backup og meta

ကလေး၏ဦးနှောက်ဖွံ့ဖြိုးမှုကိုကူညီပေးနိုင်သည့်အချက်အလက်(၇)ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး၏ဦးနှောက်ဖွံ့ဖြိုးမှုကိုကူညီပေးနိုင်သည့်အချက်အလက်(၇)ချက်

    ကလေးမွေးဖွားပြီးမကြာမီတွင် မွေးကာစကလေးများသည် သင်၏လက်မောင်းများကို လိုအပ်ပါသည်။ ဆိုလိုသည်မှာ ပွေ့ဖက်မှုဂရုစိုက်မှု အကြင်နာပေးမှုနူးညံ့သော စကားလုံးများနှင့်သားချော့တေးများကိုလိုအပ်ပါသည်။

    သင်၏ချစ်ခင်မှုကိုနေ့စဉ်ဖော်ပြခြင်းသည် မိခင်နှင့်ကလေးကြား ဆက်သွယ်မှုကို ပိုမိုအားကောင်းစေရုံသာမက သင့်ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကူညီပေးပါသည်။ ထို့အပြင်ကလေး၏ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ကူညီပေးပါသည်။ မိခင်နှင့်ကလေးကြား ယုံကြည်စိတ်ချရသော ဆက်နွယ်မှုဖန်တီးပေးခြင်းသည် ကလေး၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။ မိဘများသည်ကလေးများနှင့် ဆက်နွယ်မှုချက်ချင်းရနိုင်သော်လည်း အချို့မိဘများသည် ကလေးများနှင့် ဆက်နွယ်မှုရဖို့ အချိန်ယူရပါသည်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ မိဘများသည်ကလေးကို အထူးအာရုံစိုက်သင့်သည်။ ကလေးများ၏မျက်လုံးကို ချစ်ခင်ရင်းနှီးစွာငေးကြည့်သင့်သည်။ ထို့အတူကလေးများ၏ လိုအပ်ချက်ကို ဂရုတစိုက်ဖြည့်ဆည်းပေးသင့်ပါသည်။ အောက်တွင်အချက်(၇)ချက်ဖော်ပြထားပါသည်။

    ၁။ ကလေးမမွေးခင်ကျန်းမာရေး

    ကောင်းမွန်သောအာဟာရရရှိရန်လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်မိမိကိုယ်ကိုဂရုစိုက်ရန်လိုအပ်ပါသည်။ သင့်ကလေး၏ဦးနှောက်သည်ရက်သတ္တပတ်ခြောက်ပတ်မှကိုယ်ဝန်ငါးလအတွင်းတွင်ဆဲလါပေါင်းတစ်ရာဘီလီယံဖွံဖြိုးပါသည်။

    ၂။ ကလေးကိုချီပါထိတွေ့ပါ။ ပွေ့ဖက်ပါ။

    ထိုအရာသည်သင့်ကလေးအားသူ့ကိုချစ်ကြောင်းပြသသည့်အရာပင်ဖြစ်သည်။ ထို့အပြင်ကလေးကိုစိတ်ဖိစီးမှုကင်းဝေးပြီးတည်ငြိမ်အေးချမ်းစေသည်။ တည်ငြိမ်သောကလေးသည်ပတ်ဝန်းကျင်ရှိကြည့်စရာများအသံများအနံ့များကိုစိတ်ဝင်စားနိုင်သည်။

    ၃။ ဟန်ချက်ညီပါစေ။

    သင့်ကလေးမည်သည်ကိုခံစားနေသည်ဆိုခြင်းနှင့်ပက်သက်ပြီးမိဘများအနေဖြင့်သိနားလည်သည်ဆိုသည်ကိုကလေးအားသိစေခြင်းအားဖြင့်ကလေး၏ခံစားမှုပိုင်းဆိုင်ရာဉာဏ်ရည်ကိုတည်ဆောက်ပါ။ဥပမာပြောရလျှင်အကယ်၍ကလေးသည်သင့်ကိုပြုံးပြီးကြည့်သည်ဆိုလျှင်ပြန်ပြုံးပြပါ။ ခေါင်းညိတ်ပြပါ။ ကလေးကိုစကားပြောပါ။ ထိုအရာသည်သင့်ကလေးကိုအခြားသူများနှင့်ဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုသင်ကြားပေးပါသည်။ သင့်ကလေးကသင့်ကိုလိုအပ်သောအခါတွင်သင့်ကလေးအနားတွင်ရှိပေးနေပြီးကလေးကိုချစ်ပေးခြင်းအားဖြင့်သင့်ကလေးကိုလုံခြုံစိတ်ချရသကဲ့သို့ခံစားရစေပါသည်။

    ၄။ အခြားသူများနှင့်ဆက်သွယ်ပေးခြင်း

    သင့်ကလေးကိုအရေးကြီးသောလူအနည်းငယ်နှင့်ခိုင်မာသောလူမှုရေးဆိုင်ရာသံယောစဉ်များတည်ဆောက်နိုင်ရန်ကူညီပေးပါ။

    ၅။ သင့်ကလေးကိုစကားပြောပါ။ သူပြောတာကိုလည်းနားထောင်ပေးပါ။

    သိပ္ပံပညာရှင်များ၏ပြောကြားချက်အရ ဘာသာစကား ဆက်နွယ်မှုများကို ဦးနှောက်က တည်ဆောက်ပေးဖို့အတွက် အကောင်းဆုံးအချိန်သည် ပထမအသက်ငါးနှစ်အရွယ်တွင် ဖြစ်သည်။ စကားလုံးများစွာသိပြီး စကားလုံးများစွာ အသုံးပြုသောကလေးများသည် စာဖတ်ကောင်းသော ကလေးများဖြစ်လာနိုင်ခြေပိုရှိသည်။

    ၆။ စာဖတ်ပြခြင်း

    သင်သည်သင့်ကလေးကိုစာဖတ်ပြသောအခါ ကလေး၏ဦးနှောက်ဆဲလ်များသည် အလုပ်စတင်လုပ်လာကြပြီး ပိုမို၍ဆက်နွယ်မှုများပြုလုပ်လာကြသည်။ ကလေးများနှင့်မတ်တပ်အရွယ်ကလေးများကို သင်၏ပေါင်ပေါ် တွင်ထိုင်စေပါ။ သင်ပြောပြသောပုံပြင်အကြောင်းအရာကိုသင့်ကလေး၏ဘဝနှင့်ပက်သက်သောအရာနှင့်ဆက်စပ်ပြီးပြောဆိုပြပါ။ သူတို့နှစ်သက်သောဇာတ်လမ်းများကိုနားထောင်ရသောထပ်ကာထပ်ကာနားထောင်ရသောကလေးများသည်ဦးနှောက်ဆက်နွယ်မှုများပိုမိုအားကောင်းလာကြသည်။

    ၇။ ကစားခြင်း

    အနုပညာတေးဂီတလှုပ်ရှားမှုနှင့်ကခြင်းများသည်ကလေးများ၏ကိုယ်ခန္ဓါလှုပ်ရှားမှုပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုကူညီပေးသည်။ တီထွင်နိုင်စွမ်းမြင့်မားစေသည်။ လေ့လာရာတွင်အသုံးပြုသောဦးနှောက်ကိုလှုံဆော်ပေးသည်။

    အကယ်၍သင်သည်အစပိုင်းတွင်ကောင်းကောင်းချစ်မပြနိုင်ဘူးဆိုပါကစိတ်မပူပါနှင့်။ အပြစ်ရှိသလိုမခံစားရပါနှင့်။ မိဘတိုင်းကတော့မွေးကာစကလေးနှင့်အမြဲတစေဆက်နွယ်မှုရှိနေနိုင်တာတော့မဟုတ်ပါဘူး။ သင်၏ခံစားမှုများသည်အချိန်ကြာလာသည်နှင့်အမျှပိုမိုပြီးခိုင်မာလာမည်ဖြစ်ပါသည်။ သင်နှင့်သင့်ကလေးအကြားလုံခြုံစိတ်ချရသောဆက်နွယ်မှုတစ်ခုဖန်တီးပေးခြင်းသည် အင်အားလေ့လာမှုနှင့်နားလည်မှုများကိုဖန်တီးပေးပါသည်။ တစ်ခါတစ်ရံတွင်တော့လည်း ပင်ပန်းနွမ်းနယ်မှု၊စိတ်ပူမှု၊အပြစ်ရှိမှုနှင့်လက်ပန်းကျမှုများဖြစ်ပေါ်တတ်ပါသည်။ သို့သော်လည်း နက်ရှိုင်း၍ အချိန်ကြာသော ဆက်နွယ်မှုများ၏ ရလာဒ်ကတော့ ကလေးနှင့်မိဘအတွက် အလွန်များပြားပါသည်။ အကယ်၍သင့်တွင် ပြဿနာတစ်ခုနှင့် ပက်သက်ပြီး မေးခွန်းတစ်စုံတစ်ရာရှိပါက ဆရာဝန် သို့မဟုတ် သက်ဆိုင်ရာကျွမ်းကျင်သူကို အကြံဉာဏ်နှင့်အဖြေတောင်းခံဖို့အတွက်ဆက်သွယ်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement