backup og meta

ကလေးတွေအတွက် ကျန်းမာပျော်ရွှင်တဲ့စံပြပုဂ္ဂိုလ်အဖြစ် ဘယ်လိုနေသင့်လဲ

ကလေးတွေအတွက် ကျန်းမာပျော်ရွှင်တဲ့စံပြပုဂ္ဂိုလ်အဖြစ် ဘယ်လိုနေသင့်လဲ

ကလေးတွေအပေါ် အလွှမ်းမိုးနိုင်ဆုံးက မိဘတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ စားသောက်မှုစနစ်တစ်ခု ရရှိဖို့အတွက် သင်ကြားပြသပေးဖို့ အကောင်းဆုံးကလည်း မိဘတွေပါပဲ။ အစာအုပ်စုစုံလင်အောင် ကျွေးပါ။ ဒါမှ သင့်ကလေးက အဟာရ ပြည့်ဝနေမှာဖြစ်ပါတယ်။ ကလေးတွေအတွက် ကျန်းမာတဲ့ စားသောက်မှုဓလေ့တစ်ခု ပျိုးထောင်ပေးရတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သူတို့အတွက် ကျန်းမာတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် လိုအပ်ပါတယ်။

(၁) စံပြဖြစ်အောင် နေပါ

ကလေးတွေက အတုခိုးတဲ့နေရာမှာ တော်ပါတယ်။ သင်က အသီးတွေများများစားရင် သူတို့လည်း အသီးစားရတာ ကြိုက်လာပါလိမ့်မယ်။

(၂) ကလေးတွေနဲ့ ဈေးဝယ်ထွက်ပါ။

ဈေးဝယ်ထွက်ရင်းနဲ့ အာဟာရတန်ဖိုးတွေအကြောင်း သင်ပေးနိုင်ပါတယ်။ သူတို့ ဘာအသီးစားချင်လဲ ဆိုတာ သူတို့ကို ကိုယ်တိုင်ရွေးချယ်ခိုင်းပါ။

(၃) ပျော်စရာလေးတွေ ဖန်တီးပါ။

ကျန်းမာတဲ့အစားအစာတွေက ပျင်းဖို ကောင်းနေရင်လည်း မဖြစ်ပါဘူး။ ကွတ်ကီးလုပ်တဲ့ ပုံစံခွက်လေးတွေနဲ့ အသီးလေးတွေကို ဖြတ်ပြီး သူတို့ စိတ်ဝင်စားမယ့် ပုံစံမျိုးလုပ်ပါ။ သူတို့ကြိုက်တဲ့ပုံစံနဲ့ နာမည်လေးတွေပေးပြီး ပျော်ပါစေ။

(၄) အစားအသောက်အမယ်တွေ မသတ်မှတ်ပါနဲ့။

ကလေးတွေစိတ်တိုင်းကျ စားသောက်ဖို့ မရွေးချယ်ခိုင်းမပါစေနဲ့။ ကျန်းမာတဲ့ အစားအသောက်တွေအပေါ် စိတ်ဝင်စားဖို့ လုပ်တာက သာမန်ထက်တော့ ခက်ပါတယ်။

(၅) သကြားလုံး ဆုမပေးပါနှင့်။

သင်သူတို့ကို ချစ်ကြောင်း နမ်းတာ ဖက်တာနဲ့ ပြသနိုင်ပါတယ်။ သကြားလုံးပေးပြီး သင်ချစ်ကြောင်းပြရင် ဒါက တခြားအစားအသောက်တွေထက် တန်ဖိုးရှိတယ်လို့ ထင်သွားနိုင်ပါတယ်။

(၆) နွေးနွေးထွေးထွေးရှိပါစေ။

တီဗီနဲ့ ဖုန်းတွေကို ပိတ်သာထားလိုက်ပါ။ ထမင်းစားချိန်က မိသားစု အချိန်ဖြစ်ပါတယ်။ တနေ့တာ ဖြစ်ပျက်သမျှကို ပြန်ပြောနေတာမျိုးက ပျော်ဖို့ကောင်းပါတယ်။

(၇) ကလေးတွေရဲ့ အသံကို နားထောင်ပါ။

ကလေးတွေ ဗိုက်ဆာနေရင် ကျန်းမာတဲ့ သွားရည်စာကို စားပါစေ။ ရွေးချယ်စရာတွေ ချပြပါ။ ဥပမာ သူတို့က ပန်းစမ်းနဲ့ ဟင်းနုနွယ် ကြိုက်တယ်ဆိုရင် ဘာစားမလဲမေးပါ။

(၈) တက်ကြွဖျတ်လတ်စွာနေဖို့ အားပေးပါ။

တီဗီကြည့်ခိုင်းလို့ရပါတယ်။ ဒါပေမယ့် အချိန်ကန့်သတ်ချက်လေးတစ်ခု သတ်မှတ်ပေးပါ။ ကာတွန်းတစ်ပိုင်းနှစ်ပိုင်းလောက်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတာနဲ့ တီဗီပိတ်ခိုင်းပြီး အပြင်မှာ ထွက်ဆော့ဖို့သော်လည်းကောင်း အကြံပေးပါ။

(၉) အတူတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

အစားအသောက်တွေကို အတုယူသလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာလည်း အတူတူပါပဲ။ အပြင်မှာ လှုပ်ရှားရတဲ့ အစီအစဉ်တွေ လုပ်ပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ဘောလုံးကစားခြင်း ဘာပဲဖြစ်ဖြစ် ကလေးကြိုက်တဲ့ဟာတစ်ခုခုပါ။

(၁၀) ကောင်းတဲ့ခံစားမှုဖြစ်ပါစေ။

ကလေးကို အစားအစာသစ်တစ်ခု ကျွေးတော့မယ်ဆိုရင် အရင်ဆုံး ပြသပါ။ ဘယ်လို အနံအရသာရှိတယ်ဆိုတာ ရှင်းပြပါ။ သင့်ကလေး ဗိုက်ဆာနေတဲ့အခါ အာရုံခံစားမှုနည်းသွားပါတယ်။ ဒီအချိန်မှာ အစာအသစ်ကျွေးဖို့ ကြိုးစားသင့်ပါတယ်။

ကလေးတွေအတွက် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ စံပြဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်ပါတယ်။ သင့်အနေနဲ့ လုံလောက်တဲ့ အားစိုက်မှုနဲ့ စိတ်အားထက်သန်မှု ရှိဖို့ပဲ လိုအပ်ပါတယ်။ တတ်နိုင်သလောက် စိတ်ရှည်ပါ။ ကိုယ်အခုလုပ်နေတာတွေက ကလေးဘဝတစ်လျှောက်လုံးကို ကောင်းကျိုးပေးနိုင်တယ်ဆိုတာ သိထားပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference: Be a Healthy Role Model for Children. https://www.choosemyplate.gov/ten-tips-be-a-healthy-role-model Assessed September 17, 2016

ယခုပုံစံ

10/08/2022

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိဘသွေးအမျိုးအစားက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement