ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ပြင်းထန်စွာဗိုက်နာခြင်း၊ သွေးထွက်လွန်ခြင်း၊ အသက်ရှုခြင်းဆိုင်ရာပြသနာများ ဖြစ်တဲ့ အသက်ရှုခက်ခဲခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပါတယ်။
တားဆီးကာကွယ်ခြင်း။
သိပ္ပံ ပညာရှင်များကတော့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို လုပ်ကြည့်နေကြဆဲဖြစ်ပါတယ်။ သင့်ကလေးတွေကို သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ လျှော့ချဖို့အတွက်ကတော့ ခြင်ကိုက်ခြင်းကနေ နည်းနိုင်သမျှနည်းအောင် လျှော့ချဖို့ ကတော့အကောင်းဆုံးပါပဲ။ အောက်ပါ နည်းလမ်းတွေကတော့ ကာကွယ်လို့ရမယ့်နည်းလေးတွေဖြစ်ပါတယ်။
- ပိုးမွှားများ မလာစေတဲ့ ဆေးများအသုံးပြုခြင်း။ ကလေးတွေကတော့ DEET ကို ပုံမှန်အတိုင်း ၅၀%ပါတာကိုမသုံးပဲ ၁၅-၃၀% ပါတဲ့ဟာကိုသာသုံးသင့်ပါတယ်။
- ကလေးတွေကို ခြင်ထောင်အောက်မှာ သို့မဟုတ် လေအေးပေးစက် နဲ့ အိပ်စက်ခိုင်းပါ။
- ရေစီးရေလာမကောင်းတဲ့ မြောင်းများ၊ချောင်းများ သို့မဟုတ် ငါးသားလောင်းလေးများပေါက်နိုင်တဲ့ ရေတွေကို ဖုံးကာထားခြင်းနဲ့ ခြင်များက သူတို့ဥတွေကို မဥအောင်ကာထားရပါမယ်။
- လုံခြုံတဲ့အဝတ်အစားတွေဝတ်ပါ။ အရောင်တောက်တောက်ရှိတဲ့ အဝတ်အစား အရှည်တွေကို ဝတ်ပေးပါ။
ကုသမှုများ။
သွေးလွန်တုပ်ကွေးရောဂါဆိုတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်သောကြောင့်သင့်ကလေးကို ပိုးသတ်ဆေးပေးခြင်းက ပြသနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်တာတွေပေးတာအပြင် သင်က သင့်ကလေးနေမြန်မြန်ကောင်းနိုင်ဖို့အတွက်-
- သင့်ကလေးကို ရေများများသောက်စေခြင်း သို့မဟုတ် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ခြင်း
- အနားယူနိုင်သမျှယူစေခြင်း
- ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုကျွေးပေးပါ။
တစ်ချို့အခြေအနေတွေမှာတော့ နာကျင်မှုဒဏ်ကို မခံနိုင်ပါက ကလေးတွေကို အဖျားကျအောင် အနာသက်သာစေဖို့ အနာသက်သာဆေးလေးတွေပေးလို့ရပါတယ်။သို့သော်လည်း သွေးထွက်ခြင်းဖြစ်မှာစိုးလို့ aspirin ,ibuprofen အသုံးပြုမှုကိုတော့ တားမြစ်ထားပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။