backup og meta

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ


Dr. Phio Thiha မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

    အသီးအရွက်စားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ကလေးအများစုက အသီးအရွက်တွေရဲ့ အရသာကို မကြိုက်တာကြောင့် သိပ်မစားဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေးတွေ အကြိုက်တွေ့စေမယ့် အသီးအရွက် ပြင်ဆင်နည်း ၁၀ ခုကို ရေးသားလိုက်ရပါတယ်။

    (၁) ဖျော်ရည်လုပ်တိုက်ပါ။

    လတ်ဆတ်တဲ့ သစ်သီးတွေကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် နို့နဲ့ ရောဖျော်ပြီး တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည်၊ ငှက်ပျောသီးဖျော်ရည်တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေအပြင် omega-3 fatty acid ပါဝင်တဲ့ အသီးတွေဆို ပိုကောင်းပါတယ်။ DHA (Docosahexaenoic acid) ဆိုတဲ့ omega-3 fatty acid က ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် ကလေးတွေ စားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။

    (၂) သွားရည်စာဖြစ်အောင် ပြင်ဆင်ပါ။

    အသီးတွေပဲ စားမယ်ဆိုရင် ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် ဗနီလာ၊ မီယောနီစ်၊ ဒိန်ချဉ် စတာတွေနဲ့ သုတ်ကျွေးနိုင်ပါတယ်။ အသုပ်ထဲမှာ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ စတာတွေ ထည့်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာလည်း DHA ပါဝင်တယ်နော်။

    (၃) အရောင်အသွေးစုံလင်ပါစေ။

    ကလေးတွေက အရောင်စုံတာ ကြိုက်ပါတယ်။ ဒါကြောင့် ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီး၊ ဖရဲသီး စတဲ့ အရောင်စုံသစ်သီးတွေအားလုံး ရောစပ်ပြီး သီးစုံကျွေးနိုင်ပါတယ်။ အသီးတွေကို အသည်းပုံ၊ကြယ်ပုံစံ၊ အကောင်လေးတွေပုံစံ လှီးဖြတ်လို့ရတဲ့ ပုံစံခွက်လေးတွေနဲ့ ကလေးအကြိုက် ဖန်တီးပြင်ဆင်ပေးလိုက်ပါ။

    (၄) ကိုယ်တိုင်လုပ်ပီဇာ။

    ကလေးတွေက ပီဇာကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အမယ်တွေ အနံအရသာတွေနဲ့ ပြုလုပ်ပြီး ကျွေးနိုင်ပါတယ်။ ovenရှိရင် ရနေပြီပဲ။ အပြင်စာဝယ်ကျွေးတာထက် အသီးအရွက်၊အသား၊ဂျုံ အာဟာရမျှတအောင် လုပ်နည်းလေ့လာပြီး ကိုယ်တိုင်လုပ်ကျွေးလို့ရပါတယ်။

    (၅) ဖန်တီးတီထွင်မှု ရှိပါစေ။

    ကလေးတွေ အစားပိုစားဖို့အတွက် ပန်းကန်၊ ဇွန်းခရင်း စတာတွေကအစ အရောင်စုံပြီး စွဲဆောင်မှု ရှိနေပါစေ။ ပန်းကန်ထဲမှာ အလှဆင်ပြင်ဆင်ပေးတာမျိုးက ကလေးတွေရဲ့စားချင်စိတ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။

    (၆) အေးခဲပြီးထားတဲ့ အသီးကျွေးပါ။

    ငှက်ပျောသီး၊ ပန်းသီး၊ ဖရဲသီး၊ ထောပတ်သီးစတာတွေ ပါဝင်တဲ့ ရေခဲမုန့်၊ရေခဲချောင်းလုပ်ပြီး ကျွေးနိုင်ပါသေးတယ်။ အသီးနဲ့ပတ်သက်တဲ့ သရေစာ အလွယ်ပြုလုပ်နည်းတွေ အင်တာနက်မှာအများကြီးရှိပါတယ်။

    (၇) မနက်စာအတွက် သစ်သီးထည့်ကျွေးပါ။

    အရင်စားနေကျအစာတွေထက် မနက်စာမှာ သစ်သီးကိုပါ ထည့်ကျွေးတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်ဥ၊ ဂျုံ၊ နို့ထွက်ပစ္စည်းနဲ့ အသီးအနှံတွေပါတဲ့ မနက်စာက ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေအတွက် လုံလောက်တဲ့အာဟာရဖြစ်ပါတယ်။

    (၈) ဟင်းလျာထဲမှာ သစ်သီးထည့်ချက်နိုင်ပါတယ်။

    မိရိုးဖလာချက်ပြုတ်နည်းတွေကို မေ့ထားပြီး သင့်မိသားစု ကြိုက်စေမယ့် ဟင်းလျာထဲမှာ အသီးတွေ ရောစပ်ပြီး ချက်ပြုနိုင်ပါတယ်။ ဥပမာ နာနတ်သီးနဲ့ချက်တာမျိုး။

    (၉) ကလေးတွေကို ရွေးချယ်ခိုင်းပါ။

    ချက်ပြုတ်ပြင်ဆင်နေတဲ့အခါမျိုးတွေမှာ ကလေးတွေကို ကြိုက်တဲ့ အသီးအရွက်တွေ ရွေးချယ်ပါစေ။

    ကလေးတွေရဲ့ နေရေးစားရေးသောက်ရေး စတဲ့ ပြုစုစောင့်ရှောက်မှုတွေအတွက် မိဘတိုင်းပူပန်နေရနိုင်ပါတယ်။ ဒါ့ကြောင့် အမြင်ဆန်းပြီး ကလေးစိတ်ဝင်စားစေလောက်တဲ့ အပြင်အဆင်၊တီထွင်ဖန်တီးမှုတွေနဲ့ ကလေးကိုဆွဲဆောင်ရပါလိမ့်မယ်။ အာဟာရပြည့်ဝစွာစားသုံးမှ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ကြယ်ပွင့်လေးတွေဖြစ်လာနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement