သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကလေးရဲ့ အိမ်စာတွေကို ဘယ်လိုကူမလဲ

သင့်ကလေးရဲ့ အိမ်စာတွေကို ဘယ်လိုကူမလဲ

အိမ်စာလုပ်ခြင်းဟာ ကလေးတွေရဲ့ ပညာရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ GPA တွက်ချက်မှုမှာ ၅၀% အရေးပါပါတယ်။ မိဘတွေက ကလေးတွေကို အတတ်နိုင်ဆုံးအမှတ်များများ ရစေလိုကြပါတယ်။

ဒါပေမယ့် သူတို့အတွက် အကုန်လုံး မလုပ်ပေးနိုင်တာကြောင့် ဒါဟာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။

အောက်ဖေါ်ပြပါ အချက်တွေကတော့ သင့်ကလေးကို အိမ်စာလုပ်ကူဖို့ ကူညီပေးနိုင်တဲ့ အချက်ငါးခုဖြစ်ပါတယ်။

သူတို့ကို စာဖတ်ကျွမ်းကျင်နည်းတွေ သင်ကြားပေးပါ။

သင်ကြားမှုတစ်ခု ပြုလုပ်အပြီးမှာ ဆရာတွေ အကုန်လုံးက တပည့်တွေကို စာမေးပွဲစစ်ဖို့၊ စာဖတ်ဖို့ နည်းလမ်းတွေကို သင်ဖို့ အချိန်မရှိကြပါဘူး။ အချိန်ရှိရင်တောင်မှ ဒါဟာ အကြမ်းမျဉ်းပြောတာမျိုးလောက်သာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိဘတွေဟာ ကလေးတွေကို စာဖတ်နည်းပြောပြ သင်ကြားပေးသူတွေ ဖြစ်သင့်ပါတယ်။ ဥပမာ သင်ဟာ သင့်ကလေးကို အချိန်ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားပေးခြင်း၊ စာသင်စဉ် စာတွေ လိုက်မှတ်ထားဖို့ အကြံပေးခြင်း၊ အာရုံစိုက်ခြင်းနဲ့ အရင်သင်ထားတဲ့ သင်ခန်းစာတွေရဲ့ အရေးကြီးပုံတွေကို ပြောပြပေးနိုင်ပါတယ်။

သူတို့ကိုယ်ပိုင် ပုံစံ စာလုပ်ခွင့်ပေးပါ။

မတူညီတဲ့ ဉာဏ် ၇ မျိုးအတွက် သင်ယူနည်း ၇ မျိုးရှိပါတယ်။ လူတိုင်းဟာ တစ်မျိုးတည်းကို အသုံးပြုခြင်းမရှိပါဘူး။ စာသင်စနစ် အတော်များများဟာ ပုံစံအကုန်လုံးကို အာရုံစိုက်နိုင်ခြင်းမရှိပါဘူး။ မိဘတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ စာဖတ်နိုင်အောင် အားပေးသင့်ပါတယ်။ ဒါဟာ သူတို့ကို အကောင်းဆုံး ရလဒ်တွေရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

သင်ယူနည်း ၇ မျိုးကတော့

· အမြင်အာရုံ

· အကြားအာရုံ

· ပါးစပ်ဖြင့် ပြောဆိုခြင်း

· တွေးတောခြင်း

· ကိုယ်ခန္ဓါအရ

· တစ်ဦးတည်း

· လူမှုရေး တို့ပဲဖြစ်ပါတယ်။

ဘယ်သင်ယူမှုပုံစံနဲ့ ဉာဏ်ရည် သင့်ကလေးမှာရှိသလဲဆိုတာကို သူတို့ရဲ့ စာဖတ်ပုံကို လေ့လာခြင်းဖြင့် သိရှိနိုင်ပြီး အဖြေသိရဖို့ သူတို့ကို စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ကလေး အတော်များများမှာ ပုံစံ ၂၊၃၊ ၄ မျိုးအထိ ရှိတတ်ပါတယ်။

အာရုံပြောင်းစေတဲ့ အရာတွေကို ဖယ်ရှားပါ။

သင့်ကလေး စာလုပ်နေစဉ် (သို့) အိမ်စာလုပ်နေစဉ်မှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားခြင်း၊ ပလပ်ဖြုတ်ထားခြင်း၊ စာဖတ်နေတဲ့နေရာမှ ကာတွန်းစာအုပ်တွေ၊ အခြားအရာတွေ ဖယ်ထားခြင်းတွေ ပြုလုပ်သင့်ပါတယ်။ အာရုံစိုက်ခြင်းဟာ အောင်မြင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်။

ဒါဟာ ကလေးကို စာဖတ်တာ အမြန်ပြီးစေဖို့ ကူညီပေးပြီး စာတွေကို အချိန်ကြာမြင့်စွာ သတိရစေနိုင်ပါတယ်။ စာလေ့လာခြင်းဟာ တွေးတောခြင်းနဲ့ ဖေါ်ထုတ်ခြင်းတွေပါဝင်တာမို့ ကလေးကို အင်တာနက်ကနေ ချက်ချင်း အဖြေရှာခြင်းတွေကို အားမပေးသင့်ပါဘူး။

လှုပ်လှုပ်ရှားရှားမရှိတဲ့ ဦးနှောက်ဟာ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေ အနာဂတ်မှာ အားနည်းစေနိုင်ပါတယ်။

တက်ကြွအောင် အားပေးပါ။

တက်ကြွခြင်းဟာ အောင်မြင်မှုရဲ့ အဓိက အရာတစ်ခုဖြစ်ပါတယ်။ ကလေးတွေ စာဖတ်နေစဉ်မှာ အားပေးဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်ဖို့ အလွယ်နည်းကတော့ ပညာရေးရဲ့ အရေးကြီးပုံကို မြင်နိုင်တဲ့ ပုံပြင်တွေ၊ စာအုပ်တွေမှတစ်ဆင့် ပြောပြခြင်း ဖြစ်ပါတယ်။

မိဘတွေဟာ အမြဲမဟုတ်ပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တခါတရံမှာ ကလေးငယ်တွေကို ဆုပေးနိုင်ပါတယ်။

စာလုပ်ခြင်းဟာ အသက်အရွယ်မရွေး ကျောင်းသားကျောင်းသူတွေအတွက် လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ အတော်များများက အလွယ်လေးနဲ့ အလျှော့ပေးတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေအတွက် မှန်ကန်တဲ့ ရည်မှန်းချက်နဲ့ စိတ်ဓါတ်တက်ကြွမှုတို့ကို ငယ်ရွယ်စဉ်ထဲက ပေးထားဖို့ အရေးကြီးပါတယ်။

နားချိန်

နားချိန်တွေဟာလည်း အရေးကြီးပါတယ်။ နားချိန်တွေဟာ စိတ်ကို အားပြည့်စေပြီး ဦးနှောက်ကို ပြန်အလုပ်လုပ်ဖို့နဲ့ အချက်အလက်တွေကို သိမ်းထားပေးဖို့ ကူညီပေးပါတယ်။ အနားယူခြင်းဟာ လူတစ်ယောက်ရဲ့ တက်ကြွမှုနဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

ဒါကြောင့် မိဘတွေက ကလေးတွေကို ဖိအားပေးပြီး ခိုင်းစေခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ၂၅ မိနစ် စာလုပ်ပြီးတိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်အထိ အနားပေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

– Top 10 homework tips http://kidshealth.org/en/parents/homework.html Accessed December 5, 2016
– The 7 Styles Of Learning: Which Works For You? http://www.edudemic.com/styles-of-learning/ Accessed December 5, 2016
– Why Taking a Break at Work Makes You a Better Employee http://news.health.com/2015/09/18/workday-breaks-help-employees-reboot-researchers-say/ Accessed December 5, 2016

စာရေးသူ ဓာတ်ပုံbadge
Dr . Phyu Mon Latt မှ ရေးသားသည်။ 19/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။