backup og meta

ဆယ်ကျော်သက်များ ခံစားမှုကောင်းစေဖို့ သုံးသောအရာများ (အလွဲသုံးခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်များ ခံစားမှုကောင်းစေဖို့ သုံးသောအရာများ (အလွဲသုံးခြင်း)

    ဆေးများနဲ့ အရက်တွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီး။ ဒီနေ့ ဆယ်ကျော်သက်များဟာ ဆေးရှူဖို့အတွက် ပိုပြီး ရူးသွပ်လာကြပါတယ်။ ဒီပြသနာတွေကို သိပြီး ပညာရေး စီမံချက်တွေ ဆောင်ရွက်နိုင်ဖို့၊ ကလေးတွေကို ကာကွယ်ဖို့ သူတို့ဘာတွေ လုပ်ကြသလဲဆိုတာ သိထားသင့်ပါတယ်။ ဒါပေမယ့် သူတို့ဘာတွေသုံးနေသလဲဆိုတာကို မြင်ရရင် သင်အရမ်းအံ့သြသွားနိုင်ပါတယ်။

    ဆေးရှူခြင်း

    Twix

    ဒါဟာ နာမည်ကျော် သကြားအုပ် ကွတ်ကီးချောင်း ဖြစ်ပြီး ကလေးများ ဆေးရှူဖို့လည်း သုံးကြပါတယ်။ ဒီစားစရာကို မီးရှို့ပြီး ဘယ်လိုရှူမလဲ ဆိုတဲ့ ဗီဒီယိုတွေ အင်တာနက်ပေါ်မှာ အများကြီးတွေ့နိုင်ပါတယ်။ Twix ဟာ လူတွေကို ခံစားချက် ကောင်းစေခြင်း ရှိမရှိကိုတော့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ ဒါပေမယ့် မိဘများအနေနဲ့ ဒီနည်းလမ်းကို သိထားသင့်ပါတယ်။

    အိမ်တွင်း ပစ္စည်းများ

    အမြင်အရ အန္တရာယ်မရှိဘူးလို့ သိထားတဲ့ အိမ်တွင်းသုံး ပစ္စည်းတွေ ဥပမာ- ကော်၊ သန့်ရှင်းရေးသုံးအရည်နဲ့ တခြားပစ္စည်းတွေဟာ ဆေးရှူဖို့ သုံးနိုင်ပါတယ်။ အဲဒီအငွေ့တွေ ရှူခြင်းဟာ ဦးနှောက်ကို သေစေနိုင်တဲ့အထိ ထိခိုက်ခြင်း၊ နှလုံးအလုပ်မလုပ်ခြင်း၊ အဆုတ်ခဲခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

    နိုက်ထရိတ်

    လိင်သာယာစိတ်ကို နှိုးဆွပေးတဲ့ ရှူဆေးအမျိုးအစား တမျိုးဖြစ်ပါတယ်။ အရင် ပြောခဲ့တဲ့ နည်းတွေလိုပဲ ပထမဆုံး သုံးဖူးတဲ့သူတွေကို ဦးနှောက်ထိခိုက်ခြင်း ဖြစ်စေပါတယ်။ HIV နဲ့ အသည်းရောင်ခြင်း စတဲ့ ခလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ပြန့်နှံ့စေပါတယ်။

    သောက်သုံးခြင်း

    ချောင်းဆိုးပျောက်ဆေးရည်

    ချောင်းဆိုးပျောက်ဆေးရည်ဟာ အလွန်စွဲတတ်ပါတယ်။ အထူးသဖြင့် အရက်နဲ့တွဲသောက်ရင် ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းကို ကျဆင်းစေပါတယ်။ တချို့ကလေးများဟာ ချောင်းဆိုးပျောက်ဆေးကို တင်ပါးကနေ ဆေးထိုးတတ်ပြီး အန္တရာယ်များတဲ့ အဆိပ်သင့်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

    လက်ဆေးပိုးသတ်အရည်

    ဒီအရည်မှာ ပါဝင်တဲ့ အယ်လ်ကိုဟော အချိုးအစားဟာ အဆိပ်သင့်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ တခါတရံမှာ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

    ထူးဆန်းတဲ့အရာများ လျက်ခြင်း၊ စားခြင်း

    ဇာတိပ္ဖိုလ်သီး

    ဇာတိပ္ဖိုလ်သီးမှာပါတဲ့ Myristician ဓါတ်ဟာ အာရုံမှောက်မှားခြင်းကို ဖြစ်စေပြီး ခံစားချက်ကို မြင့်စေပါတယ်။ ဒါပေမယ့် ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ မူးခြင်း၊ ပင်ပန်းနွးမ်နယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဖားပြုတ်

    တချို့ကလေးများဟာ ဖားပြုတ်များကို ဖမ်းပြီး လျှာနဲ့လျက်ကြပါတယ်။ ဖားပြုတ်မှာ ပါဝင်တဲ့ 5-methoxy-N and N- dimethyltryptamine ဆိုတဲ့ ဓါတ်ဟာ ခံစားချက်ကို မြင့်စေလို့ပါပဲ။ အဲဒီဓါတ်ဟာ ကိုယ်ခန္ဓါထဲရောက်သွားရင် ခံစားမှုကောင်းစေတဲ့ ပစ္စည်းတွေ ထုတ်လွှတ် ပေးပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဆိပ်ရှိတဲ့ ဖားပြုတ်ကြောင့် အဆိပ်မိသေဆုံးခြင်း ဖြစ်တတ်ပါတယ်။

    ဝမ်းလျှောပျောက်ဆေးများ

    ကလေးတချို့ဟာ ဒီဆေးကို ခံစားမှုကောင်းဖို့ သုံးကြပါတယ်။ ပမာဏများသွားရင် အန္တရာယ် ရှိပါတယ်။

    အမူးပျောက်ဆေးများ

    ဒီဆေးတွေဟာ အာရုံမှောက်မှားခြင်းကို ဖြစ်စေတတ်ပါတယ်။ ပမာဏများသွားရင် အကြမ်းဖက်ချင်စိတ်ပေါက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ကိုယ်ခန္ဓါတွင်း အရာဝတ္တုများ ထည့်သွင်းခြင်း

    ကလေးတချို့ဟာ tampon ကို အရက်ဆွတ်ပြီး မိန်းကလေးဆိုရင် မိန်းမကိုယ်ထဲ၊ ယောက်ျားလေး ဆိုရင် အူမကြီးထဲ ထည့်သွင်း တတ်ပါတယ်။ အယ်လ်ကိုဟောဟာ မိန်းမကိုယ်နဲ့ အူမကြီးက နုနယ်တဲ့ တစ်သျှူးတွေကို လောင်စားစေပါတယ်။ အူရောင်ခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။

    I-Dosing

    ဒီကိစ္စမှာ ဆေးတွေတော့ မပါဝင်ပါဘူး။ ဆယ်ကျော်သက်များဟာ အခွေတွေ၊ အင်တာနက် ဗီဒီယိုတွေကိုကြည့်ပြီး အာရုံ၊ အသံများကို စိတ်ကူးခံစားပြီး ခံစားချက်မြင့်အောင် လုပ်တတ်ကြပါတယ်။ ဒီအခွေတွေဟာ အကြားအာရုံ ထိခိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း စတဲ့ ဆိုးကျိုးတွေ ပေးပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement