backup og meta

ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

    ကန်စွန်းရွက်ကြော် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။

    ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။

    ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

    ကန်စွန်းရွက်ကြော် စားတာက-

    သွေးတွင်းကိုလက်စထရော ကျစေတယ်

    ကန်စွန်းရွက် က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်ကြော် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။

    အသည်း အတွက် ကောင်းတယ်

    ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် ကင်းစင်စေဖို့နဲ့ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ပြန်လည်ကုစားရာမှာ အထောက်အကူပေးပါတယ်။ အဆိပ်ပြေစေတယ် လို့ဆိုကြတဲ့ ကန်စွန်းရွက်ရဲ့ အစွမ်းသတ္တိတွေပေါ့။

    သွေးအားနည်းရောဂါ ကာကွယ်တယ်

    သံဓာတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာဆို သံဓာတ်ကို ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။ သံဓာတ် ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး သွေးအားကောင်းစေမှာပါ။ ကန်စွန်းရွက်နုနုလေးတွေဟာ သွေးအားနည်းသူတွေအတွက် အကောင်းဆုံး ဓာတ်စာပါပဲ။

    အစာကြေ စေတယ်၊ ဝမ်း မှန်စေတယ်

    ကန်စွန်းရွက် ရဲ့ အမျှင်ဓာတ်တွေ က အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် လုံလောက်အောင် ရရှိတဲ့အခါ အစာချေဖျက်နိုင်စွမ်း ပိုကောင်းစေတယ်၊ ဝမ်းမှန်စေတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

    မျက်စိ အားကောင်းစေတယ်

    မျက်စိအားကောင်းချင်တယ်ဆို ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက် မှာ မျက်စိကျန်းမာရေးအတွက် အဓိက အရေးပါတဲ့ ဗီတာမင် အေ နဲ့ lutein ဓာတ်တွေ ပါဝင်တယ်လေ။ ကန်စွန်းရွက်က မျက်စိအတွင်းတိမ် ဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ glutathione ပမာဏ ကိုလည်း မြှင့်တင်ပေးပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိနေတဲ့အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အစွမ်းကြောင့် ကိုယ်ခံအားစနစ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတာပါ။

    နှလုံး ကျန်းမာစေတယ်

    ကိုလက်စထရော တွေကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။

    ဗီတာမင် အေ နဲ့ စီ တို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါရှိတဲ့ အပြင် သွေးတွင်းကိုလက်စထရောပါ ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောပိတ်တာ၊ နှလုံးထိခိုက်တာ၊ လေဖြတ်တာတွေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    ဖောလိတ်ဓာတ် ပါဝင်မှု ကြောင့် နှလုံးထိခိုက်၊ လေဖြတ်ခြင်း တို့ကို ဖြစ်စေတဲ့ အန္တရာယ်ဓာတ်ပစ္စည်း homocysteine ကို ဟန့်တားပေးနိုင်တယ်၊ မဂ္ဂနီဆီယမ် ကြောင့် သွေးဖိအားကို ကျစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    ဆီး နဲ့ ကျောက်ကပ် ကျန်းမာရေးကို ကောင်းကျိုးပြုတယ်

    ကျောက်ကပ် မကျန်းမာလို့၊ ဆီး ပြဿနာတွေ ရှိလို့ ခံစားနေရတယ် ဆိုရင်လည်း ကန်စွန်းရွက် စားပေးတာ ကောင်းပါတယ်။ ကန်စွန်းရွက်မှာ ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ ဒါဆိုရင် ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

    အရေပြား ကျန်းမာရေး အတွက် ကောင်းတယ်

    ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားဆဲလ်တွေ အသစ် ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။

    အရေပြားမှာ အမာရွတ် ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက် ကိုက်တာကြောင့် အမာရွတ် ကျန်ခြင်းကို သက်သာစေချင်တယ် ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာနဲ့ အဆင်ပြေသွားနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    ကန်စွန်းရွက်က အများကြီး စားရင် ဝမ်းနူးနိုင်တာ​ကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement