နှာစေးနှာပိတ် ဖြစ်နေတဲ့ ကလေးငယ်ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 17, 2020 . 2 mins read
Share now

ကိုယ့်ကလေးက ဖျားနေတယ်၊ နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။

တကယ်တော့ နှာရည်ကျတာကောင်းတဲ့လက္ခဏာပါ။ ဒါက ရောဂါပိုးမွှားတွေကို ဖယ်ရှားတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝနည်းလမ်းဖြစ်လို့ပါ။ ။ ဒါပေမယ့် ကလေးမှာ နှာတအားစေးနေရင် နှာခေါင်းဝမှာခြောက်သွေ့တဲ့အခါ နှာခေါင်းပိတ်မှာသေချာပါတယ်။ ဒါဆို အသက်ရှူရခက်လာမယ်၊ နို့စို့ရ၊ အစားစားရခက်လာနိုင်ပါတယ်။ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ဝေဒနာခံစားနေရချိန်မှာ ကလေး ကို သက်တောင့်သက်သာရှိစေဖို့ ဒီလိုလေးတွေလုပ်ပေးနိုင်တယ်နော် –

နှာစေးနှာပိတ် ဖြစ်တဲ့ကလေးကို –

ခေါင်းကိုမြှင့်ထားပေးပါ

ကလေးကိုသိပ်တဲ့အခါ ဦးခေါင်းကို (ခေါင်းအုံးကို) နည်းနည်းလောက်မြှင့်ပေးထားရင် နှာရည်ပိတ်တာ၊ ချွဲကျပ်တာသက်သာပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။

ပိတ်နေတဲ့ နှပ်ချေးဖတ်ကို ဖယ်ထုတ်ပေးပါ

နှာရည်ထွက်တာများလွန်းရင် ကလေးရဲ့နှာခေါင်းဝမှာခြောက်ပြီးပိတ်နေတတ်ပါတယ်။ ဂွမ်းစလေးကိုရေနွေးဆွတ်ပြီး ညင်သာစွာဖယ်ရှားသန့်စင်ပေးပါ။ နှာခေါင်းလေးကို မပွန်းစေဖို့ သတိထားပါ။

ကျောကို အသာလေး ပုတ်ပေးပါ

ကလေး ရဲ့ကျောကို အသာအယာပုတ်ပေးတာက ရင်ချောင်စေပါတယ်။ ရင်ချောင်တဲ့အခါ နှာခေါင်းလမ်းကြောင်းက ချွဲတွေလည်း အတွင်းမှာပဲ ထိုက်သင့်သလောက်ပျော်ဆင်းသွားပါလိမ့်မယ်။ ကလေးကိုပေါင်ပေါ်မှာမှောက်လျက်လေးထားပြီး လက်ခုပ်နဲ့အသာလေးပုတ်ပါ။ ဒါမှမဟုတ် ကလေးကို ထိုင်လျက်လေးချီထား၊ အရှေ့ဘက်ကို ခပ်စိုက်စိုက်လေးထားပြီးကျောကိုပုတ်ပေးပါ။

နှာခေါင်းအစက်ချဆေးရည်သုံးပါ

ချွဲသလိပ်တွေ ဖယ်ရှားနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်အရ နှာခေါင်းအစက်ချဆေးရည်တွေသုံးရတာရှိပါတယ်။ ကလေးကိုပက်လက်လေး ခပ်မော့မော့ထားကာဆေးရည် နှစ်စက်၊သုံးစက်စီထည့်ပါ။ စက္ကန့် ၃၀ ကနေ ၆၀လောက်စောင့်ပါ။ ကလေးကိုခေါင်းထောင်လျက်(ထိုင်လျက်ဖြစ်ဖြစ်)ချီထားပါ။ နှာရည်ချွဲတွေနဲ့ဆေးတွေကို ကလေးက နှာချေထုတ်ရင် ထုတ်ပါလိမ့်မယ်။ ထွက်လာတဲ့ချွဲတွေကို တစ်ရှူးလေးနဲ့သန့်ပေးပါ။ နှာခေါင်းဝကနေထွက်လာတဲ့ ချွဲတွေကိုပဲ သုတ်ယူဖယ်ရှားပါနော်။ ကလေးရဲ့နှာခေါင်းထဲကို ဂွမ်းစ သို့မဟုတ် တစ်ရှူးစနဲ့ ထိုးမသုတ်မိဖို့ သတိထားပါ။

