backup og meta

ဆယ်ကျော်သက်အရွယ် သွေးအားနည်းရောဂါအကြောင်း သိကောင်းစရာ


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ် သွေးအားနည်းရောဂါအကြောင်း သိကောင်းစရာ

    ကျောင်းလုပ်ငန်းစဉ်များ၊ လူမှုရေးလုပ်ငန်းစဉ်များ လုပ်နေရခြင်းကြောင့် သင်၏ဆယ်ကျော်သက်ကလေးငယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေသည်ဟု မိဘအများစုကထင်ကြပါသည်။ သင့်ကလေးကို ပင်ပန်းနွမ်းနယ်စေသည့် အကြောင်းအရင်းများစွာရှိသည်မှာ မှန်ကန်ပါသည်။ သို့သော်လည်းဆေးပညာအရဆိုလျှင်တော့အဖြစ်အများဆုံးသည် သွေးအားနည်းခြင်း ပြဿနာကြောင့်ပင်ဖြစ်ပါသည်။

    သွေးအားနည်းခြင်းဆိုသည်မှာအဘယ်နည်း။

    သွေးအားနည်းခြင်းဆိုသည်မှာ သွေးထဲတွင်သွေးနီဥ သို့မဟုတ် ဟေမိုဂလိုဘင်နည်းပါးခြင်းကြောင့်ဖြစ်သည့် ကျန်းမာရေးအခြေအနေတစ်ခုပင်ဖြစ်ပါသည်။ သွေးနီဥတွင်ပါရှိသောဟေမိုဂလိုဘင်သည် အောက်ဆီဂျင်ကိုပေါင်း၍ ခန္ဓါကိုယ်အစိတ်အပိုင်းအမျိုးမျိုးသို့ သယ်ယူပို့ဆောင်ပေးပါသည်။ အကယ်၍သင့်သွေးထဲတွင် ဟေမိုဂလိုဘင်ပမာဏသည်ရှိရမည့် ပမာဏထက်နည်းနေပါက သင့်ခန္ဓါကိုယ်အင်္ဂါများသည် လိုအပ်သောအောက်ဆီဂျင်ပမာဏ မရရှိသည့်အတွက်မှန်ကန်ပြီး အကျိုးရှိသောလုပ်ဆောင်ချက်များကို ပုံမှန်လုပ်နိုင်လိမ့်မည်မဟုတ်ပါ။ သွေးအားနည်းခြင်းပုံစံများစွာရှိပါသည်။ ဆယ်ကျော်သက်များအကြား အဖြစ်အများဆုံးသွေးအားနည်းခြင်း ပုံစံနှစ်မျိုးကတော့ သံဓါတ်ချို့တဲ့၍သွေးအားနည်းခြင်းနှင့် ဖောလစ်အက်စစ် သို့မဟုတ် ဗီတာမင်ဘီ၁၂ ချို့တဲ့၍သွေးအားနည်းခြင်းတို့ဖြစ်ပါသည်။ အခြားသွေးအားနည်းခြင်းအမျိုးအစားများမှာ နာတာရှည်ရောဂါများကြောင့် သွေးအားနည်းခြင်း၊သွေးနီဥ၊သွေးဖြူုဥ၊သွေးမွှား ဆဲလ်သုံးမျိုးစလုံးကျဆင်းခြင်းကြောင့် သွေးအားနည်းခြင်း၊ရိုးတွင်းခြင်ဆီရောဂါကြောင့် သွေးအားနည်းခြင်း၊ သွေးနီဥများပေါက်ကွဲ၍သွေးအားနည်းခြင်း၊သွေးနီဥပုံစံမမှန်ခြင်းကြောင့်သွေးအားနည်းခြင်းတို့ဖြစ်ပါသည်။

    ဘာကြောင့်ဆယ်ကျော်သက်တွေသည် သွေးအားနည်းရောဂါဖြစ်ဖို့အန္တရာယ်ရှိနေတာလဲ။

    ဆယ်ကျော်သက်များသည် သွေးအားနည်းရောဂါဖြစ်ဖို့အတွက်ပိုပြီးအန္တရာယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဆယ်ကျော်သက်အရွယ်တို့၏ ခန္ဓါကိုယ်များသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလျင်မြန်စွာ ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပါသည်။ သွေးပမာဏနှင့်ကြွက်သားပမာဏလည်း သိသာစွာပြောင်းလဲနေပါသည်။ ထို့အပြင်ဆယ်ကျော်သက်များသည် မတ်တပ်ပြေးစအရွယ်များနှင့် ယှဉ်လျှင်လုပ်စရာအလုပ်များ ပိုမိုများပြားလာပါသည်။ ထို့အပြင်အရွယ်ရောက်ပြီးသူများ ထက်လည်းရုပ်ပိုင်းဆိုင်ရာပိုမိုတက်ကြွလေ့ရှိသည်။ ထို့ကြောင့် သူတို့၏ခန္ဓါကိုယ်သည်များသောအားဖြင့် အာဟာရများပိုမိုများပြားစွာလိုအပ်လေ့ရှိသည်။

    ဆယ်ကျော်သက်များတွင်သွေးအားနည်းရောဂါ ဖြစ်ပွားစေနိုင်သည့်အခြားအချက်များ

    • သတ်သတ်လွတ်စားခြင်

    အသားအထူးသဖြင့်အနီရောင်အသားများသည် သံဓါတ်၊ဖောလိတ်နှင့်ဗီတာမင်ဘီ၁၂ အများဆုံးပါဝင်ပြီး အလွန်စုပ်ယူရလွယ်ကူပါသည်။ ထို့ကြောင့်လူတစ်ယောက်၏အစားအစာတွင် အသားမပါဘဲစားသုံးခြင်းသည် သံဓါတ်ချို့တဲ့သောသွေးအားနည်းရောဂါဖြစ်ပွားဖို့ ဦးတည်နိင်ပါသည်။

    • ရာသီလာခြင်း

    အပျိုဖော်ဝင်သည့်မိန်းကလေးများသည် လစဉ်ရာသီလာခြင်းကြောင့်သွေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်သံဓါတ်များဆုံးရှုံးနေပါသည်။

    • မိသားစုတွင် သွေးအားနည်း့ရောဂါရှိဖူးသူများ

    အချို့သောသွေးအားနည်းရောဂါ(သွေးဆဲလ်များ ပုံစံမမှန်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါသို့မဟုတ် သွေးဆဲလ်များပေါက်ကွဲခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ)စသည်တို့သည်မျိုးရိုးလိုက်တတ်ကြသည်။

  • နာတာရှည်ရောဂါများ သို့မဟုတ ်ပုံမမှန်မှုများ
  • အူလမ်းကြောင်းဆိုင်ရာပုံမမှန်မှုများ၊ကျောက်ကပ်ဆိုင်ရာပြဿနာများနှင့်အခြားနာတာရှည်ရောဂါအခြေအနေများသည်အာဟာရစုပ်ယူမှုကိုလျော့ကျသွားစေသည့်အပြင်တဖြည်းဖြည်းသွေးဆုံးရှုံးမှုဖြစ်ပွားစေသောကြောင့်သွေးနီဥများဆုံးရှုံးခြင်းကိုဖြစ်ပေါ်စေပါသည်။

    သွေးအားနည်းရောဂါလက္ခဏာရပ်များ

    • အချိန်ကြာရှည်စွာပင်ပန်းနွမ်းနယ်ခြင်း
    • ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း
    • စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
    • အသက်ရှူမဝခြင်း
    • နှလုံးခုန်မမှန်ခြင်း
    • ခန္ဓါကိုယ်အပူချိန်လျော့ကျခြင်း
    • ခြေဖျားလက်ဖျားများအေးခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • အသားရောင်ဖျော့လာခြင်းသို့မဟုတ်ဝါလာခြင်း

    သွေးအားနည်းရောဂါ၏ကုသမှုများနှင့် ကာကွယ်မှုများ

    ဆယ်ကျော်သက်များတွင် သွေးအားနည်းရောဂါသည် အဖြစ်များသော်လည်း ကံကောင်းသည်ကတော့ ထိုရောဂါသည်ကာကွယ်ကုသ၍ လွယ်ခြင်းဖြစ်ပါသည်။ သင်ပြုလုပ်ရမှာကတော့သင့်ကလေးကို သံဓါတ်၊ဖောလိတ်နှင့် ဗီတာမင်ဘီ၁၂ ကြွယ်ဝစွာပါဝင်သော အစားအစာများဖြည့်စွက်စာများကျွေးပါ။

    မိဘများအနေဖြင့် ကလေးများကိုသံဓါတ်ကြွယ်ဝသော အစားအစာများစားနေစဉ်မှာဗီတာမင်စီပါ စားသုံးဖို့တိုက်တွန်းပါ။ဥပမာပြောရလျှင်အမဲသား စားပြီးသည့်နောက်လိမ္မော်ရည်တစ်ခွက် သောက်ခိုင်းပါ။ လက်ဖက်ရည် သို့မဟုတ် ကယ်လစီယမ်ကြွယ်ဝသောအစားအစာများကိုမူ သံဓါတ်ကြွယ်ဝသောအစားအစာများနှင့် တွဲမကျွေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဒြပ်ပေါင်းများသည်တစ်ဦးနှင့်တစ်ဦး စုပ်ယူခြင်းကိုပိတ်ဆို့တားဆီးနိုင်သောကြောင့်ဖြစ်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement