backup og meta

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အရိုးတွေက ပါးလာတယ်၊ ကျိုးလွယ်လာတယ်။ ကြွက်သားတွေလည်း အားနည်းလာပါတယ်။ ဒါပေမယ့် အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားသုံးမယ်ဆိုရင်တော့ အသက်အရွယ် ရလာပေမယ့်လည်း အရိုးနဲ့ကြွက်သားတွေကို သန်မာနေစေမှာပါ။ သန်မာတဲ့ အရိုးနဲ့ ကြွက်သားတွေကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်မနေလိုအပ်မယ့် အာဟာရဓာတ်တွေက များများစားစား မရှိပါဘူး။ အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေ ထဲမှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် D တို့ ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။

အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ် နဲ့ ဗီတာမင် D 200 international units (IUs) ရရှိဖို့ လိုပါမယ်။ အသက် ၅၀ နဲ့ အထက်ဆိုရင်တော့ တစ်နေ့တာမှာ ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ် နဲ့ ဗီတာမင် D 400 ကနေ 600 IUs ရရှိဖို့ လိုအပ်ပါမယ်။ ပရိုတင်းကတော့ တစ်နေ့တာမှာ ၆၃ ဂရမ် ရရှိဖို့ လိုပါမယ်။

အရိုး နဲ့ ကြွက်သားတွေ သန်မာစေဖို့ ဘာတွေ စားမလဲ……..

အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ

ဒိန်ချဉ် – အချိုမပါဖို့တော့ သတိရပါ။ ဒိန်ချဉ် အများစုမှာ ဗီတာမင် D ဖြည့်စွက်ပေးထားသလို နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းအထိကို ဖြည့်စွက်ပေးပါတယ်။

နွားနို့အရိုးနဲ့သွားတွေ သန်မာစေဖို့ ငယ်စဉ်ကတည်းက သောက်လာတဲ့ နွားနို့ကို အသက်ရလာရင်လည်း သောက်စေချင်ပါတယ်။ နွားနို့မှာ ဗီတာမင် D ဖြည့်စွက်ထားတာမျိုးဆိုရင် ပိုကောင်းပါတယ်။ အဆီထုတ်ထားတဲ့ နို့တစ်ခွက်က နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းအထိကို ဖြည့်စွက်ပေးပါတယ်။

ဆယ်လ်မွန် နဲ့ တူနာ – ဒီငါးတွေက နှလုံး ကျန်းမာစေရုံတင်မက အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင် D ကိုပါ ဖြည့်စွက်ပေးနိုင်ပါတယ်။

ဟင်းနုနွယ် – ဟင်းနုနွယ်က ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အဆီမပါတဲ့ အနီရောင် အသား – ပရိုတင်း ဓာတ်ကြွယ်ဝမှုက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။ အဆီ နဲ့ အရေခွံမပါစေဖို့ သတိထားစေချင်ပါတယ်။

ဥအမျိုးမျိုး – မနက်စာကစလို့ အဆာပြေအဖြစ်ပါ စားသုံးလေ့ရှိတဲ့ ဥအမျိုးမျိုးက ဗီတာမင် D၊ ပရိုတင်း၊ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုး နဲ့ ကြွက်သားတွေကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။

Nut butter – မြေပဲထောပတ်၊ အယ်လ်မွန်စေ့ထောပတ်တို့က စားရတာ အရသာရှိသလို အရိုးနဲ့ကြွက်သား ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ကဲ အရသာရှိရှိ၊ အာဟာရ ပြည့်ပြည့် စားလို့ အရိုး နဲ့ ကြွက်သား ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods That May Help to Strengthen Bones & Muscles https://www.osteobiflex.com/articles/foods-for-stronger-bones-and-muscles/ Accessed Date 18 May 2020

Foods for healthy bones and muscles https://www.futurelearn.com/courses/musculoskeletal/0/steps/25180 Accessed Date 18 May 2020

7 Tips to Help Keep Your Bones Strong https://www.unlockfood.ca/en/Articles/Bone-Health/7-tips-to-help-keep-your-bones-strong.aspx Accessed Date 18 May 2020

10 Natural Ways to Build Healthy Bones https://www.healthline.com/nutrition/build-healthy-bones Accessed Date 18 May 2020

10 Foods for Building Strong Bones and Muscles https://www.northcentralsurgical.com/blog/10-foods-building-strong-bones-muscles-174.html Accessed Date 18 May 2020

ယခုပုံစံ

05/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပရိုတင်း နဲ့ အရိုးကျန်းမာရေး

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement