ကလေးလေနာရောဂါ ကိုမိခင်တိုင်းကြောက်ကြပါတယ်။ လေနာရောဂါဖြစ်ရင် ကလေးတွေက တက်မတက် ချက်မတက် ငိုကြတာကိုး။ ချော့မရ ပြုမရနဲ့ မိခင်တွေလည်း စိတ်သောက ရောက်ရပါတယ်။ လေနာရောဂါအကြောင်းကို သိထားမယ်။ လေနာထရင် ဘယ်လိုလုပ်ရမယ်ဆိုတာသိထားရင် မိခင်လည်း စိတ်သက်သာပြီး ကလေးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှာပါ။