နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင် အပူဒဏ်ကိုအံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာကဘေဘီလေးတွေ မိတ်ပေါက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ပေါက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့မေမေတို့စိုးရိမ်ကြမှာသေချာတာပေါ့။

ဒါပေမယ့်မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့ေနွရာသီအရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ ရည်ကြည်ဖုသေးသေးလေးတွေလိုဖြစ်နေမယ်၊ အနီဖုလေးတွေဖြစ်နေမယ်။ မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓါကိုယ်မှာ အပူဒဏ်အရမ်းခံနေရတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။

ဘာလို့ မိတ်ပေါက်တာလဲ

ကလေးရဲ့ခန္ဓါကိုယ်မှာချွေးဂလင်းတွေပိတ်ဆို့နေတဲ့အတွက် ဖြစ်ပေါ်လာတဲ့ချွေးတွေက အရေပြားမျက်နှာပြင်ထိ မထွက်လာတော့ဘဲချွေးငုပ်သွားပါတယ်။ မိတ်ဖုထွက်ခြင်းက ဒီအခြေအနေကို ခန္ဓါကိုယ်က တုံ့ပြန်လိုက်တဲ့ လက္ခဏာပါ။ မိတ်ထွက်တဲ့အခါ ကုတ်ချင်လာအောင် ယားတာ၊ စပ်တာလေးတွေခံစားရနိုင်ပါတယ်။ ဘာလို့မိတ်ပေါက်လဲဆို အပူဒဏ်ခံရတာများလာလို့ပါ။ ကလေးတွေရဲ့အရေပြားမှာ လူကြီးတွေထက်ချွေးပေါက်ပိုကျဉ်းတာမို့လို့ မိတ်ပိုထွက်လွယ်ပါတယ်။

စိတ်ပူရလား

စိတ်ပူရတဲ့ရောဂါလက္ခဏာမဟုတ်ပါဘူး။ ကလေးရဲ့ခန္ဓါကိုယ်မှာ ပူအိုက်နေတဲ့လက္ခဏာပါ။ ဒါပေမယ့် အပူလွန်ကဲမှုကြောင့် ကလေးမှာဖြစ်လာတဲ့ တခြားလက္ခဏာတွေကိုတော့ သတိထားသင့်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

  • အေးအောင်ထားပါ – ချောင်ချောင်ချိချိအဝတ်အစားပဲဆင်ပေးပါ။အေးတဲ့နေရာမှာနေစေပါ။နေပူထဲခေါ်မသွားပါနဲ့။ကလေးကို အပူရှိန်တိုက်ရိုက်မထိအောင် အေးမြအောင်ထားပေးပါ။ အဲကွန်းသို့မဟုတ် ပန်ကာတော့ တိုက်ရိုက်မထိပါစေနဲ့။
  • မိတ်ဖုတွေကို မပေါက်ပါစေနဲ့ -ရေချိုးပြီးလို့ သုတ်ပေးရင်တောင် တဘက်နဲ့ပွတ်မသုတ်ပါနဲ့။ မိတ်ဖုလေးတွေပေါက်ပြဲကုန်ရင် ကလေးအရေပြားမှာ အဖတ်လန်တာ၊ အနာဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲ တခြားလူးဆေးအဆီတွေ မလူးပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
  • အရေပြားကို လေဝင်လေထွက် ထိတွေ့နိုင်အောင်ထားပါ – ကလေးအရေပြားကို တတ်နိုင်သလောက်လေနဲ့ထိတွေ့မှုများအောင် ထားပါ။ အဝတ်အစားပွပွဝတ်ပေးတာ၊ ပါးပါးဝတ်ပေးတာ၊ နူးညံ့တဲ့ချည်သားလေးတွေဝတ်ပေးတာမျိုး။
  • ကလေးလက်သည်းတွေ တိပေးထားပါ – လက်သည်းညှပ်ပေးထားလည်း လက်သည်းအစွန်းတွေ၊စောင်းတွေနဲ့ဆို ကလေးကမိတ်ယားလို့ကုတ်လိုက်ရင် အရေပြားပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် လက်သည်းလေးတွေကို အဖျားတိပေးထားပါ။

ကြိုတင်ကာကွယ်ဖို့ဆိုရင်

  • ကလေးကိုနေပူထဲသိပ်ခေါ်မသွားပါနဲ့။
  • ရာသီဥတုပူနေချိန်မှာ အဝတ်အစားထူထူမဝတ်ပေးပါနဲ့။ပေါ့ပေါ့ပါးပါးအေးတာလေးပဲဆင်ပါ။
  • တတ်နိုင်သလောက်အေးတဲ့နေရာမှာထားပါ။လေအေးပေးစက် ဒါမှမဟုတ် ပန်ကာကို ကလေးနဲ့ဦးတည်ချက်လွှဲပြီး အခန်းထဲအေးအောင်ထားပေးပါ။ အပြင်သွားရမယ်ဆိုရင်တောင် အရိပ်ရတဲ့နေရာမှာနေပါ။
  • ကလေးကိုသိပ်တဲ့အခါအေးပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ။
  • နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် အသက်အရွယ်အလိုက် ကလေးကိုရေဓါတ်လုံလောက်အောင် တိုက်ကျွေးပါ။
  • လည်ပင်း၊ပေါင်ကြားတို့လို ကြားဧရိယာတွေမှာချွေးစို့၊ စိုစွတ်နေလေ့ရှိလို့အရေပြားမလောင်အောင် wet tissue လေးနဲ့ ဂရုတစိုက် တို့သုတ်ပေးပါ။ လိုအပ်လာရင်ရေအေးလေးနဲ့ဆေးကြောပေးပြီး သူ့ဘာသာခြောက်သွေ့အောင် လေသလပ်ထားပေးပါ။
  • ကလေးမှာ ပူအိုက်မှုလွန်ကဲနေလား မကြာမကြာစစ်ဆေးပေးပါ။ ကလေးအသားကို လက်နဲ့စမ်းကြည့်ပါ။ ပူနေလား၊ချွေးတွေထွက်နေလား သိရမှချွေးထွက်မလွန်အောင်တစ်မျိုး၊ချွေးငုပ်ပြီးပူနေရင်တစ်မျိုး လိုသလိုပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။
  • ညဘက်အိပ်တဲ့အခါ ပူအိုက်ရင် ပန်ကာ သို့မဟုတ်လေအေးပေးစက်နဲ့ တိုက်ရိုက်မထိတဲ့နေရာမှာ ထားရပါမယ်။ ကလေးဆီကိုလေအေးလေးတွေဝေ့ဝိုက်ရောက်ရှိစေဖို့ပါ။ ဒါမှ သက်တောင့်သက်သာနဲ့ ကလေးကိုအေးမြစေမှာဖြစ်ပါတယ်။

ဆရာဝန်ပြသင့်လား

ကလေးရဲ့အရေပြားပြဿနာက မိတ်ဟုတ်မဟုတ် မသေချာတော့ဘူးဆိုရင်၊ ဥပမာ ဖျားတာလိုမျိုး တခြားလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်ပြတာကောင်းပါတယ်။ မိတ်က ရက်အတော်ကြာလာတဲ့အထိမှေးမှိန်မလျော့သွားဘူးဆိုရင်၊ ပိုဆိုးလာတယ်ဆိုရင် မိတ်မဟုတ်တဲ့ တခြားရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ရေချိုး ခန္ဓာကိုယ် အရေပြား အသားအရေ အလှအပ ကိုယ်ခံအား ဘက်တီးရီးယား ရောဂါပိုး ချွေး ချွေးနံ့ ဖျားနာ မှိုစွဲ အညစ်အကြေး အနံ့ ဝက်ခြံ ညှင်း မွဲခြောက် ချောမွေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အသားအရေက အလှတိုးစေသလို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 2 mins read

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read