ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

    ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

    သဘာဝအတိုင်း ကလေး အသားအရည် ထိန်းသိမ်းနည်း

    မွေးကင်းစကလေးတွေဟာ ရှုံတွနေတဲ့ အရေပြားနဲ့ ကာကွယ်ပေးတဲ့ venix လို့ခေါ်တဲ့ အလွှာတစ်ခုပါရှိပြီး သူတို့ဟာ ပထမ အပတ်မှာတယ် ကွာကျသွားတတ်ပါတယ်။ ဒါကို အလောတကြီး ပွတ်တိုက်ပစ်ဖို့ (သို့) ခရင်မ်တွေ လိုးရှင်းတွေ လိမ်းဖို့ မလိုအပ်ပါဘူး။ တကယ်လို့ကလေးဟာ မွေးရက်ထက် နောက်ကျပြီး မွေးလာခဲ့ရင် ဒီဖြစ်စဉ်ဟာ အမေရဲ့သားအိမ်ထဲမှာ ရှိစဉ်ထဲက အဆုံးသတ်ခဲ့ ပြီးဖြစ်နိုင်ပါတယ်။

    မွေးကင်းစကလေးတွေရဲ့ အသားအရည်နဲ့ ပတ်သက်လို့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ အနည်းအကျဉ်းလုပ်ဆောင်ခြင်းဟာ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ကို ဓါတ်မတည့်မှုတွေ၊ အနီကွက်တွေက ဘယ်လို ကာကွယ်ပေးရမလဲဆိုတာကို ဖေါ်ပြထားတာဖြစ်ပါတယ်။

    ကလေးငယ်ကို ရေချိုးပေးချင်စိတ်ကို ထိန်းထားပါ။

    မကြာခဏ ရေချိုးပေးခြင်း (ပထမ တစ်နှစ်မှာ တစ်ပတ်မှာ သုံးခါထက်ပိုပြီး) ဟာ ကလေးငယ်ရဲ့ အသားအရည်ကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေကို ခန်းခြောက်စေပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ အရေပြားကို ထိခိုက်လွယ်စေပြီး ခြောက်သွေ့စေပါတယ်။ နှင်းခူနာဖြစ်ပွားမှုကိုလည်း မြင့်တက်စေပါတယ်။

    သွားရည်ကျခြင်းနဲ့ Diaper လဲခြင်းက လွဲလို့ ကလေးတွေဟာ ညစ်ပတ်မလွယ်တတ်ကြပါဘူး။ ပြီးတော့ သူတို့ဟာ မနက်ကနေ ညအထိအလုပ်လုပ်ပြီးနောက်မှာ အားကစားလုပ်နေသူတွေလဲ မဟုတ်ကြပါဘူး။ ဒါကြောင့် ပထမလမှာတော့ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် ရေပတ်တိုက်ပေးခြင်းဟာ ကလေးငယ်ကို လုံခြုံစိတ်ချစွာ သန့်ရှင်းစေပါတယ်။ ဒီကြားထဲမှာတော့ ကလေးငယ်ရဲ့ ပါးစပ်နဲ့ diaper နေရာတွေကို ရေအနည်းငယ်သုံးပြီး သန့်ရှင်းပေးနိုင်ပါတယ်။

    တစ်ပတ်မှာ တစ်ခါ ရေပတ်တိုက်ခြင်း (ဒါမှမဟုတ် ဒီထက်ပိုနည်းခြင်း) ဟာ အသားညိုတဲ့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ဒီကလေးတွေဟာ အသားအရည် ပိုခြောက်တာကြောင့် နှင်းခူနာလိုမျိုး အရေပြားပြဿနာတွေ ဖြစ်ပွားနှုန်းမြင့်မားပါတယ်။

    အနံ့ပါတဲ့ ထုတ်ကုန် ပစ္စည်းတွေကို အစပထမ လတွေမှာ အသုံးမပြုသင့်ပါဘူး။ ဒါဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့ အသားအရည်ကို ယားယံစေပါတယ်။

    ကလေးအဝတ်အစားတွေကို စမဝတ်ခင် အရင်လျှော်ပါ။ ကလေးငယ်အတွက် တီထွင်ထားတဲ့ဆပ်ပြာမှုန့်တွေကို သာ အသုံးပြုပါ။ သူတို့မှာ အနံ့ရော ဆိုးဆေးပါ မပါဝင်ပါဘူး။။ ကလေးအဝတ်တွေ၊ အိပ်ယာခင်းတွေ၊ စောင်တွေကို မိသားစု လျှော်စရာ ပစ္စည်းတွေနဲ့ ခွဲလျှော်သင့်ပါတယ်။

    ကလေးငယ်ရဲ့ အသားအရည်ကို နေလောင်ဒဏ်က ကာကွယ်သင့်ပါတယ်။

    ကလေးငယ်တွေကို အသက်ခြောက်လလောက်အထိ နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်လို့ American Academy of Pediatrics က ပြောပါတယ်။ နေပုံနေစဉ် အပြင်ထွက်မယ်ဆိုရင် ကလေးငယ်ကို ကာကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ်ပေးသင့်ပါတယ်။ ချစ်စရာကောင်းတဲ့ ဦးထုတ်လိုမျိုး၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ ခြေအိတ်တွေကို ဝတ်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးတွန်းလှည်း၊ ထီး၊ သစ်ပင် တို့ကမှ အရိပ်မရရှိနိုင်ဘူးဆိုရင် နေပူခံလိမ်းဆေးကို အသုံးပြုပါ။ (ကလေးခြောက်လအောက်သာ ရှိသေးလဲ အသုံးပြုသင့်ပါတယ်။) နေပူခံထိနေတဲ့အသားအရည်ကို အနည်းငယ်တို့ပေးပါ။ မျက်နှာနဲ့ လက်ချောင်း၊ ခြေချောင်း ထိတ်လေးတွေကို အနည်းငယ်တို့ပေးပါ။

    အင်းဆက်ပိုးကောင် အကိုက်ခံရခြင်းမှ ကာကွယ်ပါ။

    အင်းဆက်ပိုးတွေဟာ အပြင်မှာ ရှိနေတတ်တာကြောင့် ကလေးငယ်ကို အကိုက်ခံရခြင်းမှ ကာကွယ်သင့်ပါတယ်။ နေရောင်ကနေ ကာကွယ်ပေးတဲ့ အဝတ်အစားတွေဟာ အင်းဆက်တွေ ဒဏ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကလေးဟာ နှစ်လကျော်သွားပြီဆိုရင် DEET လိုမျိုး အင်းဆက်သတ်ဆေးတွေကို အသုံးပြုနိုင်ပါတယ်လို့ AAP က ပြောပါတယ်။ အသက်နှစ်လထက်ငယ်တဲ့ကလေးငယ်တွေမှာ အင်းဆက်သတ် ဖြန်းဆေးတွေကို အသုံးမပြုသင့်ပဲ DEET ၃၀% ပြင်းအားထက်ပိုတဲ့ ထုတ်ကုန်တွေကိုတော့ ကလေးငယ်တိုင်းမှာ အသုံးမပြုသင့်ပါဘူး။ လက်ပေါ်ဖြန်းပေးပြီး အကိုက်ခံရနိုင်တဲ့ အရေပြားပေါ်ကို ပွတ်ပေးသင့်ပါတယ်။ ပါးစပ်နဲ့ မျက်လုံးတွေကို ရှောင်ကျဉ်သင့်ပါတယ်။ အိမ်ထဲပြန်ရောက်သွားရင်တော့ ဒါတွေကို ဆေးချသင့်ပါတယ်။

    ကလေးငယ်တွေ ဝတ်ဆင်တဲ့ အဝတ်အစားအသစ်တွေကို လျှော်ပါ။

    ကလေးအဝတ်အစားတွေကို မဝတ်ခင် လျှော်ပေးသင့်ပါတယ်။ ဒါပေမယ့် ကလေး ဆပ်ပြာမှုန့်တွေအတွက်တော့ စိတ်မပူပါနဲ့။ ပုံမှန် ဆပ်ပြာမှုန့်တွေဟာ ကလေးအတော်များများမှာ ယားယံမှုကို မဖြစ်စေတတ်ပါဘူး။ ဒါကြောင့် မိသားစုဝင် အကုန်လုံးအတွက် ဆပ်ပြာမှုန့် အတူတူအသုံးပြုခြင်းဟာ အများကြီး ပိုမိုလွယ်ကူစေပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာ ကြုံတွေ့နေရတဲ့ အရေပြား ပြဿနာကို ပျောက်ကင်းစေဖို့အတွက် ဆရာဝန်က လိုတယ်ထင်ရင်တော့ အထူးပြုလုပ်ထားတဲ့ ထိခိုက်လွယ်တဲ့ အသားအရည်အတွက် ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    http://www.webmd.com/. 12/01/2016

    http://www.whattoexpect.com/.12/01/2016

    http://patient.info/. 12/01/2016

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 09/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။