(၃) ပက်လက်အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ထားပါ
ခဏဖြစ်ဖြစ် ညအိပ်တဲ့အချိန်ဖြစ်ဖြစ် လှဲအိပ်တဲ့အခါတိုင်း ခြေထောက်ကို နှလုံးထက် ပိုမြင့်စေဖို့ ခေါင်းအုံးခုပြီး မြှင့်ထားပါ။ ဒါဆို ရောင်ရမ်းမှုပါ သက်သာစေနိုင်ပါတယ်။
ဆီ တစ်ခုခုနဲ့ နှိပ်နယ်လို ရပေမယ့် အားသိပ်မသုံးမိဖို့ သတိထားပါ။ ခပ်ဖွဖွသာ စိမ့်ဝင်အောင် နှိပ်နယ်ရမှာပါ။ အားပြင်းသွားခဲ့ရင် ရောင်ရမ်းပြီး ပုံသဏ္ဍာန်မူမမှန်ဖြစ်နေတဲ့ အဆစ်ကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။
ဥပမာ သံလွင်ဆီကို နွေးရုံလေး အပူပေးပြီး ဘူနီယွန် အဆစ်ဖု၊ ခြေချောင်းတွေနဲ့ ခြေဖဝါးအောက်ပိုင်းကို ၁၅ မိနစ်လောက် စိမ့်ဝင်အောင် နှိပ်နယ်လိမ်းပါ။ ခြေထောက်အောက်ပိုင်းနဲ့ ခြေချောင်းတွေတဝိုက် သွေးလည်ပတ်မှု ပိုကောင်းစေပြီး အဆစ်တွေ လှုပ်ရှားရ ပိုအဆင်ပြေစေပါတယ်။
(၅) သင့်တော်မယ့် ဖိနပ် ရွေးချယ်ပါ
သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကို စီးခြင်းအားဖြင့် ခြေချောင်းတွေအတွက် ဝန်ပိသက်သာစေမယ်။ ဖိနပ် အမြင့်တွေ စီးရင် ခြေထောက် အရှေ့ပိုင်းကို ဝန်ပိစေပြီး ဘူနီယွန်အပြင် တခြားပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ကျပ်တဲ့ ဖိနပ်တွေ၊ ခြေချောင်းထိပ်တွေကို စုပြီး စည်းထားတဲ့ ဖိနပ်မျိုးတွေကို ရှောင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ
များသောအားဖြင့် ဆေးသွားကုရတဲ့အထိ မလိုအပ်တတ်ပေမယ့် ဒီအခြေအနေတွေဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ် –
- ခြေမ သို့မဟုတ် ခြေထောက်နာကျင်ကိုက်ခဲမှုက လုံးဝမပျောက်ရင်(ဆက်တိုက်နာကျင်နေရင်)
- ခြေမအဆစ်မှာ အရမ်းသိသာအောင်ဖုထွက်နေရင်
- ခြေမ သို့မဟုတ် ခြေထောက်လှုပ်ရှားမှု မကောင်းတော့ရင်
- အဖုကြောင့် ဖိနပ်တွေ စီးရအဆင်မပြေတော့ရင် ဆေးကုသမှုခံယူသင့်ပါတယ်။
ဘူနီယွန် ရှိနေသူတွေဟာ အများအားဖြင့်တော့ ပုံမှန် နေထိုင်သွားလာနိုင်ပြီး တော်ရုံ သက်သာသွားတတ်ပေမယ့် သိပ်ပြင်းထန်လာရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်တာမို့ ဆေးခန်းပြတာ ကောင်းပါတယ်။