backup og meta

ဆယ်ကျော်သက်အရွယ် လေဒီလေးတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ ။ ။

ဆယ်ကျော်သက်အရွယ် ဆိုတာ ကလေးတစ်ယောက်ဘဝကနေ လူကြီးတစ်ယောက်ဖြစ်ဖို့ အစပျိုး ပြောင်းလဲမှုတွေ စိန်ခေါ်မှုတွေ အများကြီး တွေ့ကြုံရမယ့် ကာလပါ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အပြင် အသက်ကလေးရလာတော့ အပေါင်းအသင်းလေးလည်း များလာ၊ ပတ်ဝန်းကျင်ကလည်း ဂရုစိုက်တာ များလာတော့ အရင်ကလေးတုန်းကနဲ့ မတူတော့တာ အမှန်ပါ။

ဆယ်ကျော်သက်အရွယ် လေဒီလေးတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ ။ ။

ဒီတော့ ဆယ်ကျော်သက်အရွယ်လေးရောက်လာပြီဆို ဘယ်လိုပြောင်းလဲမှုလေးတွေ ကြုံတွေ့ရမှာလဲ။ မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတ၊ သိပြီးသားသူတွေအတွက်တော့ ခုပြောမယ့်အကြောင်းလေးတွေကို စမြုံ့ပြန်လို့ရတာပေါ့။ ငါတို့တုန်းက ဒီလိုတွေ ကြုံဖူးခဲ့တာ ဘာညာပေါ့။

ဆယ်ကျော်သက်အရွယ် လေဒီလေးတစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံတွေ့ရမှာလဲ။

ဆယ်ကျော်သက်အရွယ်လေးတွေ ကြုံတွေ့ရတာ အများစုက အပျိုဖော်ဝင်တာနဲ့ သက်ဆိုင်နေပါတယ်။ အပျိုဖော်ဝင်တယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ပြောင်းလဲစေတဲ့ ကြားထဲက အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။ အပျိုဖော်ဝင်လာပြီဆိုတာနဲ့ ကိုယ်ခန္ဓာမှာ ဘာတွေ ပြောင်းလဲလာမှာလဲ။

  • အရပ်လေးတွေ ရှည်လာမယ်ရာသီစမလာခင် ၆လလောက်အလိုက မိန်းကလေးတွေ အရပ်ရှည်ထွက်ဆုံးအချိန်ပါ။ အဲဒီအချိန်က အရေးကြီးတဲ့အတွက် အရပ်ရှည်ထွက်စေဖို့လိုအပ်တဲ့ အာဟာရတွေ သေချာစားပေးဖို့လိုပါတယ်။ ပြည့်ဝတဲ့ အာဟာရတွေ မစားခဲ့မိဘူးဆိုရင် သူများတွေထက် ညှက်ပြီး အရပ်ပုသွားနိုင်ပါတယ်။
  • သတိထားမိလောက်အောင် ရင်သားလေးတွေ ဆူထွက်လာပါလိမ့်မယ် – ငယ်ငယ်တုန်းကတော့ အဝတ်ဆို တစ်ထပ်တည်းဝတ်နေကျဖြစ်ပေမယ့် ခုလို ဆယ်ကျော်သက် အပျိုဖော်ဝင်လာပြီဆို ဖွံ့ဖြိုးလာတဲ့ ရင်သားအတွက် ရှင်မီးတို့ ၊ အတွင်းခံတို့ကို စပြီး ဝတ်ဆင်ရပါတော့မယ်။ ဒါတွေက အသက် ၈နှစ်ကနေ ၁၃ နှစ်ကြား မိန်းကလေးတိုင်း ကြုံတွေ့ရတဲ့ အရာတစ်ခုပါ။
  • ခါးလေးတွေလည်းသိမ်ပြီး တင်သားလေးတွေလည်း စပြီး ဖွံ့ဖြိုးလာပါလိမ့်မယ့်။
  • အမွေးအမျှင်တွေစပြီး ထွက်လာပါပြီ – တချို့မိန်းကလေးတွေအတွက် ရင်သားဖွံ့ဖြိုးမှုက အစောဆုံးပြောင်းလဲလာတဲ့ အချက်ဆိုပေမယ့် တချို့အတွက်ကတော့ ချိုင်း၊ ဆီးခုံနဲ့ ခြေသလုံးတို့မှာ အမွေးအမျှင်တွေ စထွက်လာတာက အပျိုဖော်စဝင်နေပြီ ဖြစ်ကြောင်း အစောဆုံး အသိပေးနေတဲ့ အချက်တစ်ခုပါ။
  • ဝက်ခြံပြဿနာဟာလည်း ဆယ်ကျော်သက်အရွယ်တွေ ကြုံတွေ့ရမယ့် ပြဿနာတွေ ထဲက တစ်ခုပါ။
  • ရာသီသွေးစဆင်းလာပါမယ် – အပျိုဖော်ဝင်နေပြီဆိုတဲ့အကြောင်း အတိအကျဆုံးဖြတ်ပေးနိုင်တာကတော့ ရာသီသွေးပေါ်တာပဲ ဖြစ်ပါတယ်။ အသက် ၁၂ နှစ် ၁၃ နှစ်ဝန်းကျင်ဟာ ရာသီသွေးစဆင်းတဲ့ အချိန်ပါ။ ရာသီသွေးစပေါ်ပြီဆိုတာနဲ့ အပျိုဖော်ဝင်နေပြီဆိုတာကို ငြင်းလို့မရတော့ပါဘူး။ မိခင်လောင်းတစ်ယောက်ဖြစ်နိုင်ပြီဆိုတာကို သူက ပြောပြနေတာပါ။ ရာသီသွေးဆင်းတယ်ဆိုတာ မိန်းကလေးတိုင်းကြုံတွေ့ရမယ့် သဘာဝဖြစ်ပြီး ရှက်စရာကိစ္စမဟုတ်ပါ။ ရာသီသွေး ဘာကြောင့်ဆင်းရတာလဲ။ တစ်ခါဆင်းရင် ဘယ်နှရက်ကြာတတ်လဲ။ ဘယ်နှစ်လ တစ်ခါဆင်းမှာလဲနဲ့ ရာသီသွေးဆင်းတဲ့အချိန် ဘာတွေဆောင် ဘာတွေရှောင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်အမေ၊ အမနဲ့ အဒေါ်တို့ကို မေးဖို့ ဝန်မလေးပါနဲ့။ နောက်ပြီး ရာသီလာတာနဲ့ အတူတွဲတတ်တာကတော့ ရာသီလာချိန်ဖြစ်တဲ့ ကိုက်ခဲမှုဝေဒနာနဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းတဲ့ပြဿနာပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့လည်းပြင်ဆင်ထားသင့်ပါတယ်။
  • စိတ်တွေလည်း မတည်မငြိမ်ဖြစ်နေတတ်ပါတယ် – အပျိုဖော်ဝင်တဲ့အချိန်မှာ ကိုယ်ခန္ဓာတင် ပြောင်းလဲနေတတ်တာ မဟုတ်ပါဘူး။ ဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်နေပြီး စိတ်တွေလည်း မတည်မငြိမ်ဖြစ်နေတဲ့ အချိန်ပါ။ စိတ်တိုလွယ် ဒေါသထွက်လွယ်နေတတ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုချင်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဆယ်ကျော်သက်အရွယ် တွေဟာ ထိန်းရခက်တဲ့ အရွယ်တွေပါ။

ဒါတွေက ဆယ်ကျော်သက်တိုင်း ကြုံတွေ့ရမယ့် ပြောင်းလဲမှုတွေပါ။ ဒီလို ပြောင်းလဲမှုတွေက လူတိုင်းမှာ တသတ်မှတ်အညီဖြစ်တယ်လို့တော့ ဆိုလို့မရပါဘူး။အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် စားဖို့လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://teens.webmd.com/girls/facts-about-puberty-girls#1

Accessed Date 20.5.2019

https://kidshealth.org/en/parents/understanding-puberty.html

Accessed Date 20.5.2019

https://www.healthdirect.gov.au/puberty-for-girls

Accessed Date 20.5.2019

 

ယခုပုံစံ

04/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေး ဆယ်ကျော်သက်အရွယ်မှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှု ပဋိပက္ခတွေကို ဘယ်လို ကူညီရင်ဆိုင်ပေးမလဲ?

ဆယ်ကျော်သက်တို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အချက်လေးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