ကလေးရဲ့အသားအရေဟာ ချောချောမွတ်မွတ်၊ နူးနူးညံ့ညံ့လေးမို့ဖေဖေမေမေတို့ မနမ်းဘဲ မထိဘဲ မနေနိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုအသားအရေလေးကို ထိန်းသိမ်းပေးနိုင်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်။ ကလေးရဲ့အရေပြားဆိုတာ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့မတူဘဲ အမေ့ဝမ်းထဲမှာတည်းကကောင်းကောင်းဖွံ့ဖြိုးဖြစ်တည်နိုင်ဖို့ အချိန် ၉လလောက် ကြာခဲ့ရတာဖြစ်ပါတယ်။