brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား …….

ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။

ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။

ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ ……

ခြေထောက်ကိုက်စေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။

  • ကြွက်သားတွေ အသုံးများတာ၊ အလွန်အကျွံ အသုံးပြုမိတာ
  • ရေဓာတ်နည်းနေတာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • ထိခိုက်ဒဏ်ရာရတာ 
  • အရွတ်ရောင်တာ
  • သွေးခဲပိတ်တာ
  • အာရုံကြောတွေ ထိခိုက်ပျက်စီးတာ
  • အဆစ်ရောင်နာ ရှိတာ
  • ဓာတ်ဆားတွေ မမျှတတာ
  • ဆီးချိုရှိတာ
  • သွေးကြောကျဉ်းတာ
  • ဆေးလိပ် နဲ့ အရက် အလွန်အကျွံ သုံးစွဲတာ
  • ကင်ဆာကျိတ်တွေ ရှိတာ
  • အရိုးကင်ဆာ ရှိတာတွေကြောင့် ခြေထောက်တွေ ကိုက်နိုင်ပါတယ်။

ခြေထောက်ကိုက်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ………

ခြေထောက်ကိုက်ပြီဆိုရင် နေရာလေး တစ်ခုထဲက ကွက်ပြီး တင်းတင်းကျပ်ကျပ် နာနေတာမျိုး ခံစားရနိုင်သလို ခြေထောက် တစ်ခုလုံးမှာ နာကျင်နေတာမျိုးလည်း ခံစားရနိုင်ပါတယ်။

  • နည်းနည်းလောက် နာကျင်တာကနေ ပြင်းပြင်းထန်ထန် နာကျင်တာမျိုးအထိ ခံစားရနိုင်ပါတယ်။
  • နေ့စဉ် လုပ်နေကျ အလုပ်တွေကို လုပ်နေချိန်မှာ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။
  • ခြေထောက်ထဲက နာကျင်နေတာကို မိနစ်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းလောက် ခံစားရနိုင်ပါတယ်။
  • ခြေထောက်ထဲက စူးခနဲ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။
  • ခြေထောက်တွေထဲက ပူနေတာ၊ တင်းတင်းကြီး နာနေတာ၊ ခြေထောက်တွေ ထုံနေတာမျိုး ခံစားရနိုင်ပါတယ်။
  • ခါးအောက်ပိုင်း၊ ခြေထောက်၊ တင်ပါးကနေစလို့ ခြေထောက် တလျှောက်လုံး နာကျင်နေတာမျိုး ခံစားရနိုင်ပါတယ်။

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ က ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

ပန်းသီးရှာလကာရည်ကို အသက်အရွယ်တိုင်းအတွက် အသုံးပြုပေးလို့ ရပါတယ်။ ကိုက်ခံနေတဲ့အခါမျိုးမှာ အရေပြားပေါ်မှာ လိမ်းပေးတာမျိုး လုပ်ပေးလို့ ရသလို ရေနွေးနဲ့ ရောပြီး ချိုးပေးတာ၊ ရေနဲ့ ဆတူရောပြီး သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

နာကျင်မှုကို လျော့ပါး သက်သာစေနိုင်မှာပါ။ ရေနွေးထဲ ပန်းသီးရှာလကာရည် ထည့်လို့ ခြေထောက်စိမ်ပေးလို့လည်း ရပါတယ်။

နနွင်းက အရောင်ကျစေနိုင်သလို အဆစ်ရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရိုးအကြောပြဿနာတွေအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

နနွင်းကို စားပေးလို့ ရသလို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး နာကျင်ကိုက်ခဲနေတဲ့ နေရာမှာ လိမ်းပေးလို့လည်း ရပါတယ်။

ချင်း/ ဂျင်း ကိုလည်း ခြေထောက်ကိုက်တာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ချင်း/ ဂျင်း အဆီကို လိမ်းပေးလို့ ရပါတယ်။ အရောင်ကျစေနိုင်ပြီး ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ထောင်းလို့ရတဲ့ အရည်ကို လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

လာဗင်ဒါဆီက ကျန်းမာရေးအတွက် အကျိုးများသလို ကိုက်ခဲနာကျင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ လာဗင်ဒါဆီကို အဆီ တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး ကိုက်ခဲနာကျင်တဲ့ နေရာမှာ လိမ်းပေးလို့ ရပါတယ်။ အရောင်ကျစေနိုင်သလို ကိုက်တာခဲတာကိုလည်း သက်သာစေနိုင်မှာပါ။

ကြက်သွန်ဖြူမှာ bioactive ဒြပ်ပေါင်း တစ်မျိုး ဖြစ်တဲ့ allicin ပါဝင်နေတာကြောင့် ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ကိုက်ခဲတဲ့အခါ ကြိတ်ရည်ကို လိမ်းပေးလို့ ရသလို အဆီကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ စားပေးလို့လည်း ရပါတယ်။

ခြေထောက်ကိုက်နေတဲ့အခါ ခြေထောက်ကို တင်ပါးထက် မြင့်နေအောင် ထားပေးတဲ့ အနေအထားမျိုးမှာ ထားပြီး သက်သောင့်သက်သာ အနားယူပေးတာကလည်း ခြေထောက်ကိုက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းပါပဲ။

ခြေထောက်တွေ အရမ်းကိုက်တဲ့အခါ ရေခဲကပ်ပေးတာကလည်း ခြေထောက်ကိုက်တာကို သက်သာစေနိုင်ပါတယ်။ ရေခဲကို အဝတ်စ မထူမပါးထဲမှာ ထည့်လို့ ၁၅ မိနစ်ကြာအောင် ကပ်ပြီးတိုင်း ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် နားပေးပါ။

အကိုက်အခဲ‌ပျောက်ဆေးသောက်ပါ။

ပါရာစီတမော၊ NSAIDsပါတဲ့ အကိုက်အခဲ‌ပျောက်ဆေးတွေကိုလည်း ရေတို ရက်ပိုင်းလောက်သောက်ပေးနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန် ပြမလဲ …..

ခြေထောက်ကိုက်တာက အခုလို အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန် ပြဖို့ လိုပါမယ်။

  • ခြေထောက်ကိုက်တာနဲ့အတူ အဖျားပါရှိနေမယ်
  • ခြေထောက်က ရောင်နေပြီး နီရဲနေမယ်
  • အိမ်တွင်းကုထုံးတွေ လုပ်နေပေမယ့် သက်သာမလာဘူး
  • ခြေထောက်က ပြာနှမ်းမယ် ညိုပုပ်လာမယ်
  • နားနေချိန်မှာ သိပ်မကိုက်ပေမယ့် လမ်းလျှောက်တဲ့အခါ လေ့ကျင့်ခန်း လုပ်တဲ့အခါ အရမ်းနာလာမယ်။ ကိုက်လာမယ်
  • ခြေထောက်က အေးစက်ပြီး သွေးရောင်မရှိ ဖြစ်နေမယ်။

အထက်ပါ အိမ်တွင်းနည်းလမ်းတွေက ကိုက်ခဲတဲ့ ဝေဒနာကို သက်သာကောင်း သက်သာနိုင်မယ့် ဖြစ်ရတဲ့ အကြောင်းရင်းကို သက်သာစေမှာ မဟုတ်ပါ။ ဒါကြောင့် ဒီနည်းလမ်းတွေကိုပဲ အားကိုးမနေဘဲ ခြေထောက်ခဏခဏကိုက်တတ်တယ်၊ ခဏပဲ ပျောက်သွားပြီး ပြန်ပြန်ဖြစ်တယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများက
  • ပန်းသီး ရှာလကာရည်
  • နနွင်း
  • ချင်း/ ဂျင်း
  • လာဗင်ဒါဆီ
  • ကြက်သွန်ဖြူ
  • အနားယူပါ
  • ရေခဲကပ်ပါ
  • အကိုက်အခဲ‌ပျောက်ဆေးသောက်ပါ
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။