backup og meta

ဒေါက်ဖိနပ်လေးတစ်ရံရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု။

ဖက်ရှင်ကျသူ တစ်ယောက်လို့ဆိုလိုက်ရင် ခေါင်းအစ ခြေအဆုံးအကုန် ဖက်ရှင်ကျနေသူ ဖြစ်ရပါမယ်။ ခေါင်းအစ ခြေအဆုံးဆိုတော့ ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကလည်း ဖက်ရှင်ကျသူတွေအတွက် မပါမဖြစ်ပေါ့။ လှပတဲ့ ဒေါက်ဖိနပ် လေးတစ်ရံကို ဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသွားတဲ့ အပြင် ဆွဲဆောင်မှု လည်းပိုရှိသွားတယ်လို့ ထင်တတ်ကြတာ မိန်းကလေးတိုင်းပဲ။ ဒေါက်ဖိနပ် လှလှလေးတစ်ရံကအရပ်ရှည်တဲ့သူတွေကို ပိုစတိုင်ကျ လှပစေရုံသာမက ပုနေတဲ့ မိန်းကလေးတွေအတွက်ဆို မရှိမဖြစ် အကူပစ္စည်းလေးတစ်ခုပေါ့။ ပွဲတွေတက်ပြီဆိုရင်လည်း ဒေါက်ဖိနပ်လေးနဲ့မှ ပွဲမတက်ရရင် ပွဲကိုမစည်တော့ဘူး။ မိန်းကလေးတွေရဲ့ အသည်းစွဲ ဒေါက်လှလှလေး တစ်ရံကနေ ကောင်းတဲ့ဘက်ကတွေးရင်တော့လှပမှုကို ယူဆောင်ပေးတယ်ပေါ့။ မကောင်းတဲ့ ဘက်ကတွေးရင်ရော ကိုယ်ခန္ဓါ အတွက် ဘယ်လိုဆိုးကျိုးတွေရှိ လဲ ကြည့်ရအောင်။

ပင်မကျောရိုးကို ထိခိုက်ပြီး ခါးနာစေတယ်။

ဒေါက်ဖိနပ်ြမင့်မြင့်လေးတစ်ရံဝတ်ပြီး လမ်လျှောက်တဲ့ အခါ ခြေလှမ်းမှန်ပြီးချော်မလဲအောင် ခြေထောက်လေးတွေကထိန်းထားရတဲ့ အပြင် ကျောရိုး ပင်မကြီးကလည်း ဟန်ချက်ညီအောင် လိုက်ထိန်းပေးရပါတယ်။ ဒေါက်ဖိနပ်လေးတွေနဲ့ လမ်းလျှောက်တဲ့ အခါ ကိုယ်က ရှေ့ကို နဲနဲရောက်သွားပြီး ခါးကပိုကွေးသွားပါတယ်။ ထိုအခါ ကျောရိုးအောက်ပိုင်းက တင်းသွားပြီး အချိန်ကြာလာတဲ့ အခါ ခါးနာလာပါတော့တယ်။ ဒါကြောင့် ဒေါက်ဖိနပ်စီးတာများတဲ့ မိန်းကလေးအများစုမှာ အဖြစ်အများဆုံးကတော့ခါးအောက်ပိုင်းနာခြင်းပဲဖြစ်တယ်။

ဒေါက်ဖိနပ်လေးတွေကြောင့် ဒူးခေါင်းမှာရော ဘယ်လိုဖြစ်တတ်သေးလဲ။

ခါးပြီးတော့ ဆက်ဆင်းလာမယ်ဆို ဒူးခေါင်း ပေါ့နော်။ ဟန်ချက်ညီတဲ့ လမ်းလျှောက်ခြင်းမှာ အဓိက အကျဆုံးလို့ ဆိုလို့ရတဲ့ဒူးခေါင်းလေးတွေက ဒေါက်ဖိနပ်စီးလိုက်တဲ့ အခါ ပိုပြီးအားစိုက် အလုပ်လုပ်ရပါတယ်။ ဒေါက်ဖိနပ်ဝတ်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရင် ဒူးခေါင်းလေးတွေက ပုံမှန်ကွေးနေကြထက် ပိုကွေးပေးရပါတယ်။ ကြာလာတဲ့ အခါ ဒူးအရွတ်လေးတွေထိခိုက်လာပြီး ဒူးဆစ်ရောင်ကာ ဒူးနာလာပါတော့တယ်။ လေ့လာချက်များအရ ဒေါက်စီးတဲ့ မိန်းကလေး အများစု မှာ တခြားအဆစ်တွေရောင်တာထက် ဒူးဆစ်က ပိုရောင်ပြီး နာနိုင်တယ်နော်။

တင်ပါးအပေါ် ဒေါက်ဖိနပ်တစ်ရံရဲ့ သက်ရောက်မှု။

ဒေါက်ဖိနပ်တစ်ရံ စီးထားပြီဆို ကိုယ်ရဲ့ ဟန်ချက်ကလည်း လိုက်ပြောင်းပေးရပါတယ်။ ခါးလေးက မတ်သွားပြီး တင်လေးက မသိမသာ နောက်ကိုပစ်သွားပါတယ်။ ဒါ့အပြင် ပိုကွေးနေရတဲ့ ဒူးကလည်း တင်ပါးအပေါ် သွားသက်ရောက်ပြီး တင်ပါးအကြောညပ်တာတွေ ပိုဖြစ်တတ်ပါတယ်။

ခြေဖဝါးလေးတွေကို ပိုနာကျင်စေတယ်။

လမ်းလျှောက်ဖို့ အတွက် အရေးကြီးဆုံးက ခြေဖဝါးတစ်စုံပဲလေ။ ဒေါက်ဖိနပ်ဝတ်လိုက်ပြီဆိုတာနဲ့ ခြေဖဝါးလေးက အပြားလိုက်ရှိမနေတော့ဘဲ ခြေဖနောင့်လေးက ပိုမြင့်သွားပြီး ခြေချောင်းလေးတွေမှာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ အားတွေပိုစု သွားတတ်ပါတယ်။ ကြာလာတဲ့ အခါ ခြေချောင်းလေးတွေ နာလာပြီး ခြေဖနောင့်လည်းအောင့်လာပါတော့တယ်။ ဝတ်ထားတဲ့ ဒေါက်က ရှေ့အပိတ်ဆိုရင် ခြေချောင်း လေးတွေ ပွန်းပြီး အရည်ကြည်ဖုလေးတွေတောင် ပေါက်နိုင်ပါသေးတယ်။

ချော်လဲဖို့ အခွင့်အလမ်းပိုများတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်စီးထားပြီဆိုတာနဲ့ ခြေညှပ်ဖိနပ်တစ်ရံစီးထားတာထက်စာရင် ချော်လဲနိုင်ဖို့ အခွငိ့အလမ်းက ပိုများတယ်လေနော်။ ခြေဆစ်လွဲ၊ ဒူးဆစ်လွဲ၊ ခြေကျိုးလက်ကျိုးတာတွေ ပိုဖြစ်နိုင်တယ်လေ။ ဟန်ချက်ပျက်ဖို့ ကလည်းပိုလွယ် စီးထားတဲ့ ဒေါက်ကလည်း အမြင့်ဆိုတော့ ပိုချော်လဲနိုင်တာပေါ့။

တစ်ခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေလိုပဲ ခါး၊ ဒူးခေါင်း၊ ခြေထောက်လေးတွေက လည်း အနားယူဖို့ အရေးကြီးတယ်နော်။ ဒေါက်ကြီးအမြဲ စီးထားရင် သူတို့လေးတွေ အနားမရဘဲ ဒဏ်ရာတောင်ရနိုင်သေးတယ်လေ။ တစ်ခါတစ်ရံ ဒေါက်ဖိနပ်စီးတာကလွဲလို့ နေ့စဉ် အတွက်ဆို ခြေညှပ်အပါးလေးတွေကို ပဲ ပိုရွေးချယ်သင့်တယ်နော်။ ဒေါက်စီးမယ်ဆိုရင်လည်း ကိုယ်နဲ့ကိုက်ညီတဲ့ အမြင့်၊ သင့်တော်တဲ့ size ကို ရွေးချယ်တတ်ဖို့ကလည်း လိုအပ်တယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 5 Unhealthy Side Effects Of Wearing High Heelshttps://www.simplemost.com/unhealthy-side-effects-of-wearing-high-heels/ Accessed date 23.8.2018

5 Adverse Effects When Wearing High Heelshttps://hellodoktor.com/healthy-living/5-adverse-effects-wearing-high-heels/ Accessed date 23.8.2018

ယခုပုံစံ

20/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement