နားရောင်ခြင်း
ကလေးများ၏ အရိုးစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နားသည်လည်း အပြည့်အ၀ မဖွံဖြိုးသေးပါ။ သေးငယ်သည့် နားအခေါင်းနှင့် တိုတောင်းသော ယူစတက်ချီရမ်ပြွန်လေးများကို ဘက်တီးရီးယားများ အလွယ်တကူ ထိုးဖောက်နိုင်၏။ ထို့ကြောင့် ကလေးများသည် အားနည်းပြီး ပိုးကူးနိုင်သည် ရောင်ရမ်းနိုင်သည်ဟု သိထားရပါမည်။ နားရောင်ခြင်းအမျိုးမျိုးရှိပါသည်။ အပြင်နားရောင်ခြင်း၊ အလယ်နားရောင်ခြင်း၊ အတွင်းနားရောင်ခြင်း တို့ဖြစ်သည်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
- ညှင်းခူ သို့ psoriasis အရေပြားရောဂါ
- နားသည်အတော်ကြာအောင် စိုထိုင်းနေလျှင်
- ဘက်တီးရီးယားပိုးဝင်ခြင်း
- နားခွဲစိတ်ပြီးနောက်
လက္ခဏာများ
- နားအခေါင်းနှင့် နားသီးတွင် ယားယံခြင်း သို့ ပြင်းထန်စွာ နာကျင်ခြင်း
- အဝါရောင်အရည်များ စီးကျခြင်းကို တစ်ခါတစ်ရံ တွေ့ရှိနိုင်သည်။
- ပြင်းထန်သော ကိစ္စများတွင် နားသည် နီရဲနေကာ လူနာလည်း ဖျားခြင်း ခေါင်းမူးခြင်းများကို ခံစားရပါလိမ့်မည်။
- အိပ်မရခြင်း
ကုသမှုများ
- နားအစက်ချဆေး
- နာကျင်မှုကိုသက်သာစေရန် အကိုက်အကဲပျောက်သောက်ဆေးများ
- တချို့ဖြစ်ရပ်များတွင် ပဋိဇီဝဆေးများပေးခြင်း
- တချို့တွင် ဆရာဝန်သည် သေးသည့်ပြွန်ကို နားစည်ထဲထည့်ပြီး ပြည်များကို စုပ်ပေးပါလိမ့်မည်။
- အလွန်နာကျင်သည့်အခြေအနေတွင် ဆရာဝန်ဆီ ကလေးကို တတ်နိုင်သမျှ မြန်မြန်ခေါ်သွားပေးပါ။
သွားပိုးစားခြင်း
ကလေးများသည် ချိုချဉ်၊ ကိတ်မုန့်။ အချိုရည်များကို အလွန်ကြိုက်ကြ၏။ ထို့ကြောင့် ကလေးများတွင် တွေ့ရများသော ရောဂါတစ်ခုမှာ သွားပိုးစားခြင်းပင်ဖြစ်သည်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
- ဘက်တီးရီးယားများသည် သကြားကို အချဉ်ဖောက်ပြီး အက်စစ်များထုတ်ကာ သွားကြွေလွှာများကို ဖျက်ဆီးနိုင်ပါသည်။
- စားသောက်သည့် အမူအကျင့်
- လူမှုစီးပွားရေးဆိုင်ရာ အချက်များ
လက္ခဏာများ
- အညိုရောင် သို့ အမည်းရောင်အကွက်များ သွားတွင်ပေါ်ခြင်း
- သွားဖုံးကြွခြင်း သို့ သွေးထွက်ခြင်း
- ဖျားခြင်း၊ ရောင်ခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်း စသည့် ပိုးကူးစက်မှု လက္ခဏာများ
- ခံတွင်းနံ့နံခြင်း
ကလေးတွင် အထက်ပါလက္ခဏာများ ပြနေပါက သွားဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန်ပြပေးပါ။ သွားပိုးစားမှု ပျံသွားလျှင် ကလေး၌ ပြင်းထန်သည့်ကုထုံးများနှင့် ရင်ဆိုင်ရနိုင်သလို သွားဆုံးရှုံးမှုများ ဖြစ်သွားစေနိုင်ပါသည်။
ကုသမှုများ
- ချဉ်သည့်အစာများကို မကျွေးပါနဲ့။
- သစ်သီးဖျော်ရည် အထူးသဖြင့် ချဉ်သောဖျော်ရည်များ
- ဖျော်ရည်၊ နို့ဗူး၊ နွားနို့တို့အစား ရေနှင့်အစားထိုးပါ။
ကလေးများတွင်ဖြစ်တတ်သော အဖြစ်များသည့်ရောဂါများ ရှိပါသေးသည်။ သို့သော် ဤဆောင်းပါးသည် ကလေးကို ဖြစ်စေနိုင်မည့် သိသာသော အခြေအနေများကိုသာ ဦးစားပေးတင်ပြခြင်းဖြစ်သည်။ ကလေးကို ကာကွယ်စောင့်ရှောက်ကာ ကျန်းမာအောင်ပြုစုပေးခြင်းသည် အကောင်ဆုံးပင် ဖြစ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။