နှပ်ရည်စုပ်ကိရိယာ

မားကတ်က ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ နှပ်ရည်စုပ်ကိရိယာလေးတွေက အရမ်းအသုံးဝင်ပါတယ်။ ကလေးရဲ့နှာခေါင်းထဲက ပိတ်ဆို့နေတဲ့နှာရည်ချွဲတွေကို အလွယ်တကူနဲ့အကုန်စုပ်ထုတ်နိုင်လို့ပါပဲ။ ဟိုအရင်ကမေမေတို့လုပ်ခဲ့သလို ကလေးနှာခေါင်းကနေ ပါးစပ်နဲ့တေ့ပြီးစုပ်ထုတ်ပေးတာမျိုးကရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ ကလေးတွေက နှာရည်ညှစ်မထုတ်တတ်သေးတဲ့အတွက် ဒီလိုကိရိယာလေးတွေသုံးရင် နှာခေါင်းပွင့်သွားတော့ အသက်ရှူရတာ ချက်ချင်းသက်သာသွားမှာပါ။

နှပ်ရည်စုပ်ကိရိယာ (nasal bulb/aspirator) ကို ဘယ်လိုသုံးမလဲဆိုတော့ –

  • ဘုသီးလေးကိုညှစ်ပြီးလေတွေထုတ်လိုက်ပါ။
  • ကိရိယာထိပ်ဖျားကို ကလေးရဲ့နှာခေါင်းထဲကို အသာလေးထည့်ပါ။ အရမ်းတော့အထဲမသွင်းနဲ့နော်။ နုနယ်တဲ့ နှာခေါင်းအတွင်းပိုင်းမှာ ထိခိုက်မိမှာစိုးလို့ပါ။ ထည့်ပြီးရင် ဘုသီးလေးကိုလွှတ်လိုက်ပါ။ အတွင်းကို နှာရည်တွေစုပ်ယူပြီးသားဖြစ်သွားပါလိမ့်မယ်။
  • ပြီးမှ အပြင်ပြန်ထုတ်ပြီး ညှစ်ထုတ်ပစ်ပါ။
  • မသုံးခင်နဲ့သုံးပြီးချိန်မှာ ကိရိယာကို ရိုးရိုးရေနဲ့သေချာဆေးကြောပါ။

ရေဓာတ်ဖြည့်ပေးပါ

ကလေးရဲ့ကိုယ်ခံအားကိုပြန်ဖြည့်နိုင်ဖို့ နဲ့ ရေဓာတ်မခမ်းခြောက်စေဖို့ နို့စို့အရွယ်ဆို နို့တိုက်ပါ။ ရေတိုက်လို့ရတဲ့အရွယ်ဆိုရေတိုက်ပါ။ ကလေးက နှာခေါင်းပိတ်နေတော့ အစာမစားချင်၊ နို့မစို့ချင်တာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးမှာ ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးတာကြောင့် စိတ်ရှည်ရှည်နဲ့ဂရုစိုက်တိုက်ကျွေးသင့်ပါတယ်။

ဒီလောက်ဆို နှာစေးနှာပိတ်နေတဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်ထင်ပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ မယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက်အိပ်တဲ့အခါ ပန်ကာလေဖွင့်ပြီး အိပ်တာက ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဒါကြောင့် ပန်ကာကို ဆက်တိုက်ဖွင့်မယ့်အစား တခြားနည်းလမ်းတွေသုံးပြီး အေးအောင်နေသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်။ တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ

ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 25, 2021 . 3 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read