာအောင်လုပ်ပါ။ လေနာဆိုတာသေချာပြီဆိုရင်တော့ ထူးထူးခြားခြားကတော့ ဘာမှလုပ်စရမလိုပါ။ အချိန်တန်ပျောက်သွားမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို မကြည့်ရက်အောင်ဖြစ်နေတယ်ဆိုရင်တော့ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိတယ်။

၁။ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။

လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့ မိခင်တွေရဲ့ ကလေးငယ်တွေမှာ လေနာဝေဒနာဖြစ်တာများတယ်လို့တွေ့ ရှိခဲ့ရပါတယ်။ စီးကရက်ငွေ့ကို ကိုယ်ဝန်ဆောင်မိခင်ကရှုရှိုက်မိတဲ့အခါ မွေးလာမယ့် ကလေးမှာလေနာပါနိုင်တာကြောင့်မိခင်လောင်းတွေအနေနဲ့ ကလေးလေနာကင်းဖို့ဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ကိုယ်တိုင်ဆေးလိပ်သောက်တာကိုရော တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကိုပါရှောင်ကြဉ်ပါ။ မွေးကင်းစအရွယ်မှာလည်း ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့ ကာကွယ်ပေးပါ။

၂။ နို့ဘူးကြောင့်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

နို့ဘူးတိုက်လို့တော့ လေနာတာမဖြစ်နိုင်ဘူး။ ဒါပေမယ့် တချို့နို့မှုန့်တွေက မတည့်တဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တာရှိလို့ နို့ဘူးကြောင့်လို့ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။

၃။ ကလေးက လေတွေအများကြီး မျိုမချဖြစ်အောင် ဂရုစိုက်ပါ။

ကလေးကို နို့တိုက်တဲ့အခါ၊ နို့ဗူးတိုက်တဲ့အခါမှာ လေတွေအများကြီးမဝင်သွားအောင် ဂရုစိုက်ပါ။ နို့သီးခေါင်းကို အပြည့်အဝငုံမိအောင်၊ နို့ဗူးကိုလည်း ကလေးပါးစပ်နဲ့ အနေတော်ဖြစ်နေအောင်ပြုလုပ်ပေးပါ။ နို့သီးခေါင်းမှာလည်း အပေါက်ကို ခပ်သေးသေးပဲဖောက်ပေးပါ။ အစားတစ်ခုခုကျွေးတဲ့အခါတိုင်းမှာလည်း ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး ကျွေးပေးပါ။ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။ ကလေးကိုမှောက်ထားပြီး ကျောကိုညင်ညင်သာသာ နှိပ်ပေးပါ။

၄။ အာရုံပြောင်းပြီး ချော့မြှူပါ။

ကလေးကို တခြားအာရုံပြောင်းအောင် ချော့မြှူတာလည်းရနိုင်ပါတယ်။ ကလေးကို ပုခက်လွှဲပေးတာ၊ လမ်းလျှောက်ပြီးခေါ်သွားပေးတာ၊ ကားလျှောက်မောင်းပြတာ၊ အသံထွက်တဲ့အရာတွေနဲ့ အာရုံပြောင်းတာလုပ်ပေးနိုင်ပါတယ်။

၅။ မိခင်အစားအသောက်ကို ဂရုစိုက်ပါ။

ခိုင်မာတိကျတဲ့ အထောက်အထားတွေ မရှိပေမယ့် မိခင်နို့ တိုက်တဲ့ ကလေးတွေမှာ လေနာဖြစ်တာက မိခင်ရဲ့ အစားအသောက်နဲ့လည်းဆိုင်တယ်လို့ ယူဆချက်တွေ ရှိပါတယ်။ လိုလိုမယ်မယ် ဒီအစားအသောက်တွေ ရှောင်နိုင်ရင်တော့ ပိုကောင်းပါမယ်။

  • အရက်
  • ဆေးလိပ်
  • အားဖြည့် အချိုရည်တွေ
  • ပူစပ်တဲ့ အစားအသောက်တွေ
  • ကော်ဖီ
  • ကြက်သွန်နီ
  • ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း
  • အသင့်စား အစားအသောက်တွေ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/parenting/baby/colic-directory

https://www.webmd.com/parenting/baby/qa/what-is-colic

https://www.webmd.com/parenting/baby/qa/how-is-colic-treated

https://www.webmd.com/parenting/baby/colic-treatments#2

ယခုပုံစံ

02/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား

ကလေးလေနာရောဂါ ကိုဘယ်လိုသက်သာအောင်လုပ်ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement