backup og meta

17 လအရွယ်ကလေး


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    17 လအရွယ်ကလေး

    ၁၇လအရွယ်ကလေးအကြောင်းသင်ဘာတွေသိဖို့လိုအပ်သလဲ။

    ဖွံ့ဖြိုးကြီးထွားလာမှုနဲ့ အပြုအမူများ

    ကလေးဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ

    သင့်ကလေးဟာခုဆို ၁၇လရှိပါပြီ။ သင့်ကလေးဆီကအသံတချို့ထွက်လာတာသင်သတိထားမိမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာကြောက်ကြောက်လန့်လန့်အော်လိုက်တဲ့အသံပါ။ သင့်မှာအော်ဟစ်တတ်တဲ့ကလေးမရှိတဲ့အတွက် သင်ကံကောင်းတယ်လို့ ခုတော့သင်ထင်နေမှာပဲ။ စဉ်းစားကြည့်ပါ။ သင်ဟာအခုအော်တတ်တဲ့ကလေးရဲ့မိဘတစ်ယောက်ဆိုရင်ရော။ ဒီအချိန်တွေဟာသိပ်ကြာမှာမဟုတ်တဲ့အတွက်စိတ်ပူဖို့တော့မလိုအပ်ပါဘူး။ သင့်ကလေးဟာသူအသံထွက်နိုင်မှန်းသိပြီးတဲ့နောက် သူ့အသံဘယ်လောက်ထိကျယ်နိုင်လဲလို့ စမ်းသပ်နေတာပါ။ ဒါကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ လျစ်လျူရှုထားခြင်းပါပဲ။ သင်ဂရုစိုက်နေလေလေသူကပိုပြီးအော်ချင်လေလေဖြစ်မှာပါ။

    ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။

    သင့်ကလေးဟာ လျှာနဲ့ ပါးစပ်ကြွက်သားတွေ သန်မာလာတဲ့အလျောက် အသံထွက်ကလည်းပိုပြီးတိုးတက်လာပါလိမ့်မယ်။ သူပြောတဲ့စကားကိုထပ်ခါထပ်ခါ ပြန်ပြောခိုင်းပါ။ ဒီလိုလုပ်ခြင်းဟာအသံထွက်မှန်ကန်လာစေပြီးဖခင်နဲ့အခြားသူတွေကိုနားလည်သွားအောင်လုပ်ပေးနိုင်မှာပါ။ အချိန်နဲ့ စိတ်ရှည်သည်းခံမှုတွေနဲ့အတူကလေးတွေဟာအမြဲတမ်းဒီအခြေအနေကနေ ကြီးလာကြတာပါ။

    သင့်ကလေးဟာသင့်နားနားကပ်ပြီးအော်ဟစ်ပစ်နိုင်ပါတယ်။ အဲ့လိုအော်ဟစ်ခြင်းဟာသင့်နားကိုနာကျင်စေတယ်ဆိုတာသူတို့ကိုရှင်းပြပါ။ ပြီးတော့ သူပုံမှန်အသံနဲ့ မပြောမချင်းသူ့ကိုတုံ့ပြန်မှာမဟုတ်ဘူးဆိုတာပြောပြပါ။ သူ့ကိုအဲ့ဒါတွေပြောနေတဲ့အချိန်မှာလည်းမအော်မိပါစေနဲ့။ “ ဒါကသားရဲ့ အပြင်အသံလေဒီအသံကိုပန်းခြံထဲမှာကစားကွင်းထဲမှာကစားတအဲ့ခါ သုံးကြတာပေါ့” လို့ပြောပါ။ ကလေးစကားနားထောင်တာအာရုံစိုက်တာကိုသင်တကယ်လိုချင်တယ်ဆိုရင်တော့ သူ့ကိုစကားပြောတဲ့အချိန်မှာလေသံကိုလျှော့ပြီးတိုးတိုးလေးပြောပါ။

    အစာကျွေးချိန်တိုင်းမှာ မျှတတဲ့ပေါင်းစပ်မှုပုံစံနဲ့ကျွေးကြည့်ပါ။ တကယ်လို့သင်ကကျန်းမာရေးနဲ့သင့်တော်တဲ့ အစာအုပ်စုပေါင်းစုံကအစာတွေကိုများများကျွေးမယ်ဆိုရင် သူကတစ်ချိန်မှာအသီးအရွက်ကြီးပဲစားပြီးနောက်တစ်ချိန်မှာ အနှံတွေကြီးပဲစားမယ်ဆိုရင်တောင် သူလိုအပ်တဲ့အာဟာရတွေကပြည့်စုံနေမှာပါ။ တစ်ပတ်လုံးမှာသူဘာတွေကိုအများဆုံးစားသလဲဆိုတာကသင့်ရဲ့အာဟာရပြည့်ဝတဲ့အရောအနှောတွေကို တစ်ရက်တည်းမှာသို့မဟုတ် အစာကျွေးချိန်တိုင်းမှာကျွေးနေတာထက်ပိုပြီးအရေးပါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေကိုရွေးချယ်တဲ့နေရာမှာသူတို့လိုအပ်တဲ့အာဟာရတွေနဲ့ လိုအပ်တဲ့ပမာဏကကလေးငယ်တွေက သဘာဝတရားအရကို ကောင်းမွန်စွာရွေးချယ်နိုင်ပါတယ်။

