backup og meta

မျှဝေပါ။

သင့်ကလေးကို တို့ဖူး ကျွေးမယ်ဆိုရင် သင်ဘာတွေသိထားသင့်သလဲ

တို့ဖူးဟာပရိုတင်းဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသင့်အတင့်စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ တို့ဖူးရဲ့ကောင်းကျိုးတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေကို ယေဘုယျဖော်ပြပေးထားပါတယ်။

တို့ဖူးဆိုတာဘာလဲ။

တို့ဖူးကို ပဲပိစပ်ကနေထုတ်လုပ်ထားတာဖြစ်ပြီး အာရှတိုက်နိုင်ငံအတော်များများမှာ ကာလကြာရှည်စွာ စားသုံးလာခဲ့ကြပြီး ဖြစ်ပါတယ်။ တို့ဖူးမှာ သံဓါတ်၊ ပရိုတင်းဓါတ်နဲ့ကယ်လ်စီယမ်ဓါတ်တို့ပါဝင်ပါတယ်။ တို့ဖူးမှာ ပရိုတင်းဓါတ် ၉ ဂရမ်လောက်ပါဝင်ပါတယ်။ တို့ဖူးအမာတုံးမှာ fatty acids၊ ကယ်လ်စီယမ်နဲ့ပရိုတင်းဓါတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ဓါတ်မတည့်တဲ့ကလေးတွေအတွက် တို့ဖူးကို အစားထိုးပြီး စားတာ အသင့်တော်ဆုံးလို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ နွားနို့ကနေရနိုင်တဲ့ အာဟာရဓါတ်တွေ အကုန်လုံး တို့ဖူးမှာပါဝင်နေလို့ပဲ ဖြစ်ပါသတဲ့။

ဒါပေမယ့် တို့ဖူးဟာ တကယ်တမ်းအကျိုးရှိလား မရှိလားဆိုတာ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ တို့ဖူးဟာ ပဲပိစပ်ကနေလုပ်ထားတာဖြစ်တဲ့အတွက် ပဲပိစပ်နဲ့မတည့်တဲ့ကလေးတွေကို တို့ဖူးကျွေးလို့မရပါဘူး။ ဒါ့အပြင် တချို့လေ့လာမှုတွေအရ တို့ဖူးဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အစားအစာတစ်ခု ဖြစ်တယ်လို့လည်း ဆိုပြန်ပါတယ်။

ဒါကြောင့် ဓါတ်မတည့်တာ ဖြစ်ကောင်းဖြစ်စေနိုင်မယ့် အစားအစာတွေကို ကျွေးတဲ့အခါ အရမ်းသတိထားကြဖို့ ကလေးဆရာဝန်တွေက အမြဲတမ်း သတိပေးနေတာဖြစ်ပါတယ်။

ကလေးကို တို့ဖူးဘယ်အချိန်မှာ ဘယ်လို စကျွေးရမလဲ။

သင့်ကလေးရဲ့ အစာချေအင်္ဂါအဖွဲ့အစည်းနဲ့အူလမ်းကြောင်းဟာ တို့ဖူးကို ကျေညက်အောင်မချေဖျက်နိုင်ဖူးလို့တချို့ဆရာဝန်တွေက ယူဆထားကြပါတယ်။ ဒါပေမယ့် တချို့ကျပြန်တော့လည်း တို့ဖူးဟာ ကလေးတွေအတွက် အင်မတန်အစာကြေလွယ်တဲ့ အစားအစာဖြစ်တယ်လို့ဆိုကြပြန်ပါတယ်။ ဒါကြောင့် တို့ဖူးကို သင့်ကလေး အနည်းဆုံးအသက်ရှစ်လလောက်ရောက်မှသာ စတင်ကျွေးသင့်ပြီး ဒီထက်စောစောမကျွေးသင့်ပါဘူး။ တို့ဖူးကို ရေထည့်ထားတဲ့ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၇ ရက်လောက်အထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါပေမယ့်ခွက်ထဲကရေကိုတော့ နေ့တိုင်း ဒါမှမဟုတ်နှ စ်ရက်တစ်ခါလောက် လဲပေးဖို့လိုပါလိမ့်မယ်။

