backup og meta

အစားကြေးများတဲ့ကလေးဟာ မျိုးရိုးကြောင့်ဖြစ်နိုင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားကြေးများတဲ့ကလေးဟာ မျိုးရိုးကြောင့်ဖြစ်နိုင်

    ကလေးတွေကို အာဟာရပြည့်ဝတာတွေကျွေးပါရဲ့သားနဲ့ သိပ်မကြာခင်မှာ အမှိုက်ပုံးထဲရောက်သွားတာ ဘာကြောင့်ပါလဲ။ ဒါဟာမိဘတွေအတွက် အကြီးမားဆုံး စိတ်ညစ်စရာပါ။ လမ်းလျှောက်ခါစကလေးကို ပြုစုပျိုးထောင်ရခြင်းမှာ အစားကြေးများတတ်ခြင်းကလည်း ဒွန်တွဲနေပါတယ်။

    တစ်ခါတစ်လေမှာ ကလေးဟာ အစားအသောက်ကိုလည်း စိတ်မဝင်စား၊ အသစ်အဆန်းတွေလည်း မစမ်းသပ်ချင်ဖြစ်နေတာက မိဘတွေအပြစ်သာဖြစ်လာပါတော့တယ်။

    အစာကျွေးချိန်ကို စိုးရိမ်နေကြတဲ့မိဘတွေအတွက် ကလေးတွေအစားအသောက်ပျက်လာရခြင်းရဲ့ ရှင်းလင်းချက်တစ်ခုရှိပါတယ်။ ဒါကတော့ မျိုးရိုးနဲ့ဆိုင်ပါတယ်။

    မျိုးရိုးဗီဇထဲမှာ ရှိသလား။

    ဒါက ကလေးတစ်ယောက်ကို ဘယ်လိုကြီးပြင်းအောင် မွေးမြူသလဲဆိုတာနဲ့ ကလေးရဲ့အစားအသောက်အပေါ်မှာထားတဲ့ သဘောထးကိုကြည့်ရပါတယ်။ အစားအသောက်ကို ငြင်းဆန်ခြင်းဟာ မျိုးရိုးဗီဇရဲ့သက်ရောက်မှုတစ်ခုပါ။

    မိဘတွေအနေနဲ့ ကလေးအစားကြေးများခြင်းဟာ သူတို့အပေါ်လုံးဝတာဝန်ရှိတယ်လို့ မတွေးစေချင်ပါဘူး။ ပတ်ဝန်းကျင်ကလည်း သက်ရောက်နိုင်ပါတယ်။ မိဘတွေက ပတ်ဝန်းကျင်ကို အသက်ငယ်တုန်းပြောင်းလဲပေးနိုင်ရင် ကလေးက အစားအသောက်စားဖို့နဲ့ အသစ်အဆန်းတွေကို ဂရုစိုက်တတ်သွားမှာါ။

    ကလေးတိုင်းလိုလို အချိုအရသာ၊ နို့အရသာကို ပိုပြီးနှစ်သက်သဘောကျပါတယ်။ တခြားအရသာကို ပြောင်းလဲလိုက်ခြင်းဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ကလေးအနေနဲ့ အစားအသောက်ကြေးများလို့ မိဘတွေစိတ်ညစ်နေစရာ မလိုပါဘူး။ ဒါကမျိုးရိုးနဲ့လည်း ဆိုင်ပါတယ်။

    အစားအသောက်ကြေးများတဲ့ကလေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

    အစာစားချိန်ကို ပိုပျော်ဖို့ကောင်းအောင်လုပ်ပါ။

    ကလေးတွေရဲ့ အစာစားချင်စိတ်ဟာ စားသောက်တဲ့ပတ်ဝန်းကျင်အပေါ်မှာလည်း မူတည်နေပါတယ်။ သာယာပြီးသက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်က အစားစားချိန်စိတ်ကို ကူညီပေးပါတယ်။

    အစာစားချိန်ကို ပျော်ဖို့ကောင်းပြီး သိုက်သိုက်ဝန်းဝန်းဖြစ်အောင် လုပ်လိုက်ပါ။ ရေဖိတ်ကျတာ ကြမ်းပြင်ပေါ်အစာတွေကျနေတာလောက်နဲ့ စိတ်မကောင်းမဖြစ်နေပါနဲ့။ အစားအစာအသစ်တွေကို စမ်းကျွေးကြည့်ပါ။

    လက်တွေ့ကျတဲ့အစိအစဉ်မျိုးဖန်တီးပါ။

    • လျစ်လျူရှုသင့်ရင် ခဏလျစ်လျူရှုပါ။ တစ်ခါတစ်ရံ ကြေးများတဲ့ကလေးကို ဂရုစိုက်တာများနေရင် သူတို့က ဒီလိုဆက်လုပ်နေပါလိမ့်မယ်။
    • ကျန်းမာစေတဲ့ အစားအစာတွေချက်ပေးပါ။ ဆင်းဝှစ်ခ်ျကို ပုံလှလှလေးလုပ်တာတို့ ကလေးတွေကူလုပ်ပေးနိုင်မယ့် အလုပ်လိုမျိုးလုပ်ပါ။ ကြက်ဥကြော်တာမျိုးဆို ကလေးငယ်ကို မွှေခိုင်းလိုက်ပါ။
    • တီဗီပိတ်ထားပါ။ မိသားစုဝင်အချင်းချင်း စကားပြောပါ။
    • မိသားစုနဲ့အတူ စားပွဲမှာထိုင်တတ်ဖို့ တိုက်တွန်းပါ။ အလွန်ဆုံး ၁၅မိနစ်လောက်ပေါ့။

    အစားကြေးများတဲ့ကလေးတွေကို စားစရာအသစ်တွေ ဘယ်လိုကျွေးမလဲ။

    • ကလေးကြိုက်တတ်တဲ့အစားအစာနဲ့ စားစရာအသစ်တွေကို ပန်းကန်ထဲထည့်ထားပါ။
    • စားစရာတွေကို စားချင်စဖွယ်ပြင်ဆင်ထားပါ။ အရောင်စုံ အရွယ်စုံ ပုံစံအစုံပြင်ဆင်ထားပြီး ပန်းကန်ထဲက ကလေးကြိုက်တာစားဖို့ ခွင့်ပြုပေးပါ။
    • တစ်ခုချင်းဆီကျွေးရင်လည်း စိတ်ရှည်ပါ။ သူတို့တွေ ကြိုးစားကြည့်ပြီး ကြိုက်လာပါလိမ့်မယ်။
    • ဖြစ်နိုင်ရင် သင့်ကလေးဟာ အခြားကလေးတွေနဲ့စားစရာနဲ့မုန့် မျှဝေဖို့အခွင့်အရေးရှာနိုင်ပါတယ်။ တခြားကလေးတွေ စားတာကြည့်ပြီး စားချင်စိတ်ဖြစ်လာပါလိမ့်မယ်။
    • မိသားစုတွေတူတူစားနိုင်မယ့် စားစရာမျိုးကိုကျွေးကြည့်ပါ။ ဒါပေမယ့် ကလေးစားလို့ရမယ့်ခွက်အရွယ်နဲ့ထည့်ကျွေးပါ။
    • အစားအစာအသစ်တွေကို ကိုင်ကြည့်ဖို့ အနံ့ခံဖို့နဲ့ အရသာမြည်းကြည့်ဖို့ လှုံ့ဆော်ပေးပါ။ ကြိုးစားကြည့်ရင် ချီးကျူးပေးလိုက်ပါ။
    • ကောင်းမွန်တဲ့အစားအစာအုပ်စု၅ခုမှ စားစရာအမျိုးမျိုးကိုကျွေးကြည့်ပါ။ ဥပမာ ချိစ်အစား ဒိန်ချဉ်လိုမျိုးပေါ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement