ဘာလုပ်ရမလဲ။
ကလေးက လေနာဖြစ်နေတာလားဆိုတာကိုတော့ အရင်သေချာအောင်လုပ်ပါ။ ကလေးအနှီးစိုနေလား၊ သေးခံစိုနေလား၊ အင်အင်းပါ ရှူရှူးပေါက်လုပ်ထားလား၊ ဗိုက်ဆာနေလား။ ကိုယ်ပူနေလား၊ ဒါမှမဟုတ် အင်းဆက်လို အကောင်တစ်ခုခုများကိုက်ခံထားရလားဆိုတာတွေကို သေချာအောင်လုပ်ပါ။ လေနာဆိုတာသေချာပြီဆိုရင်တော့ ထူးထူးခြားခြားကတော့ ဘာမှလုပ်စရမလိုပါ။ အချိန်တန်ပျောက်သွားမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကလေးကို မကြည့်ရက်အောင်ဖြစ်နေတယ်ဆိုရင်တော့ သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းတချို့ရှိတယ်။
၁။ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကိုရှောင်ပါ။
လေ့လာမှုတွေအရ ဆေးလိပ်သောက်သုံးတဲ့ မိခင်တွေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့ မိခင်တွေရဲ့ ကလေးငယ်တွေမှာ လေနာဝေဒနာဖြစ်တာများတယ်လို့တွေ့ ရှိခဲ့ရပါတယ်။ စီးကရက်ငွေ့ကို ကိုယ်ဝန်ဆောင်မိခင်ကရှုရှိုက်မိတဲ့အခါ မွေးလာမယ့် ကလေးမှာလေနာပါနိုင်တာကြောင့်မိခင်လောင်းတွေအနေနဲ့ ကလေးလေနာကင်းဖို့ဆိုရင် ကိုယ်ဝန်ဆောင်အချိန်မှာကတည်းက ကိုယ်တိုင်ဆေးလိပ်သောက်တာကိုရော တဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်တာကိုပါရှောင်ကြဉ်ပါ။ မွေးကင်းစအရွယ်မှာလည်း ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့ ကာကွယ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။