- ကလေးဝမ်းက အနီရောင်ဆိုရင် သိပ်လည်းလန့်မသွားပါနဲ့ဦး။ မေမေစားတဲ့အစားအသောက်တွေထဲမှာ အနီရောင်တွေပါသွားရင် ကလေးကို ရောက်ပြီး ဝမ်းက အနီရောင်ဖြစ်နေတတ်ပါတယ်။ ( ဥပမာ၊ သကြားမုန်လာ၊ နဂါးမောက်သီးတို့လို အရောင်ရင့်တာမျိုးတွေစားထားတဲ့ အခါမှာပေါ့)
- အရောင်ရင့်တဲ့အစားအစာတွေ စားမထားဘူးဆိုရင်တော့ သင့်ကလေးသွားတဲ့ အနီရောင်ဝမ်းဟာ နို့နဲ့ ဓာတ်မတည့်တာ ( ဒါမှမဟုတ်) စအိုဝကွဲတာကြောင့် သွေးနဲ့ဝမ်းရောသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးဆရာဝန်နဲ့ တိုင်ပင်ကြည့်တာပါပဲ။
ဝမ်းအရောင်ဖြူ။ ။
- ဝမ်းအရောင်ဖြူနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အစာခြေစနစ်ကို ကူညီပေးတဲ့ သည်းခြေရည်တွေ သင့်ကလေးဆီမှာ အလုံအလောက်မထွက်သေးဘူဆိုတာကို ပြောချင်တာပါ။ ဥပမာ သည်းခြေပြွန် ပိတ်တာမျိုးပေါ့။
- ကလေးဝမ်းအရောင် အဖြူရောင်တွေသွားနေပြီ ဆိုရင် စိုးရိမ်ရတဲ့အတွက် ကလေးဆရာဝန်ဆီ အမြန်ဆုံးသွားပြစေချင်ပါတယ်။
ဘယ်လို ဝမ်းတွေ သင့်ကလေးသွားနေပြီဆို ဆရာဝန် ဆီ သွားပြဖို့လိုအပ်လဲ ။ ။
- ကလေးဝမ်းက အရည်တွေပဲသွားနေပြီး အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေဖြစ်နေမယ်ဆို အူလမ်းကြောင်းကို ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီအမြန်ဆုံးသွားပြဖိုလိုပါတယ်။ ပေါ့ပေါဆဆ နေလိုက်မိတယ်ဆိုရင် ဝမ်းအသွားများပြီး ကလေးမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်သွားနိုင်လို့ပါ။
- ကျောက်စရစ်ခဲလိုမျိုး ဝမ်းမာမာလေးတွေ တစ်လုံးချင်း သင့်ကလေးသွားနေပြီဆိုရင် ဒါ ဝမ်းချုပ်တာဖြစ်နေနိုင်ပါတယ်။ ဖြည့်စွက်စာ စားတဲ့အချိန်မှာ အသီးအရွက်သိပ်မစားတဲ့ကလေးတွေဆို ဝမ်းချုပ်တတ်ကြပါတယ်၊ ဝမ်းချုပ်တာများသွားရင်လည်း စအိုကွဲတာ၊ လိပ်ခေါင်းထွက်လာတာမျိုးတွေ ဆက်ဖြစ်နိုင်တဲ့အတွက် ကလေးဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ ကျွေးစေချင်ပါတယ်။ အသီးအရွက်တွေကျွေးတာတောင် ကလေးကဆက်ဝမ်းချုပ်နေတုန်းဆိုရင် ကလေးဆရာဝန်ဆီသွားပြီးမှ ကလေးသောက်သင့်တဲ့ ဝမ်းနှုတ်ဆေးကို တိုက်ပါ။
- ကလေးဝမ်းထဲသွေးပါနေပြီဆိုရင် ကလေးကဝမ်းချုပ်တတ်တဲ့သူဆို လိပ်ခေါင်းကို အရင်စဉ်းစားပါ။ ဝမ်းကလည်း လျှောတယ်၊ ဝမ်းထဲသွေးလည်းပါတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးဝမ်းကပုံမှန်ပဲ။ ဒါပေမယ့် သွေးရောင်လိုမျိုး နီနီလေးတွေ ပါနေတယ်ဆိုရင် နို့နဲ့ ဓာတ်မတည့်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ အနီရောင်အစားအစာတွေ ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေသေချာသိဖို့ ကလေးဆရာဝန်တွေကသာ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်မှာပါ။ ။
ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။