backup og meta

ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။

    မိခင်တစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ရင်သွေးလေးရဲ့ အနာဂတ်လှပအောင်ကို ဘယ်လို သေချာပြုစုပျိုးထောင်ပေးရမလဲဆိုတဲ့ အကြောင်းတွေးပြီး ပူပန်တတ်ကြသူချည်းပါပဲ။ သမီးမိန်းကလေး မွေးထားတဲ့ မေမေတွေဆို ပိုဆိုးတာပေါ့။ သမီးမိန်းကလေးတွေကို ပျိုးထောင်တယ်ဆိုတာ နှင်းဆီပန်းလေး တစ်ပင် ယုယုယယကို စိုက်ပျိုးရတာနဲ့တူပါတယ်။ ပန်းတိုင်းအလယ် တင့်တယ်တဲ့ နှင်းဆီပန်းလေးတစ်ပင်ဖြစ်ဖို့အတွက်

    • နှင်းဆီပန်းလေး ထွားလာအောင် မြေသြဇာကျွေးရတယ်။
    • တစ်စ တစ်စ ဖူးပွင့်လာအောင် ရေလောင်းပေးရတယ်။
    • အခြား ပိုးကောင်တွေ ရန်ကနေလည်း ကာကွယ်ပေးရပါတယ်။

    ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။

    ဒီလိုပါပဲ ကျန်းမာပျော်ရွင်ထက်မြက်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့အတွက် လိုအပ်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကို မေမေတို့သိထားဖို့လိုတယ်လေနော်။

    ကျန်းမာရေးအတွက် အာဟာရသည်သာ နံပါတ်တစ်ပါ ။ ။

    ဖူးပွင့်စ ဆယ်ကျော်သက် သမီးမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက အရာရာ ပြောင်းလဲစပြုနေတဲ့အချိန်၊ သာမန်ထက်ပိုတဲ့ အာဟာရတွေကို လိုအပ်နေတဲ့ အချိန်၊ ရာသီပန်းပွင့်ခါစအချိန်ဆိုတော့ သွေးအားနည်း ဝေဒနာတွေ ခံစားရတတ်တဲ့အချိန်ပါ။ ဒီလို အချိန်မှာ ကိုယ့်သမီးလေးအာဟာရပြည့်စေဖို့ မေမေတို့ဘက်က အစားအသောက်တွေ ပြင်ဆင်ပေးတဲ့ အပိုင်းက အရေးကြီးလာပါပြီ။ ဘယ်လို အစားအသောက်တွေကို ကျွေးကြမလဲ ။ ။

    • ကာဘိုဟိုက်ဒရိတ်( ထမင်း)၊ ပရိုတင်း ( အသား) နဲ့ အသီးအရွက် ( အမျှင်) ဓါတ် ၃ ခုက လုံးဝ အခြေခံပါ။
    • ဒါ့အပြင် အခြား ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အစုံရအောင် အစားအသောက်တွေပြင်ဆင်ပေးဖို့လည်း လိုပါသေးတယ်။
    • နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ရာသီလာခါစ အရွယ်ဖြစ်တာကြောင့် သံဓါတ်ချို့တဲ့ သွေးအားနည်း ရောဂါ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျန်ခဲ့လို့လည်း မရပါဘူး။

    ခက်တာက ဆယ်ကျော်သက်အရွယ်တွေဆိုတာ အာဟာရပြည့်ဝဖို့ထက် ကိုယ်အလေးချိန် လျှော့ချရေးကိုပဲ ဂရုစိုက်နေကြတဲ့ အရွယ်တွေဆိုတော့ ကိုယ်တွေက ဘယ်လောက်ပဲ အစားအသောက်တွေ ပြင်ထားပြင်ထား အားရပါးရစားတယ်ဆိုတာ သိပ်မရှိဘူးလေ။ ဒီတော့ ကိုယ့်သမီးလေးတွေ အာဟာရပြည့်ရေးအတွက် မေမေတို့ ခေါင်းစားရပြီပေါ့။

    အာဟာရတွေလည်း ပိုလိုတဲ့အချိန်မှာ ကလေးကလည်း သိပ်မစားတော့ အခြားသူတွေထက် ညှက်နေမှာလည်းစိုး၊ ရာသီပန်းလည်း ဖူးပွင့်စအချိန်ဖြစ်တော့ သွေးအားနည်းမှာလည်း စိုး၊ နဲ့ ရင်သွေးလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတာနဲ့ မေမေတို့ ပူပန်မှုတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဖြစ်နေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ပုံမှန်အတိုင်း အစားအစာ ပြင်ဆင်ပေးတာအပြင် ဖြည့်စွက်အာဟာရတွေ တိုက်ကျွေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

    ပျော်ရွင်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့နေရာမှာတော့ စိတ်ပိုင်းဆိုင်ရာ ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ကိစ္စတွေ ပါလာပါပြီ။ ဒါတွေကတော့

  • နှင်းဆီပန်းလေး တွေ ဖူးပွင့်လာအောင် ရေလောင်းပေးရသလိုပဲ မေမေ့သမီးလေးတွေ ရဲ့ အသိဉာဏ်ဖွံ့ဖြိုးလာဖို့အတွက် မိန်းကလေးတစ်ယောက်သိသင့်တဲ့ အချက်တွေကို သေချာသင်ကြားပေးဖို့လိုပါတယ်။ အပျိုဖော်ဝင်တယ်ဆိုတာဘာလဲ၊ အနေအထိုင်ဆိုရင်လည်း ငယ်ငယ်လေးတုန်းက လိုမျိုး လွတ်လွတ်လပ်လပ်နေလို့ မရတော့ဘူး၊ သိုသိုသိပ်သိပ်နေရမယ်ဆိုတဲ့ အကြောင်းတွေပေ့ါ။
  • နှင်းဆီပန်းလေး ကို ဖျက်ဆီးမယ့် ပိုးကောင်တွေ ရန်ကနေ ကာကွယ်ရသလိုပဲ ဆယ်ကျော်သက်အရွယ် ဖူးပွင့်စသမီးလေးကို စိတ်ဝင်စားတဲ့ယောက်ျားသားတွေကလည်း အများသားဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းမှားမရောက်အောင်လည်း သေချာ သင်ကြားပျိုးထောင်ပေးဖို့လိုသေးတယ်လေ။ တစိမ်းယောက်ျားတွေနဲ့ နီးနီးကပ်ကပ်မနေဖို့၊ မှောင်တဲ့အချိန် တစ်ယောက်တည်း လျှောက်မသွားဖို့၊ ဘယ်သွားသွား အဖော်မိန်းကလေးတစ်ယောက် အမြဲရှိနေဖို့လိုအပ်ကြောင်းတွေကို အမြဲပြောပြပေးနေပါ။
  • စိတ်မတည်မငြိမ်ဖြစ်နေတဲ့အချိန်၊ စူးစမ်းချင်စိတ်ရှိတဲ့အချိန် လွတ်လပ်ချင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကို အရမ်းမထိန်းချုပ်ဘဲ ဘေးကနေ အားပေးထိန်းကျောင်းဖို့လည်း လိုပါသေးတယ်။
  • နှင်းဆီပန်းလေး မှာရှိတဲ့ ဆူးလေးက ပန်းကို အစွမ်းကုန် ကာကွယ်ပေးထားသလိုပဲ ကိုယ့်ရဲ့ ဆယ်ကျော်သက်အရွယ် သမီးမိန်းကလေး ကို ကာကွယ်ပေးမယ့် ဆူးက မေမေတို့ပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement