လူအများစုက တရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လူအများစုက တရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။
တရားထိုင် မယ်ဟေ့လို့ တွေးပြီး အားရပါးရထိုင်လိုက်ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်နေတော့ ကျောကနာသလိုလို၊ ခါးက တောင့်သလိုလို၊ တင်ပဆုံရိုးကညောင်းသလိုလိုနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ကြတယ်မဟုတ်လား။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် အလေ့အကျင့်မရှိတာကတစ်ကြောင်း၊ တစ်သက်လုံး လုပ်ငန်းခွင်နဲ့ နေအိမ်အတွင်းမှာ အညောင်းမိနေတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ခဲ့တာကတစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးမလိုက်စားခဲ့တာတွေကတစ်ကြောင်း အကြာင်းပြချက် အမျိုးမျိုးကြောင့်ပါပဲ။
ခုဆို ဝါတွင်းကာလမို့ ဥပုသ်သီလ ဆောက်တည်မယ့် သူတွေရှိကြမှာပါ။ နေ့စဉ် ပုံမှန်တရားထိုင်နေကြလူမဟုတ်ရင် ရုတ်တရက်တရားထိုင်တာက ခန္ဓာကိုယ် အညောင်းမိတာ၊ နာကျင်ကိုက်ခဲတာတွေ ကြုံဆုံရဖို့ သေချာသလောက်ပါပဲ။ ကြာကြာထိုင်နိုင်ဖို့လည်း ခက်ခဲမှာပါ။ အဓိကဖြစ်တာကတော့ ခါးနာတာပါပဲ။
ခါးတွေ ကျောတွေ မနာအောင် ဘယ်လို တရားထိုင်ကြမလဲဆိုတာကို တရားထိုင်ကြမယ့်လူတိုင်း သိချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် နာကျင်မှုလျော့ပါးစွာနဲ့ သက်သောင့်သက်သာ တရားထိုင်လို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
တကယ်တမ်းအားဖြင့် တရားထိုင်တာဟာ ခါးနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ စနစ်တကျအသုံးချနိုင်ရင် နာတာရှည် ခါးနာတဲ့ဝေဒနာရှိနေသူတွေကိုတောင် သက်သာစေနိုင်ပါတယ်။ နည်းစနစ်မမှန်ရင်သာ ပြောင်းပြန်သက်ရောက်မှုဖြစ်ပြီး ခါးနာစေတာဖြစ်ပါတယ်။
ဒါကြောင့် တရားရှုမှတ်ချိန်မှာ နည်းမှန်လမ်းမှန်နဲ့ ရှုမှတ်ဖို့ သတိရှိပါ။ မှန်ကန်စွာ တရားရှုမှတ်တာဟာ ကုသိုလ်ရေး တစ်ခုတည်းသာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။