Sexting ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
Messages, pictures, သို့မဟုတ် video တွေကို internet သို့မဟုတ် smartphone တွေက တဆင့် ပို့တဲ့အခါ တစ်ဦးတစ်ယောက်ပိုင် လုံးဝမဟုတ်တော့ပါဘူး။ ဒါက မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်စေတတ်ပါတယ်။
– အရှက်တကွဲဖြစ်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်း၊ လူအများရဲ့ လှောင်ပြောင်မှုကို ခံရခြင်း
– မိမိပုံရိပ်ကို ထိခိုက်စေခြင်း
– စိတ်ဓါတ်ကျခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာများ
– Online မှာတွေ့ပြီး ဘယ်သူလဲဆိုတာ သိသွားတဲ့အခါ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြဿနာရှာခြင်း၊ အဆိုးမြင်ဝေဖန်ခြင်း သို့မဟုတ် မရင့်ကျက်တဲ့ အပြုအမူတွေ ရင်ဆိုင်ရခြင်း
မိဘတွေအနေနဲ့ ဘာတွေ သိထားရမလဲ
တကယ်လို့ သင့်က မိဘတစ်ယောက်ဖြစ်နေရင် သင့်ဆယ်ကျော်သက်အရွယ်ကလေးက သူတို့ ဂုဏ်သတင်းအတွက် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့အရည်အသွေး၊ အကြံဉာဏ်တွေ၊ သူတို့ရဲ့ စိတ်လိုက်မာန်ပါ ပြောဆိုဆက်ဆံမှုတွေရဲ့ အတည်ဖြစ်မယ့် နောက်ဆက်တွဲကိစ္စတွေ အတွက် လုံလောက်တဲ့ အရွယ် မဟုတ်သေးဘူးဆိုတာ သိသင့်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ ဦးစားပေးတာဝန်ယူမှုထဲက တစ်ခုဖြစ်တဲ့ ကလေးတွေကို သူတို့ ဘေးကင်းရေးနဲ့ သူတို့ိုကိုယ်ပိုင်လုပ်ဆောင်မှုတွေအတွက် ဘယ်လို တာဝန်ယူရမလဲဆိုတာ သင်ကြားပေးရပါမယ်။
သင့်ဆယ်ကျော်သက်အရွယ်ကလေးကို ဘာပြောမလဲ
Sexting ၊ ကိုယ့်ကိုယ်ကို တာဝန်ယူမှု၊ ကိုယ်ပိုင် စည်းမျဉ်းတွေ နဲ့ ပတ်သက်ပြီး သင့်ကလေးနဲ့ တကယ်စကားပြောတဲ့အခါ ဒါတွေကို ပြောဖို့ အမှတ်ရပါ။
– ယာယီလို့ထင်ရတဲ့ pictures, videos, emails နဲ့ text messages တွေက သင့်ဖျက်လိုက်ရင်တောင် cyberspace ထဲမှာ အမြဲရှိနေမှာပါ။ ပုံ သို့မဟုတ် စာ ပို့လိုက်တာနဲ့ ပြန်ယူလို့မရသလို့ သင့်ထိန်းချုပ်မှုမှာလည်း မရှိတော့ပါဘူး။
– သင်စိတ်ဝင်စားတဲ့ သူရဲ့ဖုန်းထဲ ပို့လိုက်တဲ့ ပုံတွေကို တခြားသူငယ်ချင်းဖုန်းတွေဆီ တဆင့်ထပ်ပို့နိုင်ပါတယ်။ လူမှုကွန်ရက်တွေမှာ တင်လို့ရပါတယ်။ ပုံနှိပ်ထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်လို့ရပါတယ်။
– ပုံတွေကို online မှာ တင်လိုက်တာ သို့မဟုတ် တခြားကလေးတွေ ၊ အရွယ်ရောက်ပြီးသူတွေ ရာဂဏန်းလောက်ဆီကို ပို့လိုက်ပြီးရင်တော့ လူအများက အရှက်ခွဲမှာကို ရှောင်လို့ မရနိုင်တော့ပါဘူး။
Sexting ရဲ့ ပြင်းထန်တဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့အတွက် ခုလိုပြောဆိုမှုတွေ ကလေးတွေကို ပြဿနာဖြစ်မှာ ပြောပြတာမျိုးမဟုတ်ပဲ သူတို့ဘဝတလျှောက်မှာ ပြောပြသင့်ပါတယ်၊ သူတို့တွေ sexting လုပ်တာကို တွေ့ခဲ့ရင် ဖုန်း၊ ကွန်ပြူတာတွေကို သိမ်းဆည်းတာ၊ အကန့်အသတ်နဲ့ ပေးသုံးတာ၊ စတဲ့ အပြစ်တွေ ပြုလုပ်ထားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။