တို့ဖူးကိုကြိတ်ပစ် ၊ချေပစ်တာထက်စာရင်အတုံးလေးတွေ ဖြစ်အောင်တုံးတာက သင့်ကလေးကို တို့ဖူးစားဖို့ပိုပြီးဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် တို့ဖူးကိုကြိတ်ချေပြီး ဒိန်ခဲ ဒါမှမဟုတ်ေ ထာပတ်သီးနဲ့နယ်ကာအ သားညှပ်ပေါင်မုန့်နဲ့ရောပြီးလည်း ကျွေးနိုင်ပါသေးတယ်။

ကလေးကို တို့ဖူးမကျွေးခင် ဘာတွေသိထားသင့်သလဲ။

ကလေးကို တို့ဖူးကျွေးလို့မရတဲ့ အဓိကအကြောင်းရင်းက ပဲပိစပ် နဲ့ဓါတ်မတည့်တာပါပဲ။ ကလေးငယ်လေးတွေမှာ ဓါတ်မတည့်တာမျိုးဖြစ်ရင် အရမ်းအန္တရာယ်ကြီးပြီး နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆိုးရွားပြင်းထန်ပါတယ်။ ဒါကြောင့် ကလေးပေါက်စလေးတွေထက်စာရင် နည်းနည်းကြီးတဲ့ကလေးတွေကို တို့ဖူးကျွေးမှသာ ပိုစိတ်ချရပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ကလေးကို အစားအစာအသစ်တစ်မျိုးစမ်းပြီးကျွေးတော့မယ်ဆိုရင် ဆရာဝန်ဆီသွားရောက် အကြံဉာဏ်တောင်းခံဖို့ ဒါမှမဟုတ်စ စ်ဆေးမှုတချို့ ပြုလုပ်ဖို့ နှောင့်နှေးမနေပါနဲ့။

အားလုံးသိကြတဲ့အတိုင်း တို့ဖူးရဲ့အရသာဟာ အရမ်းကြီးမကောင်းတဲ့အတွက် တချို့လူကြီးတွေတောင်မှပဲ မကြိုက်ကြပါဘူး။ ဒါကြောင့် အချိုဓါတ် ဒါမှမဟုတ် အရောင်လှလှလေးတွေပါဝင်အောင် မလုပ်ထားဖူးဆိုရင် ကလေးတွေ တို့ဖူးစားအောင်ဆွဲဆောင်ဖို့ဆိုတာ နည်းနည်းတော့ခက်မှာဖြစ်တဲ့အတွက် အကောင်းဆုံးကတော့ တို့ဖူးကို တခြားအစားအစာတွေနဲ့ရောပြီး ကျွေးတာပါပဲ။ ဥပမာ တို့ဖူးကို သင့်ကလေးကြိုက်တတ်တဲ့ အသီးလေးတွေ (မက်မွန်သီး၊ဘယ်ရီသီး၊သစ်တော်သီးစသည်)နဲ့ရောကြိတ်ချေပြီး အဆာပြေအဖြစ် ကျွေးနိုင်မှာ ဖြစ်ပါတယ်။

ကလေးကို ကျွေးမယ့်အစားအစာတွေနဲ့ပတ်သက်လို့ သင့်မှာရွေးချယ်စရာတွေ အများအပြားရှိနေပါတယ်။ သင့်အနေနဲ့ကလေးပုံမှန်စားနေကျ အစားအစာတွေထဲကို တို့ဖူးပေါင်းထည့်သင့်၊ မထည့်သင့်နဲ့ပတ်သက်လို့ ဒွိဟပွားစရာတွေ ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://blog.ergobaby.com/2011/08/introducing-solids- time-for- tofu-and- other-new- foods/ accessed on 27 November 2016

http://wholesomebabyfood.momtastic.com/tofu.html accessed on 27 November 2016

http://www.healthguidance.org/entry/15105/1/Tofu-Baby- Food.html accessed on 27 November 2016

ယခုပုံစံ

10/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement