ဒူးနာတယ်၊ အထိုင်အထလုပ်ရင် အရမ်းနာကျင်ရတယ်၊ လမ်းမလျှောက်နိုင်ဘူး၊ စတဲ့ နာကျင်မှုတွေက အမြန်ဆုံးကုသမှုခံယူသင့်တဲ့ လက္ခဏာတွေပါ။ ဒါတွေဟာ အသက်အရွယ်ကြောင့် အရိုးအဆစ်တွေ ယိုယွင်းအားနည်းလာတာ၊ နာတာရှည် အဆစ်နာရောင်ရမ်းမှု၊ အရွတ်ထိခိုက်မှု၊ ဒဏ်ဖြစ်စေတဲ့ ထိခိုက်မှုကြောင့် ဒူးဆစ်ထိခိုက်မှု၊ အရိုးနုလွှာထိခိုက်မှု စတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။