backup og meta

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ် ကြပါသတဲ့။ တံတွေးတွေ ထွက်အောင် အထိ တဗူးဗူးနဲ့ ဗူးမှုတ်တတ်တဲ့ ကလေးတွေ၊ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ ကလေးတွေက စကား စပြောတတ်ဖို့ ပိုလွယ်တယ်လို့ အင်္ဂလန်နိုင်ငံ Lancaster Universityရဲ့ သုတေသနကဖော်ပြခဲ့ပါတယ်။

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်

ဗူးမှုတ်တတ်တဲ့ ကလေးတွေ စကားပိုတတ်လွယ် တယ်လို့ ပြောရတာက နှုတ်ခမ်း လှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ ဘာသာစကား စွမ်းရည်တွေကြားမှာ ဆက်နွှယ်မှု ကြီးမားတယ်လို့ သုတေသီတွေက ပြောပါတယ်။

ကလေးတွေကို လျှာနဲ့ နှုတ်ခမ်း သပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်း လုပ်ပေးတာကမှ စကားလုံးတွေ အသံ ထွက်တတ်လာအောင် သူတို့ရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

သုတေသနမှာ အသက် တစ်နှစ်ခွဲ အရွယ် ကလေးငယ် အယောက် ၁၂၀ ကျော်ကို လေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေ သင်ယူမှု ပိုမြန်တာ ဖြစ်ပါတယ်။ လေ့လာမှု ရလဒ်တွေ အရ နှုတ်ခမ်း လှုပ်ရှားမှု သိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကား စွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီ Dr Katie Alcock ကပြောပါတယ်။

ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှုများများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးကစကားပိုတတ်ကြတယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။

ကလေးတွေက တစ်နှစ်ခွဲ ရောက်တဲ့ အခါ ထက်ဝက်လောက်က စကားလုံး ၁၀၀ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တစ်ဝက် ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကား တတ်တာ အရမ်း နည်းတယ်။” လို့ သူက ပြောပါတယ်။

ကလေးကို စကား တတ်စေချင်၊ ဘာသာစကား ကျွမ်းကျင်စေချင်ရင် ဗူးမှုတ်မှာကို မကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။

  • ကလေးက လုပ်လိုက်တဲ့ အသံလေးတွေ အတိုင်း အသံ လိုက်ထွက်ပေးပါ။ ကလေးနဲ့ စကား ပြောပါ။ စကား ပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေ ထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။
  • ကလေးကို သီချင်း ဆိုပြပါ။ မြန်မာ ဓလေ့အရ ပုခက်လေးထဲ ထည့် သီချင်း ဆိုသိပ်တာ သိပ်ကောင်းတဲ့ နည်းပါ။ အသံ အနိမ့်အမြင့်အမျိုးမျိုး နဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်း ဆိုပါ။
  • ကလေး မှတ်မိလောက်တဲ့ ဆိုနေကျ သီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်း လိုက်လှုပ်သလား ကြည့်ပါ။
  • ကလေးနဲ့ ရွယ်တူလို အဖော်လုပ် ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလို လုပ်ပြီးသူနဲ့ စကား ပြောနေသယောင် လုပ်ပေးပါ။
  • သင့်ကလေးက သင့်အသံ အမြဲ ကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏ စကားပြောပေးပါ။ အထူးသဖြင့် သူ့ကို စကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သား လှုပ်ရှားတဲ့ တုံ့ပြန်မှု ဖြစ်လာအောင် ကြိုးစားပါ။ ဥပမာ မြှူလိုက်လို့ ပြန်ရယ်ပြတာ ဆိုရင် မျက်နှာ ကြွက်သား လှုပ်ရှားပါလိမ့်မယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.telegraph.co.uk/news/uknews/1522042/Speaking-is-easier-for-children-who-blow-bubbles.html

Accessed Mar 15, 2019.

https://www.medicalnewstoday.com/articles/45889.php

Accessed Mar 15, 2019.

ယခုပုံစံ

22/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

သင့်ကလေး ပထမဆုံးပြောမည့် စကားလုံးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