backup og meta

သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

    သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သောသူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအခြေအနေဟာ ဆက်စပ်မှုရှိပါတယ်။ သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာကြည့်ရအောင်။

    သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း

    သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း မပြောခင် သွေးအုပ်စုတွေအကြောင်းလေး အရင်ပြောပြမယ်နော်။ သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။

    စိတ်ပိုင်းဆိုင်ရာ ။    ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ခြေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ခြေများပါတယ်။

    သန္ဓေအောင်နိုင်ခြေ ။   ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ခြေ နည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ အရည်အသွေးဟာ တခြားသော သွေးအမျိုးအစားပိုင်ရှင်တွေထက် မကောင်းတဲ့ဘက်ကို ရောက်နေပါတယ်။

    အစာအိမ်ကင်ဆာ။      ။‘AB’ သွေးပိုင်ရှင်တွေဟာ ‘B’ နဲ့ ‘O’ သွေးထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ (၂၆)ရာခိုင်နှုန်းများပါတယ်။ ‘A’သွေးပိုင်ရှင်တွေကတော့ ‘B’ နဲ့ ‘O’ သွေးပိုင်ရှင် တွေထက် (၂၀) ရာခိုင်နှုန်းပိုများပါတယ်လို့ဆိုထားပါတယ်။ ‘A’ နဲ့ ‘AB’ သွေးတွေဟာ ဆေးလိပ် သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေ ခံစားရနိုင် ချေလည်းများပါသေးတယ်။

    နှလုံးရောဂါ။    ။ ‘A’ , ‘B’ နဲ့ ‘AB’ သွေးပိုင်ရှင်တွေဟာ နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်ပါတယ်။ ‘AB’ က(၂၃)ရာခိုင်နှုန်း၊ ‘B’ က (၁၁)ရာခိုင်နှုန်းနဲ့ ‘A’ ကတော့ (၅) ရာခိုင်နှုန်းမြင့်ပါတယ်။ ကံကောင်းစွာနဲ့ ‘O’ သွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနည်းပါတယ်။

    ပန်ကရိယာကင်ဆာ။   ။ ‘O’ သွေးပိုင်ရှင်တွေဟာ ပန်ကရိယာကင်ဆာဖြစ်ပွားနှုန်း သိပ်မရှိပါဘူး။

    စိတ်ဖိစီးမှု။      ။ ‘A’ သွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှု တစ်ခုကြုံတွေ့ရတဲ့အခါ ဟော်မုန်းများပြား စွာထုတ်လုပ်ပါတယ်။ ‘O’ သွေးကတော့ အဒရီနယ်လင်း  (Adrenaline) ထုတ်ပါတယ်။ ဒီလို ဟော်မုန်းတွေထွက်လာခြင်းကြောင်း စိတ်ဖိစီးမှုဒဏ်ကို ကောင်းစွာမထိန်းချုပ်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ဆိုရင်တော့ ‘A’ သွေးပိုင်ရှင်တွေဟာ ပြေးခြင်း၊ လက်ဝှေ့ထိုး ခြင်းလိုမျိုးလှုပ်လှုပ်ရှားရှား အားကစားမျိုးလုပ်သင့်ပါတယ်။

    နာတာရှည်ဖျားနာခြင်း။      ။ ‘A’ သွေးပိုင်ရှင်တွေဟာ Cortisol ပမာဏကြောင့် စိတ်ဖိစီးလွယ်သလို နာတာရှည်ဖျားနာခြင်းနဲ့ ရောင်ရမ်းခြင်း ကိုခံစားရနိုင်ပါတယ်။

    ကိုယ်အလေးချိန်တက်ခြင်း။    ။ ‘A’ သွေးအမျိုးအစားဟာ တခြားသွေးပိုင်ရှင်တွေနဲ့ယှဉ်ရင် ရောဂါဖြစ်ပွားနိုင်ချေနှုန်းနည်းပါးပေမယ့် ကိုယ်အလေးချိန်တော့ အလွယ်တကူတက်နိုင်တယ်လို့ ဆိုထားပါတယ်။

    ဉာဏ်ကောင်းခြင်း။     ။သွေးအမျိုးအစားနဲ့ ဉာဏ်ရည် (IQ) ပမာဏဟာ ပတ်သက်ဆက်နွယ်ခြင်းတော့မရှိပါဘူး။ မျိုးရိုးဗီဇာနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။

    ခြင်တွေဟာဘယ်သွေးအမျိုးအစားကို ပိုကြိုက်သလဲ။  ။ ခြင်တွေဟာခွဲခြားခြင်းမရှိပါဘူးနော်။ ကိုက်ချင်တဲ့သူကိုကိုက်မှာပါ။ ဒါပေမယ့် ‘O’ သွေးပိုင်ရှင်တွေရဲ့အရေပြားပေါ်မှာ တွေ့ရတဲ့ခြင် ပမာဏဟာ တစ်ခြားသော သွေးပိုင်ရှင်တွေထက်ပိုများပါတယ်လို့ လေ့လာချက်တွေကဖော်ပြ ထားတာကိုတွေ့ရပါတယ်။

    ဒါတွေက လေ့လာချက်တွေသာဖြစ်ပြီး အတိအကျ သက်သေပြနိုင်ခြင်း မရှိပါဘူး။ အကောင်းဆုံး သွေးအမျိုးအစားဆိုတာ မရှိပါဘူး။ ဘယ်သွေးအမျိုးအစားပဲဖြစ်ဖြစ် ကျန်းမာရေးအရ ကောင်းကျိုးဆိုးကျိုးတွေကတော့ ဒွန်တွဲနေမှာပဲ ဖြစ်ပါတယ်။

    ရေးသားသူ – ဒေါက်တာမှူးခင်

    # ကျန်းမာစေဖို့ ဘယ်လိုလေးတွေ ဂရုစိုက် နေထိုင်ရမလဲ!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement