မွေးခါစ ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးထားသော ကလေးငယ်များသည် နားကူးစက်ရောဂါပိုး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော၊ ဆေးရုံတက်ရခြင်း နှင့် ဆရာဝန်ဆီသို့ သွားရောက်ရခြင်း စသည်တို့ အဖြစ်နည်းကြသည်။
ယေဘူယျအားဖြင့် မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်၏ ဉာဏ်ရည် (အိုင်ကျူ) ဖွံ့ဖြိုးမှု နှင့် ဆက်စပ်နေသည်။ ကလေးငယ်၏ ကိုယ်အလေးချိန်ကို မှန်ကန်စွာ ဖွံ့ဖြိုးစေသည်။ ထို့အပြင် ရင်သွေးငယ် နှင့် မိခင်ကြား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရင်းနှီးမှု ပိုမိုများစေပြီး သံယောဇဉ်ပိုမိုရှိစေသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် SIDS (Sudden Infant Death Syndrome) ဟုခေါ်သော ရုတ်တရက် ရင်သွေးငယ်သေဆုံးခြင်းရောဂါ ကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။
မိခင်နို့ တိုက်ကျွေးခြင်းသည် မိခင်အတွက် အကျိုးကျေးဇူးရှိစေသလား
မိခင်နို့တိုက်ကျွေးခြင်းသည် အမြင်အရ ပင်ပန်းသောအလုပ်မဟုတ်ဟု ထင်ရသော်လည်း မိခင်နို့တိုက်ကျွေးခြင်းသည် ကယ်လိုရီကို အနည်းငယ်ထိရောက်စွာ လောင်ကျွမ်းစေနိုင်သည်။ ထို့ကြောင့် မိခင်နို့တိုက်ကျွေးသော မိခင်သည် ကိုယ်အလေးချိန်အကျမြန်နိုင်သည်။
မိခင်နို့တိုက်ကျွေးခြင်းသည် အောက်စီတိုစင်ဟော်မုန်းထွက်ခြင်းကို လှုံ့ဆော်ပေးပြီး သားအိမ်ကို မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိနိုင်ရန် ကူညီပေးခြင်း နှင့် မီးဖွားပြီး သားအိမ်မှ သွေးသွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။