မိဘနှစ်ပါးရဲ့ မူလဘာသာစကား မတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုးလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။