    ကျန်းမာရေးနဲ့ လုံခြုံရေး

    ဆရာဝန်နဲ့ဘာတွေကိုဆွေးနွေးသင့်လဲ။

    အောက်ပါအကြောင်းအရာတွေကိုသင့်ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။

    ကလေးဘယ်လိုအိပ်သလဲ။

    ဒီအရွယ်ကလေးအများစုဟာ ညဘက်မှာ၁၁နာရီလောက်အိပ်ပြီးနေ့လည်ဘက်ကိုတော့ ၂နာရီလောက်အိပ်စက်တတ်ပါတယ်။ ကလေးတွေဟာတက်ကြွနေတတ်ပြီးသူတို့ဖာသာအလုပ်ရှုပ်နေတတ်တာကြောင့် ညဘက်အိပ်ရာဝင်ချိန်ကတော့ တကယ့်တိုက်ပွဲပါပဲ။ သင့်ကလေးဟာအမှောင်နဲ့ တစ်ယောက်တည်းဖြစ်နေမှာကိုကြောက်တာကြောင့်လည်းညဘက် အိပ်ရာဝင်ဖို့ ငြင်းဆန်နေတာလည်းဖြစ်နိုင်ပါတယ်။

    ကလေးဘယ်လိုစားသလဲ။

    သင့်ကလေးဟာစားစရာတွေကို မျှမျှတတအစုံစားသလားဆိုတာကိုသိရမှာဖြစ်လို့ ဆရာဝန်က ဒီမေးခွန်းကိုမေးနိုင်ပါတယ်။ သူကကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေကိုကျွေးဖို့ အကြံပြုမှာပါ။ ဒါမှမဟုတ်လည်းအစာစားချိန်မှာသင့်ရဲ့အလုပ်ရှုပ်နေတဲ့ကလေးကိုထိုင်ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်စားဖို့အတွက် နည်းလမ်းတွေကိုလည်းအကြံပြုနိုင်ပါသေးတယ်။ ဒါကြောင့်လည်း ၁၈လအရွယ်ကလေးအများစုဟာ ကလေးထိုင်ခုံပေါ်မှာခါးပတ်တွေပတ်ပြီးထမင်းစားရတာပေါ့။

    သင့်ကလေးဟာအိမ်သာသွားတတ်ဖို့သင်ယူလိုကြောင်း ပြသလား။

    အသက် ၁၈လကနေ ၂၄လထိ ကလေးငယ်တော်တော်များများဟာအိမ်သာသွားတတ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာစိတ်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ တိုးတက်လာကြပါပြီ။ သူတို့ရဲ့ဘောင်းဘီတွေကိုအလွယ်တကူ ဝတ်နိုင်ချွတ်နိုင်တာမျိုးတွေပေါ့။ အချို့ကလေးတွေကတော့ အသက်၄နှစ်ပြည့်ပြီးတဲ့ထိတောင် ဒါတွေကိုသင်ယူဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။

    သင့်ကလေးလမ်းလျှောက်တတ်ပြီလား။

    ခုချိန်မှာသင့်ကလေးလေးဟာစပြီးလမ်းလျှောက်သင့်နေပါပြီ။ ကလေးတွေဟာ ၉လကနေ ၁၈လအတွင်းမှာ လမ်းလျှောက်သင်ကြပါတယ်။ တကယ်လို့သူဟာခြေဖျားလေးတွေထောက်ပြီးလမ်းလျှောက်နေတယ် ဒါမှမဟုတ် စောင်းစောင်းကြီးလျှောက်နေတယ်ဆိုရင် ဆရာဝန်ကိုပြောပြပါ။ ကလေးရဲ့ သွားလာမှုအခြေအနေကိုသူကအကဲဖြတ်ပါလိမ့်မယ်။

    သူဟာအရမ်းစိတ်တိုဒေါသထွက်တတ်ပြီးကိစ္စတော်တော်များများကို ငြင်းဆန်နေတတ်သလား။

    ၁၈လအရွယ်ကလေးအများစုဟာ မလိုချင်ဘူးမလုပ်ချင်ဘူးလို့ ပြောရတာကိုနှစ်သက်ပြီးဒါကိုပဲခဏခဏပြောချင်နေကြတယ်။ ဒါဟာကိုယ်ပိုင်ရပ်တည်မှုနဲ့ ဘာသာစကားအရာမှာတိုးတက်လာမှုကိုပြပါတယ်။

    ဘာတွေကိုသိသင့်သလဲ။

    ဆရာဝန်နဲ့သွားတွေ့တဲ့အခါ ဘာတွေလုပ်ထားရမလဲဆိုတာသိထားဖို့လိုအပ်ပါတယ်။ ဆရာဝန်က အောက်ပါအချက်တွေကိုလုပ်ဆောင်နိုင်ပါတယ်။

    • သင့်ကလေးဟာကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်းကြီးထွားနေသလားဆိုတာသိဖို့ အလေးချိန်နဲ့ လိုအပ်တဲ့အချက်တွေကိုတိုင်းတာပါမယ်။
    • နှလုံးနဲ့ အသက်ရှူပုံကိုစစ်ဆေးမယ်။
    • နားနဲ့မျက်လုံးစစ်မယ်။
    • ဦးနှောက်ကြီးထွားမှုကိုမျက်ခြေမပြတ်ဖို့အတွက် ကလေးရဲ့ဦးခေါင်းအရွယ်အစားကိုတိုင်းမယ်။
    • ရှေ့မှာပြနေတုန်းကမလုပ်ရသေးတဲ့ DTapတို့ HepAစတဲ့ရောဂါတွေကိုကာကွယ်နိုင်မယ့် ခုခံအားကောင်းစေတဲ့ဆေးတွေပေးမယ်။
    • အအေးမိတာ၊ တုပ်ကွေးမိတာနဲ့ နားရောဂါဖြစ်တာတွေရဲ့ လက္ခဏာတွေကိုဘယ်လိုသတိထားရမလဲဆိုတာပြောပြပါလိမ့်မယ်။
    • စည်းကမ်းရှိဖို့နဲ့ အိမ်သာသွားတတ်ဖို့သင်ပေးတာနဲ့ပတ်သက်ပြီးသင်မေးတာမှန်သမျှကိုဖြေပေးပါလိမ့်မယ်။
    • သင့်ကလေးရဲ့အပြုအမူတွေ ဖွံ့ဖြိုးကြီးထွားလာမှုတွေနဲ့ ဒေါသဖြစ်ရခြင်းတွေအကြောင်းကိုသေချာရှင်းပြပါလိမ့်မယ်။
    • တကယ်လို့သင့်ကလေးမှာ အန္တရာယ်ဖြစ်နိုင်တဲ့အချက်တွေတွေ့ခဲ့ရင် သွေးအားနည်းခြင်း နဲ့ ခဲဆိပ်သင့်ခြင်းတွေအတွက် သွေးစစ်ပါလိမ့်မယ်။

    စိုးရိမ်ပူပန်မှုများ

    ဘာတွေကိုစိတ်ပူနေတာလဲ။

    သင့်ကလေးမတော်တဆတစ်ခုခုဖြစ်သွားမှာကိုသင်စိတ်ပူနေမှာပါ။ မတော်တဆမှုတွေဟာစိတ်ဖိစီးမှုများစရာကောင်းတဲ့အချိန် အလုပ်တွေရှုပ်နေတဲ့အချိန်မျိုးမှာ (မနက်အလုပ်သွားခါနီးအချိန်၊ ညနေစာမစားခင်၊ ဧည့်သည်တွေလာလို့ ဧည့်ခံနေရတဲ့အချိန်တွေနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မျိုးတွေ) ဖြစ်လေ့ရှိပါတယ်။ ဒီအချိန်တွေဟာမိဘတွေခဏတာသူတို့ကိုသတိမထားမိတဲ့အချိန်မျိုးတွေပါ။

    ဒီအချက်တွေကိုသတိထားလိုက်ခြင်းအားဖြင့် သင့်ကလေးလုံခြုံစိတ်ချစွာကစားနိုင်ဖို့ သင့်ကိုဖြည်းဖြည်းချင်းကူညီပါလိမ့်မယ်။ သင်သူ့ကိုအချိန်ပြည့် စက္ကန့်မလပ် မကြည့်နေနိုင်ဘူးဆိုရင်တော့ အသက်၁၇လအရွယ်ကလေးက ကစားကွင်းထဲသွားကစားဖို့ ငယ်လွန်းပါသေးတယ်။

    နောက်လမှာသင့်ကလေးဘယ်လိုဆက်လက်ဖွံ့ဖြိုးလာမလဲ ကြည့်ကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement