ဘေဘီလေးရဲ့ BMI
ဘေဘီလေးတွေက အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးမွေးဖွားလာပြီး အရွယ်ရောက်လာတဲ့အမျှမေမေဂရုစိုက်မှုအပေါ်မှာလိုက်လို့ ကိုယ်အလေးချိန်ပြောင်းလဲနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ကလေးပေါင်ပြည့်ရဲ့လား၊ အဝများလွန်နေလားဆိုတဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးရဲ့ BMI နဲ့ ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။
ကလေးလေးတွေကမွေးစအရွယ်မှာ တစ်ယောက်နဲ့တစ်ယောက်ကိုယ်အလေးချိန်မတူနိုင်ပါဘူး။ လမစေ့ဘဲမွေးဖွားတာကြောင့်ပေါင်မပြည့်တာမျိုးဖြစ်နိုင်သလို မိခင်ကရောဂါတစ်ခုခုရှိနေတာကြောင့် ကလေးကပေါင်မပြည့်တာ၊ ရှိသင့်တဲ့ပေါင်ချိန်ထက်များနေတာမျိုးဖြစ်နိုင်ပါတယ်။ နေ့စေ့လစေ့မွေးဖွားထားတဲ့ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်အလေးချိန် ၅ပေါင် ၈အောင်စ ကနေ ၈ပေါင် ၁၃အောင်စအတွင်းရှိနိုင်ပါတယ်။
ကလေးတစ်ယောက်ကောင်းမွန်စွာ ကြီးပြင်းလာလားဆိုတာကို အဓိက ဆုံးဖြတ်ပေးတဲ့အရာက ကိုယ်အလေးချိန်နဲ့ အရပ်ပါ။ ဦးခေါင်းအရွယ်အစားကလည်း ကလေးကျန်းမာရဲ့လားဆိုတာကိုညွှန်ပြပေးနေတဲ့ အရာတစ်ခုပေါ့။ ကလေးတစ်ယောက်ကျန်းမာမှုကို သိချင်ရင် သူ့ရဲ့ကိုယ်အလေးချိန်တက်လာလား၊ အရပ်ရှည်လာလားဆိုတာကို ဆန်းစစ်ရပါမယ်။
ကလေးတွေမှာဆိုရင်လည်း မိခင်နို့သောက်တဲ့ ကလေးနဲ့ နို့မှုန့်သောက်တဲ့ ကလေးက ကြီးထွားမှုချင်းမတူနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကလေးရဲ့ ကိုယ်အလေးချိန်ကိုသေချာလေးသိချင်ရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။
မွေးကင်းစ သားသားလေးတွေက ၇.၈ပေါင်၊ မီးမီးလေးတွေက ၇.၅ပေါင်ပါ။
၁လသားအရွယ် သားသားလေးတွေက ၉.၇ပေါင်၊ မီးမီးလေးတွေက ၉.၂ပေါင်ပါ။
၂ လသားအရွယ်သားသားလေးတွေက ၁၁.၅ပေါင်၊ မီးမီးလေးတွေက ၁၀.၅ပေါင်ပါ။
၃ လသားအရွယ်သားသားလေးတွေက ၁၃.၂ပေါင်၊ မီးမီးလေးတွေက ၁၂ပေါင်ပါ။
၄ လသားအရွယ် သားသားလေးတွေက ၁၄.၈ပေါင်၊ မီးမီးလေးတွေက ၁၃.၇ပေါင်ပါ။
၅ လသားအရွယ် သားသားလေးတွေက ၁၆.၃ပေါင်၊ မီးမီးလေးတွေက ၁၄.၇ပေါင်ပါ။
၆ လသားအရွယ်သားသားလေးတွေက ၁၇.၄ပေါင်၊ မီးမီးလေးတွေက ၁၅.၈ပေါင်ပါ။
၇ လသားအရွယ်သားသားလေးတွေက ၁၈.၅ပေါင်၊ မီးမီးလေးတွေက ၁၇ပေါင်ပါ။
၈ လသားအရွယ် သားသားလေးတွေက ၁၉.၆ပေါင်၊ မီးမီးလေးတွေက ၁၈ပေါင်ပါ။
၉ လသားအရွယ် သားသားလေးတွေက ၂၀.၅ပေါင်၊ မီးမီးလေးတွေက ၁၈.၇ပေါင်ပါ။
၁၀ လသားအရွယ် သားသားလေးတွေက ၂၁.၄ပေါင်၊ မီးမီးလေးတွေက ၁၉.၄ပေါင်ပါ။
၁၁ လသားအရွယ် သားသားလေးတွေက ၂၂ပေါင်၊မီးမီးလေးတွေက ၂၀.၃ပေါင်ပါ။
၁၂ လသားအရွယ် သားသားလေးတွေက ၂၂.၇ပေါင်၊ မီးမီးလေးတွေက ၂၁ပေါင်ပါ။
ကလေးရဲ့ ကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေ
ကလေးက အခုပြောခဲ့တဲ့ အလေးချိန်တွေရှိရမယ်ဆိုပေမယ့် ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ပေါ်မှာ ဒီအချက်တွေကလည်း သက်ရောက်နေနိုင်ပါတယ်။
ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုဖော်ပြတဲ့အရာတစ်ခုက ကလေးရဲ့ အရပ်ပါ။ ကျန်းမာတဲ့ ကလေးတစ်ယောက်က တစ်လကို ပုံမှန် အရပ် ၁ လက်မလောက်တက်လာဖို့လိုအပ်ပါမယ်။ ကလေးကခြောက်လကနေ တစ်နှစ်အတွင်းမှာဆိုရင်တော့ တစ်လကို လက်မဝက်လောက်ပဲတက်လာတော့မှာပါ။
၁ လသားအရွယ် သားသားလေးဆိုရင် ၂၁ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၁ လက်မပါ။
၂လသားအရွယ် သားသားလေးဆိုရင် ၂၃ လက်မ၊ မီးမီးလေးဆိုရင် ၂၂ လက်မခွဲပါ။
၃ လသားအရွယ် သားသားလေးဆိုရင် ၂၄ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၃ လက်မခွဲပါ။
၄ လသားအရွယ် သားသားလေးဆိုရင် ၂၅ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၄ လက်မခွဲပါ။
၅ လသားအရွယ် သားသားလေးဆိုရင် ၂၆ လက်မ၊ မီးမီးလေးဆိုရင် ၂၅ လက်မကျော်ကျော်(၆၄.၀ စင်တီမီတာ) ပါ။
၆ လသားအရွယ် သားသားလေးဆိုရင် ၂၆ လက်မခွဲ၊ မီးမီးလေးဆိုရင် ၂၅ လက်မကျော်ကျော် (၆၅.၇ စင်တီမီတာ) ပါ။
၇ လသားအရွယ် သားသားလေးဆိုရင် ၂၇ လက်မကျော်ကျော်(၆၉.၂ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၆ လက်မခွဲပါ။
၈ လသားအရွယ် သားသားလေးဆိုရင် ၂၇ လက်မကျော်ကျော် (၇၀.၆စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၇ လက်မပါ။
၉ လသားအရွယ် သားသားလေးဆိုရင် ၂၈ လက်မကျော်ကျော် (၇၂.၀ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၇ လက်မခွဲပါ။
၁၀ လသားအရွယ် သားသားလေးဆိုရင် ၂၈ လက်မကျော်ကျော် (၇၃.၃ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၈ လက်မပါ။
၁၁ လသားအရွယ် သားသားလေးဆိုရင် ၂၉ လက်မကျော်ကျော်(၇၄.၅ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၈ လက်မခွဲပါ။
၁၂ လသားအရွယ် သားသားလေးဆိုရင် ၂၉ လက်မကျော်ကျော် (၇၅.၇ စင်တီမီတာ)၊ မီးမီးလေးဆိုရင် ၂၉ လက်မပါ။
ကလေးရဲ့ အရပ်ပေါ်မှာသက်ရောက်နေတဲ့ အချက်တွေ
ကလေးရဲ့ အရပ်ပေါ်မှာ ဒီအချက်တွေက သက်ရောက်နေပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။