backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကလေးလေးကို အစာကျွေးဖို့ခက်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကလေးလေးကို အစာကျွေးဖို့ခက်နေသလား

ကလေးအများစုက အစာထွေးထုတ်ခြင်း၊ ကျွေးနေကျမဟုတ်တဲ့အစာတွေကို စားဖို့ငြင်းဆန်ရန်ကြိုးစားခြင်း၊ အချို့အချိန်တွေမှာ အစားစားဖို့ငြင်းခြင်းစတဲ့ အစားနဲ့ဆိုင်တဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သာ ကြည့်တတ်ကြပြီး ကလေးနေမကောင်းဖြစ်နေတယ်လို့ မမြင်တတ်ကြပါဘူး။ ကလေးက အချိန်အတော်ကြာ အစားကိုစိတ်မဝင်စားဘဲ အစာတွေ အရည်တွေကို ငြင်းနေမယ်ဆိုရင် သတိပြုရမယ့်ပြဿနာတွေရှိနေနိုင်ပါတယ်။

ကလေးအစားကျွေးမရခြင်းပြဿနာရဲ့ လက္ခဏာများ

အစားကျွေးမရတဲ့ကလေးတွေမှာ လက္ခဏာအတော်များများပြတတ်ပါတယ်။ တစ်ယောက်ချင်းစီက သက်ဆိုင်ရာအခြေအနေနဲ့ အစားကျွေးမရခြင်းပြဿနာအပြင်းအထန်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

အစာကျွေးမရတဲ့ကလေးငယ်တွေရဲ့ လက္ခဏာတွေက

  • အစာကျွေးနေစဉ် နောက်ကျောနဲ့ ကိုယ်တစ်ကိုယ်လုံး ကုန်းနေခြင်း
  • အစားကျွေးနေချိန် စိတ်ဝင်စားမှုမရှိခြင်း
  • အစာအစာ၊ အရည်တွေကို ငြင်းဆန်ခြင်း
  • အရောင်အဆင်းကွဲသွားတဲ့ အစာတွေကို ငြင်းဆန်ခြင်း
  • အစားစားချိန်ကြာလွန်းခြင်း
  • အစားဝါးရခက်ခြင်း
  • နို့ဘူး ဒါမှမဟုတ် နို့တိုက်ရခက်ခြင်း
  • အစားစားနေစဉ် ချောင်းဆိုးခြင်း၊ ပျို့ခြင်း
  • သွားရည် တမြားမြားကျခြင်း
  • အစားစားနေစဉ်၊ အရည်သောက်နေစဉ်တွင် အသက်ရှူခက်ခြင်း
  • ထွေးထုတ်ခြင်း၊ အော့အန်ခြင်း
  • အဆုတ်ရောင်ရောဂါ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းကူးစက်ပိုးပြန်ထခြင်း
  • ကိုယ်အလေးချိန် လျော့လာခြင်း သို့ ကြီးထွားမှုနှေးခြင်း

အစာကောင်းကောင်းမစားရခြင်းအတွက် ကုသမှုများ

အစာကျွေးနည်းများ

  • အစားပြောင်းကျွေးခြင်း
  • အစားအစာ အရောင်အဆင်း ပြောင်းလဲခြင်း
  • ကိုယ်နေဟန်ထား အပြောင်းအလဲများ
  • အမူအကျင့်ဆိုင်ရာ ထိန်းကွပ်ပေးခြင်း နည်းလမ်းများ
  • ပါးစပ် ကြွက်သားတွေသန်မာစေတဲ့ ပါးစပ်လေ့ကျင့်ခန်းများ
  • လျှာလေ့ကျင့်ခန်းနဲ့ အစားဝါးခြင်းလေ့ကျင့်ခန်းများ
  • အရောင်အဆင်းမတူတဲ့ အစားအမျိုးမျိုးကျွေးခြင်း
  • နို့စိုခြင်းတိုးတက်စေရန် နည်းလမ်းကောင်းများ
  • ကလေးကောင်းကောင်းမျိုချနိုင်ဖို့ အစာအပျော့အမာ၊ အရည်အပျစ်အကျဲအပြောင်းအလဲများ

အရေးပေါ်အခြေအနေ ညွှန်ပြချက်များ

အစာကျွေးမရတာခြင်းက ပြင်းထန်တဲ့နောက်ဆက်တွဲတွေဖြစ်နိုင်တာကြောင့် ပေါ့ပေါ့လေးမထားသင့်ပါဘူး။

သင့်ကလေးကျန်းမာရေးအခြေအနေကို အပြည့်အဝအာရုံထားသင့်ပါတယ်။ အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် နီးစပ်ရာကျန်းမာရေးအကူအညီတောင်းသင့်ပါတယ်။

  • 100*Fအထက် အဖျားကြီးခြင်း
  • အစားစားပြီးအန်ခြင်း
  • ချောင်းဆိုးခြင်းကြာရှည်လာခြင်း၊ ပိုဆိုးလာခြင်း
  • အငိုမရပ်ခြင်း
  • သွေးဝမ်းသွားခြင်း
  • တရွီရွီမြည်ခြင်း
  • အထိအတွေ့ကိုမသိခြင်း

ကလေးငယ်ကိုစောင့်ရှောက်ရတာက စိတ်ရှည်တတ်ဖို့၊ သင်ယူတတ်ဖို့နဲ့ အတွေ့အကြုံတွေ လိုအပ်တဲ့အလွန်ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ သင့်ကလေးရဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အကောင်းဆုံးအဖြေ၊ ကုသမှု၊ အကြံဉာဏ်ရဖို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ မတုံ့ဆိုင်းပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement