အောက်ပါတို့ဖြစ်နေပါက ဆရာဝန်ပြသင့်ပါတယ်။
- ခံတွင်း၌အရသာဆိုးများရှိခြင်း
- အာခြောက်ခြင်း
- ခံတွင်းနာကျင်ခြင်း
- မျက်နှာတွင် အဖုအကျိတ်များထွက်နေခြင်း
- ပါးစပ်ဖွင့်ရခက်ခဲခြင်း
အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် မေးမြန်းစရာတွေရှိနေယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာသင့်တော်လဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Salivary gland problems (တံတွေးဂလင်းပြဿနာများ) ကိုဘာတွေကဖြစ်စေသလဲ
လူတစ်ယောက်မှာ မေးရိုးထောင့်၊ မေးရိုးအောက်နဲ့ လျာအောက်ဆိုပြီး တံတွေးဂလင်း၃စုံရှိပါတယ်။ ယင်းဂလင်းတွေက တံတွေးထုတ်ပေးပါတယ်။ အဖြစ်များဆုံးကတော့ တံတွေးဂလင်းပိတ်တာပါပဲ ရောဂါလက္ခဏာတွေက နာကျင်မှုတွေဖြစ်ပါတယ်။
တံတွေးဂလင်းကျောက်တည်ခြင်းနဲ့ တံတွေးဂလင်းရောင်ခြင်းတို့လည်း ရှိနိုင်ပါတယ်။ ကျောက်တည်တာကတော့ ကယ်ဆီယမ်တွေ အနည်းကျပြီးဖြစ်တာပါ။ ယင်းကျောက်တွေက ဂလင်းကို တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြီးအပိုင်ပိတ်လိုက်ပြီး တံတွေးမထွက်နိုင်တော့ပါ။
တံတွေးဂလင်းရောင်ခြင်းက တံတွေးဂလင်းပိုးဝင်ခြင်းပါပဲ။ ကျောက်တွေပိတ်လို့ဖြစ်တာ များပါတယ်။ Staph နဲ့ Strep ပိုးမွှေးတွေကြောင့်ပါ။ အသက်အလွန်ကြီးနဲ့ အလွန်ငယ်သော သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
Sjogren’s syndrome ကလည်း အဖြစ်များတဲ့ တံတွေးဂလင်းပြဿနာတစ်ခုပါပဲ။ သွေးဖြူဥတွေက တံတွေးဂလင်း၊ ချွေးဂလင်းနဲ့ အဆီဂလင်းတွေလိုမျိုး အစိုဓါတ်ထုတ်ပေးတဲ့ ဂလင်းတွေကို တိုက်ခိုက်သောကြောင့်ရတဲ့ ရောဂါဖြစ်ပါတယ်။ Lupus လိုမျိုး မိမိပဋိပစ္စည်းတွေက မိမိကိုယ်ကို ပြန်တိုက်ခိုက်သောရောဂါရှိသည့် မိန်းမတွေမှာ အဖြစ်များဆုံးပါ။
အောက်ပါဗိုင်းရပ်စ်ပိုးတွေကလည်း တံတွေးဂလင်းကို သက်ရောက်မှုတွေရှိပါတယ်။
- တုပ်ကွေးပိုး
- ပါးချိတ်ရောင်ပိုး
- ကောက်စကီးဝမ်းရောဂါပိုး
- အက်ခိုးဝမ်းရောဂါပိုး
- တံတွေးဂလင်းကိုတိုက်ခိုက်သော ရေယုန်ပိုး
တံတွေးဂလင်းတွေမှာ ကင်ဆာနှင့် ကင်ဆာမဟုတ်သော အကျိတ်များလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ကင်ဆာအကျိတ်ကတော့ ဖြစ်တာရှားပါတယ်။ Cedars-Sinai အရ အသက်၅၀နဲ့ ၆၀၀န်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။
ကင်ဆာမဟုတ်သော အကျိတ်တွေကတော့ ပုံစံပြောင်းအကျိတ်နဲ့ Warthin’s tumors တို့ပဲ ဖြစ်ပါတယ်။
ကင်ဆာမဟုတ်သော အကျိတ်များကို မေးရိုးအောက်တံတွေးဂလင်းနဲ့ တံတွေးဂလင်းအသေးစားတွေမှာ တွေ့ရနိုင်ပါသေးတယ်။ ဒါပေမယ့် ရှားပါတယ်။
ရောဂါရှာဖွေကုသခြင်း
ဖော်ပြပါအကြောင်းအရာသည် ဆေးပညာအကြံဉာဏ်များအတွက် အစားထိုးမဟုတ်ပါ။ သိရှိလိုသည်များအတွက် အမြဲတစေဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Salivary gland problems (တံတွေးဂလင်းပြဿနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးမှတ်တမ်းတွေနဲ့ ကိုယ်ယာယစစ်ဆေးမှုတွေအပေါ် မူတည်ပြီး ရောဂါရှာဖွေစမ်းသပ်တွေ ပြုလုပ်ဖို့ ဆရာဝန်တွေ အကြံပြုပါလိမ့်မယ်။ အချို့အခြေအနေတွေက ဆေးမှတ်တမ်းတွေနဲ့ ကိုယ်ကာယစစ်ဆေးမှုတွေကနေ သိသိသာသာတွေ့ရှိနိုင်ပါတယ်။ ထိုသို့ဖြစ်နေပြီဆိုရင်တော့ ရောဂါရှာဖွေစမ်းသပ်မှုတွေ လိုမှာမဟုတ်ပါဘူး။ တံတွေးဂလင်းပိတ်နေပြီဆိုရင် ဘာကပိတ်စေလဲဆိုတာ ရှာပါလိမ့်မယ်။ ရောဂါဖြစ်နေတဲ့ နေရာကို သွားဓါတ်မှန်ရိုက်ခြင်းက ဘယ်နေရာမှာ ပိတ်နေတယ်ဆိုတာသိဖို့ ကူညီပေးနိုင်ပါတယ်။ တံတွေးဂလင်းအပေါက်တွေကို ထုံဆေးသုံးပြီး ပိတ်နေတဲ့အရာတွေကို ဖယ်ရှားပေးပါလိမ့်မယ်။
ပိုအသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ MRI နဲ့ စီတီစကင်တို့ကို အသုံးပြုနိုင်ပါတယ်။
မိမိကိုယ်ကို မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သောရောဂါ ရှိနေမယ်လို့ သံသယရှိမယ်ဆိုရင် အသားစယူပြီးတော့လည်း စစ်ဆေးမှာပါ။
Salivary gland problems (တံတွေးဂလင်းပြဿနာများ) ကို ဘယ်လိုကုသပါသလဲ
ကုသမှုကတော့ ရောဂါအခြေအနေနဲ့ ဘယ်လောက်ထိဖြစ်နေပြီလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာအားဖြင့် တံတွေးဂလင်းမှာ အဆိုင်အခဲတစ်ခုရှိပြီဆိုရင် ခွဲစိတ်ဖယ်ထုတ်ပြစ်ပါလိမ့်မယ်။ ယင်အစိုင်အခဲက ကင်ဆာဖြစ်နေမယ်ဆိုရင် ကင်ဆာဆဲလ်တွေသေအောင် ဓါတ်ရောင်ခြည်ပြစ်ဖို့ လိုအပ်နိုင်ပါတယ်။ ပြန်လည်ကောင်းမွန်ဖို့ အချိန်မရမချင်း ကုသမှုကို စတင်မှာမဟုတ်ပါဘူး။
ယင်းအချိန်က ခွဲစိတ်ပြီးနောက် ၄ပတ်ကနေ ၆ပတ်အထိဖြစ်ပါတယ်။
လည်ပင်းကို ဓါတ်ကင်တာက နေရထိုင်ရမသက်သာစေသလို အစာမကျေလည်း ဖြစ်စေတတ်ပါတယ်။ ဆရာဝန်က ရေများများသောက်ပေးဖို့ ဆိုဒီယမ်များတဲ့ အစားအစာတွေ ရှောင်ဖို့ ပြောပါလိမ့်မယ်။
တံတွေးဂလင်းရှိ အစိုင်အခဲက ကင်ဆာမဟုတ်ဘူးဆိုရင်တော့ ဓါတ်ကင်ဖို့ လိုမှာမဟုတ်ပါဘူ။ လက္ခဏာမပြတဲ့ အကျိတ်အဖုတွေကိုတော့ ရိုးရိုးနည်းလမ်းတွေဖြင့် ကုသနိုင်ပါတယ်။ ယင်းနည်းလမ်းတွေမှာတော့ အာခြောက်ခြင်းသက်သာစေဖို့ ပလုတ်ကျင်းရည်ဖြင့် ပလုတ်ကျင်းခြင်း ပါဝင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
တံတွေးဂလင်းပြဿနာတွေရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
သွားတွေဂရုစိုက်ပေးဖို့က တံတွေးဂလင်းကုသမှုအောင်မြင်ဖို့ အဓိကအရေးကြီးပါတယ်။ တစ်နေ့အနည်းဆုံး ၂ကြိမ် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးအသုံးပြုခြင်းတို့က တံတွေးဂလင်းပြဿနာတွေနဲ့ သွားပိုးစားခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ရေတစ်ခွက်ကို ဆားလက်ဖက်ရည်ဇွန်း ၁/၂ဇွန်းထည့်ဖျော်ထားသော ဆားရည်ဖြင့်လည်း ပလုတ်ကျင်းနိုင်ပါတယ်။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းကို နားလည်သိရှိနိုင်စေရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။